Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 28, 2013

ရွှေဂုံရိပ်မွန်အိမ်ရာမှကျူရှင်ဆရာတယောက်အကြောင်း




ရွှေဂုံရိပ်မွန်အိမ်ရာတွင်စာသင်နေသောကျူရှင်ဆရာတယောက်သည်စာအသင်အပြကောင်းသည်ဟု ကြားသော်ငြားလည်း တပည့်များအပေါ်မညှာမတာ ရိုက်နှက်ဆုံးမတတ် သည်ဟုလည်းကြားသိရသည်။ အသိတယောက်၏ ပြောပြချက်အရ သူ၏တူမလေးဖြစ်သူ (၁၀) တန်းကျောင်းသူကို စာမရ၍ဟူသည့် အကြောင်းပြချက်ဖြင့်ပေါင်ကို (၅) ချက်ရိုက်လိုက်သည်။ တနေရာထဲကိုရိုက်သည့်အရှိန်ဖြင့် သူ၏တူမလေးမှာ လမ်းလျှောက်လျှင်ထော့နဲ့ ထော့နဲ့ ဖြစ်နေရှာသည်။ ကျူရှင်သွားရမည့်အချိန်ရောက်သောအခါ သူ၏တူမလေးမှာ ကျူရှင်သွားရန်ကြောက်ပီး ကျူရှင်မတက်ပါရစေနှင့်ဟု ပြောတော့မှမေးသောအခါမှ သူအရိုက်ခံထားရသည်ကို အိမ်ကလူကြီးများကိုပြသည်။ ထိုအခါမှ အရိုက်ခံရသောနေရာမှာ အညိုအမဲစွဲ၍ ရောင်နေသည်ကိုတွေ့ရှိရသည်။ စာဖတ်သူများအောက်တွင်ပါသောပုံကိုကြည့်၍ သိနိုင်ပါသည်။ ၁၀ တန်းစာမေးပွဲဖြေရန်အချိန်နီးကပ်နေသော ကျောင်းသူတယောက်ကို ထိုကဲ့သို့ပြုမူခြင်းမှာ စိတ်ဒဏ်ရာရသွားနိုင်သည်ကို ထိုဆရာမသိခြင်းပင်လော။ ကျောင်းသား / သူ များ၏ မိဘများချင့်ချိန်စဉ်းစား၍ ဆရာအရွေးမမှားစေရန် စေတနာဖြင့်တင်ပြလိုက်ခြင်းဖြစ်ပါသည်။

မန်ဘာတဦးပေးပို့လာတာပါ)
credit by (P& H)

https://www.facebook.com/photo.php?fbid=682112648489067&set=a.602914413075558.1073741828.602908709742795&type=1&theater

No comments:

Post a Comment