CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, November 21, 2013
ကိုဘိုဘိုထွန်းအား ရန်ကုန်သို့ ယူဆောင်
၂၀ နိုဝင်္ဘာလ ၂၀၁၃
နိုဝင်္ဘာလ ၁၅ ရက်နေ့ ညဥ့် ၁၂ နာရီ အချိန်တွင် ဖမ်းဆီး ခေါ်ဆောင်ခံခဲ့ရသော ကိုဘိုဘိုထွန်းအား ယမန်နေ့ လေယာဉ်ဖြင့် စစ်တွေမှ ရန်ကုန်သို့ အာဏာပိုင်များက ခ်ါဆောင်သွားခဲ့သည်ဟု သိရသည်။
ကိုဘိုဘိုထွန်းအား နိုဝင်္ဘာလ ၁၅ ရက်နေ့ ညဥ့်အချိန်တွင် ဖမ်းဆီးပြီး မနေ့က ရန်ကုန်သို့ ယူဆောင်သွားကြောင်းကို သူ၏ ညီမ ဖြစ်သူ မခင်ငြိမ်းဝေက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။
“ကျွန်မတို့က မနေ့ကမှ ကျွန်မ အစ်ကိုနဲ့ အဆက်အသွယ်ရတာပါ။ ကျွန်မ အစ်ကိုကို ရန်ကုန်ကို မခေါ်သွားခင်မှ အကြောင်းကြားလာတဲ့ အတွက် အဆက်အသွယ်ရတာပါ။ ၁၅ ရက်နေ့ ညဥ့် ၁၂ နာခွဲမှာ ဖမ်းသွားပြီးကတည်းက အဆက်အသွယ် မရခဲ့ပါ” ဟု သူမက ပြောသည်။
ကိုဘိုဘိုထွန်းတို့အိမ်မှာ တရားသီးစု ရပ်ကွက်၊ ဦးရဲကျော်သူလမ်းတွင် ရှိပြီး ဖမ်းဆီး ခံရပုံနှင့် ပတ်သက်ပြီးလည်း သူမက ယခုလို ဆက်ပြောသည်။
“ ကျွန်မတို့အိမ်ကို ပထမဆုံး အရပ်ဝတ်နဲ့ လူတစ်ယောက် ၀င်လာပါတယ်။ နောက်ထပ် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းလှ လိုက်ဝင်လာတယ်။ ဧည့်စာရင်း စစ်မယ်လို့ ပြောတယ်။ အိမ်ပေါ်ကို ခေါ်တင်တော့ ကျွန်မ အစ်ကို ကိုဘိုဘိုထွန်းနဲ့ တွေ့တာနဲ့ ချက်ချင်း လက်ထိပ်ခတ်တယ်။ ကျွန်မတို့က ဘာကြောင့် ဖမ်းသလဲဆိုတော့ ဘာမှ မပြောဘူး။ ဖမ်းဝရမ်းပါသလားလို့ မေးတော့လည်း ဘာမှ မပြောဘဲ တစ်ခါတည်း မေးစရာရှိလို့ပါ ဆိုပြီး ခေါ်ယူသွားပါတယ်” ဟု သူမက ပြောသည်။
ကိုဘိုဘိုထွန်းအား ဖမ်းဆီးသွားခြင်းမှာ ရန်ကုန် လှိုင်သာယာမြို့နယ် ပဒံကျေးရွာ Sky အအေးခန်း ဧည့်ရိပ်သာတွင် နိုဝင်္ဘာလ ၁၃ ရက်နေ့က ဖမ်းဆီးခံရသော ကိုခိုင်နေမင်း (ခ) တင်မောင် (၃၅-နှစ်) နှင့် ကိုသိန်းညွှန့် (ခ) ဂျပန်ကြီး (၃၀-နှစ်) တို့နှင့် ဆက်စပ်ပြီး ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။
“ ကျွန်မတို့ကို ဘာကြောင့် ဖမ်းသလဲဆိုတာကို သက်ဆိုင်ရာက ဘာတစ်ခုမှ တရားဝင်ပြောကြားတာ မရှိသေးပါဘူး။ ကျွန်မတို့ အပြင်က ကြားရတဲ့ သတင်းအရကတော့ ရန်ကုန် လိုင်သာယာမှာ ဖမ်းခံရတဲ့ လူတွေက ဖြောင့်ချက်ပေးလို့ ဖမ်းတယ်လို့ သိရပါတယ်” ဟု သူမက ဆိုသည်။
ခိုင်နေမင်း(ခ) တင်မောင်(၃၅ နှစ်)နှင့် သိန်းညွန့်(ခ)ဂျပန်ကြီး(ခ)တို့နှစ်ဦးတို့အား လှိုင်သာယာ ပဒံကျေးရွာရှိ Sky အအေးခန်း ဧည့်ရိပ်သာတွင် ဖောက်ခွဲရေး ပစ္စည်းများ တပ်ဆင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ခွဲ ၁ မှ ဒုရဲမှူးမြင့်မောင်နှင့်အဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်အတူ ၀င်ရောက်ရှာဖွေစဉ် ဖမ်းမိခဲ့သည်ဟု သိရသည်။
ထိုသို့ဝင်ရောက်ရှာဖွေစဉ် ဖောက်ခွဲရေးပြုလုပ်ရာတွင် အသုံးပြုမည့် ယမ်းများနှင့် စားပွဲတင်နာရီ၊ ဂက်စ်မီးခြစ်၊ ဒီဇယ်၊ဓာတ်ဆီ၊၀ါယာကြိုး၊မီးသွေး၊ ဓာတ်ခဲ၊ ခဲဂေါက်၊ ကွိုင်ကြိုး နှင့်လေယာဉ်လက်မှတ်တို့ကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
သောင်ကြီးနယ် မြေရဲစခန်း က(ပ)၇၀၀/၁၃ ပေါက်ကွဲစေတက်သော ၀တ္တုပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၅ အရ အမှုဖွင့်အရေးယူခဲ့ပြီး လှိုင်သာယာမြို့နယ် တရားရုံးသို့ပို့အပ်ခဲ့ရာ တရားသူကြီးက
ချုပ်ရီမာန်ပေးခဲ့ကြောင်းသိရသည်။
နောက်နှစ်ရက်ခန့်အကြာတွင် စစ်တွေမြို့တွင် ရှိနေသူ ကိုဘိုဘိုထွန်းအား အထက်ညွှန်ကြားချက်များအရ စစ်တွေမြို့အမှတ်(၂) ရဲစခန်းမှ ဒုရဲအုပ်အေးခင်မောင်က ၄င်း၏ နေအိမ်သို့ သွားရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု သိရသည်။
နိရဉ္စရာ
ကိုဘိုဘိုထွန်းအား ရန်ကုန်သို့ ယူဆောင်
Reviewed by VC
on
November 21, 2013
Rating: 5
Reviewed by VC
on
November 21, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment