Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 9, 2013

သမိုင်းဝင် ရှမ်းနီ မြို့ဟောင်းများကို ကုလကိုယ်စားလှယ်များသွားကြည့်မည်


Saturday, November 9, 2013

သမိုင်းဝင် ရှမ်းနီ မြို့ဟောင်းများကို ကုလကိုယ်စားလှယ်များသွားရော
က်ကြည့်ရူရန်စိတ်ဝင်စား ပြီး နောက်တစ်ကြိမ်ပြန်လာကြည့်ရူမည်ဟုပြောကြားသွားကြောင်း နိုဝင်ဘာလ ၄ ရက်နေ့က ရှမ်းနီပါတီနှင့် ကုလကိုစားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားတို့ တွေ့ဆုံစဉ်ထိုသို့ပြောကြားခဲ့ကြောင်းသိရသည်။

'' မိုးကောင်းမြို့ဟောင်း တွေကိုလိုက်ကြည့်ချင်တယ်။ ကြည့်လို့ရမလားလို့ပြောတယ်။ တစ်ချို့မြို့ဟောင်းတွေက ကေအိုင်အေထိန်းချုပ်နယ်မြေထဲမှာဆိုတော့မရသေးဘူးလို့ပြောတော့။ နောက်ကို ပြန်လာကြည့်မယ်လို့ပြောသွားတယ်။ " ဟု မိုးညှင်းမြို့နယ် ရှမ်းနီပါတီ ဗဟိုကော်မတီဝင် ဦးကျော်ထွေးကပြောကြားသည်။

မိုးကောင်းမြို့ဟောင်းများသည် ရှမ်းနီလူမျိုးတို့၏ အရေးကြီးဆုံးသမိုင်းဝင်မြို့ဟောင်းများဖြစ်ကြပြီး မိုးကောင်းခေတ်သို့မဟုတ် ဗုံနိုင်ငံ အဖြစ်ပင် ကမ္ဘာ့နိုင်ငံသမိုင်းများတွင် မှတ်တမ်းတင်ခြင်းခံခဲ့ရသည်။
အင်းဝခေတ်တွင် မြန်မာနိုင်ငံအားသိမ်းပိုက်စိုးစံခဲ့သော အင်းဝဘုရင် သိုဟန်ဘွား၏ ဖခင် စ၀်လုံသည် မိုးညှင်းမင်းတရားအမည်ကို ခံယူပြီး မိုးကောင်းမြို့တွင် နန်းစိုက်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများတွင်ဖော်ပြထားသည်။

မိုးကောင်းမြို့ဟောင်း သုံးခုရှိပြီး တတိယမြို့ဟောင်းနေရာသည် ယခု မိုးကောင်းမြို့နှင့် ၈ မိုင်အကွာတွင်တည်ရှိပြီး စေတီပျက်များနှင့် မြို့ရိုးများကျန်ရှိနေဆဲဖြစ်သည်။

ရှမ်းနီသတင်းဌာန

ဓာတ်ပုံ = တတိယမိုးကောင်းမြို့ဟောင်းမှတွေ့ရသော စေတီပျက်တစ်ဆူ

No comments:

Post a Comment