CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, November 29, 2013
မြန်မာရွှေ့ပြောင်း ကျောင်းသူ နှစ်ဦးအား ကျောင်းအုပ်ဖြစ်သူက အဓမ္မပြုကျင့်
ထိုင်း- မြန်မာနယ်စပ်မဲဆောက်မြို့တွင်အသက်၁၂နှစ်အရွယ် မြန်မာရွှေ့ ပြောင်းကျောင်းသူလေး နှစ်ဦး
အား သွေးဆောင် ဖြားယောင်ခြိမ်း ခြောက်ပြီး သားမယားပြုကျင့်ခဲ့ သောအမှု တစ်ခု ပေါ်ပေါက်ခဲ့ ကြောင်း သိရ သည်။ ပြစ်မှုကျူးလွန် သူမှာ စော ဒေးဗစ်ခေါ် ဒေးဗစ်မင်းနိုင်ဖြစ်ပြီး မိဘမဲ့ကလေးများအတွက် ဖွင့်လှစ် ထားသည့် အာကာဘေကျောင်းကို စတင်တည်ထောင်ခဲ့သူဖြစ်ပြီး လက် ရှိတွင် အာကာဘေကျောင်း၏ ကျောင်းအုပ်ဖြစ်ကြောင်း သိရ သည်။
အမှုဖြစ်ပွားပုံ မှာ စောဒေး ဗစ်က ညစဉ်ညတိုင်း အဆောင်နေ ကျောင်းသူလေးများကို အလှည့် ကျခေါ်ပြီး မိမိအား နှိပ်နယ်ပေး ရန် ခေါ်ယူရာမှ ယခုပြစ်မှုကို ကျူး လွန်ခဲ့ကြောင်း၊ လွန်ခဲ့သော တစ် နှစ်ကတည်းက ကျောင်းသူများ အပေါ် အကြောက် တရားဖြင့် လွှမ်းမိုးထားပြီး မိဘမဲ့ကလေးဖြစ် သည်ကို အခွင့်ကောင်းယူကာ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခု အမှု ပေါ်ပေါက် လာရခြင်းမှာ ကျူးလွန်ခံရသူကျောင်းသူမှတစ် ဆင့် သိရှိရခြင်းဖြစ်ပြီး ကျူးလွန် ခံရသူ ကျောင်းသူ နှစ်ဦးအား ဆေး စစ်ချက်ရယူ အတည်ပြုနိုင်ခဲ့ပြီဖြစ် ကြောင်း၊ အဆိုပါဆေးစစ်ချက်နှင့် ကျူးလွန်ခံရသူ ကျောင်းသူနှစ်ဦး အား သက်သေပြုပြီး မဲဆောက် အခြေစိုက် ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကော် မတီမှ မဲဆောက်မြို့နယ် ရဲစခန်း တွင် တရားလိုပြုပြီး အမှုဖွင့် တိုင် ကြားထားပြီဖြစ်ကြောင်း သိရ သည်။
ယခုအခါ တရားခံဖြစ်သူ စောဒေးဗစ်မှာ မြန်မာပြည်တွင်း သို့ ထွက်ပြေးတိမ်းရှောင်သွားသော ကြောင့် ထိုင်းမှုခင်းရဲမှ ဖမ်းဝရမ်း ထုတ်ထားပြီဖြစ်ကြောင်း၊ မြန်မာ ပြည်တွင်းသို့ ထွက်ပြေးတိမ်းရှောင် သူ တရားခံ စောဒေးဗစ်နှင့်အတူ ဇနီးနှင့် အသက် ငါးနှစ် ခန့်ရှိ သမီး တစ်ဦးပါသွားကြောင်း သိရသည်။ အာကာဘေကျောင်းကို ၂၀၀၆ ခုနှစ်တွင် ယခုပြစ်မှုကျူးလွန် သူကျောင်းအုပ်ဆရာ ဒေးဗစ်မင်းနိုင် မှ ဦးဆောင်၍ ဖွင့်လှစ်ခဲ့ကြောင်း၊ တက်ရောက်နေကြသော ကျောင်း သားအများ စုမှာ မဲဆောက်နှင့် မြဝတီကြား သောင်ရင်းမြစ် လယ်ရှိ ရေလယ်ကျွန်းမှဖြစ်ပြီး သောင်ရင်း မြစ်ကမ်းဘေး တစ်လျှောက်နေ ထိုင်ကြသော အိမ်ခြေရာမဲ့ကလေး အများစုဖြစ်ကြောင်း၊ လက်ရှိ ကျောင်းသားဦးရေမှာ ၂ဝဝကျော် ရှိပြီး အဆောင်နေ ကျောင်းသား ၁ဝဝနီးပါးရှိကြောင်း၊ အဆောင် နေ တချို့ကလေးအများစုမှာ မိဘမဲ့များဖြစ်ပြီး ယခင်က တံတား ပတ်ဝန်းကျင်နှင့် ရေလယ်ကျွန်း တစ်ဝိုက်တွင် ဖြစ်သလို နေထိုင် ကြပြီး မိမိတို့ရရာအလုပ်ကို လုပ် ကိုင်ကြရသူများဖြစ်ကြောင်း သိရ သည်။
မွန်ကြီး
The Yangon Times
မြန်မာရွှေ့ပြောင်း ကျောင်းသူ နှစ်ဦးအား ကျောင်းအုပ်ဖြစ်သူက အဓမ္မပြုကျင့်
Reviewed by VC
on
November 29, 2013
Rating: 5
Reviewed by VC
on
November 29, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment