CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, November 30, 2013
ဘရတ်ပစ်တ်ကိုမိမိ၏ဇာတ်ရုပ်တွင်သရုပ်ဆောင်စေလိုဟု ဘက်ဟမ်းဆို
ကမ္ဘာ့ဘောလုံးလောက၏ အထင်ကရ ကြယ်တစ်ပွင့် ဖြစ်ခဲ့ဖူးသည့် အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်းက မိမိ၏ ဘဝကို သရုပ်ဖော်သော ရုပ်ရှင်တစ်ခု ရိုက်ကူးဖြစ်ပါက ပစ်တ်ထက် ပိုမိုသင့်တော်သူ မမြင်မိဟု ထောက်ခံခဲ့ခြင်း ဖြစ်သည်။
ဘရတ်ပစ်တ်ကို မိမိ၏ဇာတ်ရုပ်တွင် သရုပ်ဆောင်စေလိုဟု ဘက်ဟမ်းဆိုမိမိ၏ အကြောင်းကို ရုပ်ရှင် ရိုက်ကူးပါက မင်းသားနေရာအတွက်ဘရတ်ပစ်တ် ကို ထောက်ခံ လိုကြောင်း ဒေး ဗစ်ဘက်ဟမ်း က ပြော ကြား လိုက်သည်။ ကမ္ဘာ့ဘောလုံးလောက၏ အထင်ကရ ကြယ်တစ် ပွင့် ဖြစ်ခဲ့ဖူးသည့် အင်္ဂလန် လက်ရွေး စင် အသင်းခေါင်းဆောင်ဟောင်းက မိမိ၏ ဘဝကို သရုပ်ဖော်သော ရုပ်ရှင်တစ်ခု ရိုက်ကူးဖြစ်ပါက ပစ်တ် ထက် ပိုမိုသင့်တော်သူ မမြင်မိဟု ထောက်ခံခဲ့ခြင်း ဖြစ် သည်။ ဘောလုံးကစားခြင်းမှ အနားယူခဲ့ပြီဖြစ်သော ဘက်ဟမ်းသည် ဟောလီးဝုဒ် နာမည်ကျော်မင်းသား ပစ်တ်၏ အခိုင်အမာ ပရိသတ် တစ်ဦး လည်း ဖြစ် သည်။ ၎င်းက မိမိနေရာအတွက် သရုပ်ဆောင်နေသော ပစ်တ်ကို တွေ့မြင်လိုကြောင်း ဖွင့်ဟခဲ့သည်။
TalkSport၏ ရေဒီယို အစီအစဉ်တွင် ၎င်း၏အကြောင်း ရုပ်ရှင်ရိုက်ဖြစ်ပါက မည်သည့်မင်းသားကို ရွေးချယ်လိုကြောင်း မေးမြန်းရာ ဘက်ဟမ်းက “ပစ်တ်က မဖြစ်မနေ ရွေးရမယ့်သူပဲဗျ။ ကျွန်တော့် ဇာတ်ရုပ်မှာ သူ့ကိုပဲ သရုပ်ဆောင်စေချင်တယ်။ နောက်တစ်ယောက် မဖြစ်မနေ ရွေးဆိုရင်တော့ လီယိုနာဒို ဒစ်ကာပရီယိုနဲ့ ဘရက်ဒ်လေ ကူးပါးတို့ထဲက တစ်ယောက်ယောက်ပေါ့လေ။ သူတို့အားလုံး ခပ်ဖြောင့်ဖြောင့်တွေချည်းပဲ မဟုတ်လား”ဟု ရယ်ရယ်မောမော တုံ့ပြန် ဖြေဆိုသွားသည်။
အသက်(၃၈)နှစ်ရှိ ဘက်ဟမ်းသည် ဘောလုံးကျွမ်းကျင်မှုအပြင် လူမှုဘဝပုံရိပ်ကြောင့်ပါ နာမည်ကျော်သော ကြယ်တစ်ပွင့် ဖြစ်ခဲ့သည်။ ဘက်ဟမ်းသည် အားကစားနယ်ပယ်မှ အနားယူခဲ့သော်လည်း ခန္ဓာကိုယ် ကျစ်လစ်ကြံ့ခိုင်မှုကို ဆက်ထိန်းထားဆဲ ဖြစ်သည်။ ယင်းနှင့်ပတ်သက်ပြီးလည်း ၎င်းက “ကျွန်တော့်ဇနီး ဗစ်တိုးရီးယားက ကျွန်တော့်ခါး အရွယ်အစားကို ခဏခဏ တိုင်းကြည့်နေရတာ အမောပဲဗျ။ ကံကောင်းပါတယ်။ ခုထိ ကျွန်တော် ပုံမပျက်သေးဘူး”ဟုလည်း အရွှမ်းဖောက်သွားသည်။
ဘရတ်ပစ်တ်ကိုမိမိ၏ဇာတ်ရုပ်တွင်သရုပ်ဆောင်စေလိုဟု ဘက်ဟမ်းဆို
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 30, 2013
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 30, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment