Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 26, 2013

ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး သြစတြေးလျနိုင်ငံ ခရီးစဉ်စတင်





အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သတင်းတစ်ပတ်ကြာမြင့်မယ့် သြစတြေးလျနိုင်ငံ ခရီးစဉ်အတွက် ဒီနေ့ ရန်ကုန်မြို့ကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံကောင်းကျိုးအတွက် အဲဒီနိုင်ငံက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ အခုခရီးစဉ်မှာ ပါဝင်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ပြောပါတယ်။

“ဒါတွေက သူ့ကိုဒုက္ခတွေရောက်တဲ့ချိန်ခါတုန်းက အများကြီးအထောက်အပံ့ပေးတဲ့ နိုင်ငံတွေပေါ့၊ ကာယအားဖြင့် ဥာဏအားဖြင့် ကူညီတဲ့နိုင်ငံတွေရှိတယ်လေ၊ ဒါကတော့ သြစတြေးလျကလည်း တစ်ကြိမ်တုန်းက အများကြီးပဲ ကူညီတယ်၊ ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်ချက်နဲ့ ပတ်သက်လို့ပေါ့၊ အထူးသဖြင့် ပညာရေးနဲ့ ပတ်သက်တဲ့ဘွဲ့တွေရော အဲဒါတွေနဲ့ ပတ်သက်ပြီး ကျေးဇူးပြုတဲ့အနေနဲ့သွားတာပဲ၊ ဒီ့ပြင်လည်း တာဝန်ဝတ္တရားတွေနဲ့ ပတ်သက်ပြီး ဟိုမှာရှိတဲ့ခေါင်းဆောင်တွေနဲ့ ဒီတိုင်းပြည်အတွက် အကျိုးရှိရာ၊ အကျိုးရှိကြောင်း ဆွေးနွေးဖို့လည်း သွားတာပေါ့”

ဒေါ်အောင်ဆန်းစုကြည်ဟာ Sydney မြို့က Sydney Opera House မှာ တက္ကသိုလ်သုံးခုကပြုလုပ်မယ့် ဘွဲ့နှင်းသဘင်အခမ်းအနားမှာ မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

အဲဒီနောက် ကင်ဘာရာမြို့ကို ခရီးဆက်မှာဖြစ်ပြီး သြစတြေးလျနိုင်ငံဝန်ကြီးချုပ် တိုနီအက်ဘော့၊ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘိရှော့တို့နဲ့လည်း တွေ့ ဆုံမှာဖြစ်ပြီး သြစတြေးလျလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ ဆုံမယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ANU သြစတြေးလျ အမျိုးသားတက္ကသိုလ်နဲ့ Monash တက္ကသိုလ်တို့က တာဝန်ရှိသူတွေနဲ့ ပညာရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ခရီးစဉ်အတွင်း သြစတြေးလျှနိုင်ငံရောက် မြန်မာမိသားစုတွေနဲ့ တွေ့ ဆုံသွားမှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့ မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

 
မြန်မာ့ဒီမိုကရေစီနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် Australia နိုင်ငံ Sydney မြို့သို့ နိုဝင်ဘာလ (၂၇) ရက်နေ့တွင်ရောက်ရှိပြီး ဆစ်ဒနီမြို့ရှိ မြန်မာတိုင်းရင်းသားမိသားစုများနှင့် Sydney Opera House တွင် ညနေ ၃း၀၀ နာရီ၌ တွေ့ဆုံပါမည်။

ပြီးလျှင်.. ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်မည့် University of Sydney နှင့် UTS တက္ကသိုလ်များမှ ဆုချီးမြှင့်ဂုဏ်ပြုခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပါလိမ့်မည်။

အထက်ပါ အခမ်းအနား ၂ ရပ်စလုံးတွင် မြန်မာတိုင်းရင်းသားမိသားစုများ ပါဝင်နိုင်မည်ဖြစ်ပြီး၊ http://youtu.be/Hrr79diHyFc မှနေ၍ တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

D-Wave

No comments:

Post a Comment