Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 5, 2013

ကျွန်တော်တို့ကျောင်းလေးရေနစ်နေပါတယ်


ပဲခူးတိုင်း မိုးညိုမြို့နယ် ရွာသာယာအုပ်စု ရှေ့ပြေးကျေးရွာရှိ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းသည်ရေကြီးရေလျှံခြင်း၊ စာသင်ခုံနှင့်သင်ထောက်ကူပစ္စည်းများ မရှိခြင်း၊ ဆရာဆရာမ မလုံလောက်ခြင်းများကြောင့် ပညာသင်ကြားရေး ခက်ခဲနေသည်ဟု ဒေသခံကျေးရွာသားများက ပြောကြားခဲ့သည်။

စက်တင်ဘာ(၁၈)ရက်နေ့တွင်မိုးညိုမြို့နယ် မြောက်လွတ်ကုန်းအုပ်စုအင်းရွာမှ ရေကာတာကျိုးပေါက်ပြီး ရေလွမ်းမိုးခဲ့သဖြင့် ယခုအချိန်တွင် အဆိုပါကျောင်းမှကျောင်းသား/သူများကို ဇွဲမာန်အောင်စံပြထုတ်လုပ်ရေး သမ၀ါယမအသင်းလိမိတက်အဆောက်အဦးသို့ ပြောင်းရွှေ့ ပညာသင်ကြားပေးလျက်ရှိသည်ဟု ဒေသခံတစ်ဦးဖြစ်သူကိုဝင်းကိုက ပြောပါသည်။

စာသင်ကျောင်းမှာ အလျားပေ(၄၀)အနံပေ(၂၀)သပ်ကယ်မိုးထရံကာမြေစိုက်ဖြစ်ပြီး သင်ထောက်ကူပစ္စည်းများအနေဖြင့် စားပွဲတစ်လုံးနှင့် ခုံတန်းရှည်သုံးလုံးသာရှိသဖြင့် ကျောင်းသားကလေးများမှာ မြေကြီး ပေါ်တွင်ထိုင်ပြီး ပညာသင်ယူရသည်ဟုလည်း ၄င်းကပြောသည်။

“ကြမ်းခင်းမရှိဘူး။ ဘူမိကမ္ဗလာမြေမွေ့ရာနဲ့စာသင်ရတဲ့ကျောင်းလေးဖြစ်ပါတယ်” ဟု သူက ဆိုသည်။

ကျောင်းကို ၁၉၉၆ခုနှစ်တွင် ကျေးရွာက ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ကျောင်းဆရာတစ်ဦးကို လေးသောင်းကျပ်ဖြင့် ငှားရမ်းပညာသင်ခဲ့ရသည်ဟု သိရပါသည်။

ကျောင်းသူကျောင်းသား အရေအတွက်
သူငယ်တန်း(၂၅)ယောက်၊
ပထမတန်း(၁၂)ယောက်၊
ဒုတိယတန်း(၅) ယောက်၊
တတိယတန်း(၄)ယောက်၊
စတုတ္ထတန်း(၅)ယောက်
စုစုပေါင်းကျောင်းသား/သူ(၅၁) ယောက်

၂၀၀၉ တွင် အစိုးရက ကျာင်းဆရာနှစ်ဦး ခန့်အပ်ခဲ့သော်လည်း ၂၀၁၀၊ ၂၀၁၃ တို့တွင် ထိုနှစ်ဦးလုံးပြောင်းရွှေ့သွားခဲ့ကြောင်း၊ ယခုအခါမြို့နယ်ပညာရေးမှူး၏ စီစဉ်ပေးမှုဖြင့် အခြားကျောင်းများမှဆရာဆရာမများက အလှည့်ကျ လာရောက်ပညာသင်ကြားပေးကြောင်း ကျေးရွာရွာမိရွာဖဦးမြင့်အေးထံမှသိရပါသည်။ 
Credit: Irrawaddy blog

No comments:

Post a Comment