Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 28, 2013

လူသတ်တရားခံအား အပူတပြင်း လိုက်လံ စုံစမ်းလျက်ရှိ


မန္တလေးမြို့၊ နိုဝင်ဘာ ၂၇

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အနောက်ရပ်ကွက် စိန်ပေါင်းရပ် အိမ်အမှတ် ၄၈၅ /၃ တွင် နိုဝင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီ ခန့်က နှစ်လောင်းပြိုင် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါနှစ်လောင်းပြိုင်လူသတ်မှုတွင် ကိုမြင့်သိန်း(ဘ)……သည် ဓါးဒဏ်ရာဖြင့် အဆိုပါအိမ်တွင်လဲကျသေဆုံးနေပြီး ကျန်းတစ်ဦးမှာ ပေတိုး(ခ) ဇော်ဇော်လတ် သည် ဓါးဒဏ်... ရာ(၁၀)ချက် ဖြင့် အိမ်အပြင်ဘက်တွင်လဲကျနေ၍ သက်ဆိုင်ရာတာဝန်ရှိသူများ က ဆေးရုံသို့ပို့ဆောင်စဉ် လမ်းတွင်သေဆုံးသွားခဲ့ကြောင်းသိရသည်။

ရပ်ကွက်နေပြည်သူများ၏ ပြောကြားချက်အရ အခင်းဖြစ်ချိန်တွင် မသင်္ကာဖွယ်ရာ လူနှစ်ယောက် ဖြစ်၍ ဆိုင်ကယ်စီးလျက်ထွက်ခွာ သွားကြောင်းသိရသည်။ အဆိုပါ လူသတ်မှု ကျူးလွန်သူများကို သက်ဆိုင်ရာ ရဲစခန်းက အပူတပြင်း လိုက်လံ စုံစမ်းလျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment