ဆေးလိပ်ဖြတ်ချင်သူများအတွက် အီလက်ထရောနစ်စီးကရက်ဆိုင်ကို ဒီဇင်ဘာလတွင်
ဖွင့်လှစ်မည်ဟု မင်းသမီးဆုပန်ထွာက မဇ္ဈိမသို့ ပြောကြားလိုက်သည်။
ယင်းဆိုင်နာမည်ကို "Vape city" ဟု အမည်ပေး ထားပြီးအမေရိကန်နိုင်ငံမှ
ကုမ္ပဏီ၏ထုတ်ကုန်ပစ္စည်းကို အသုံးပြုသွားမည်ဖြစ်သည်။
“ဒီဆေးလိပ်က ဆေးလိပ်စွဲနေသူတွေအတွက် အများကြီးထိရောက်မှုရှိပါတယ်။ နောက်ပြီး
ဖွာနေရင်လည်း အငွေ့ထွက်ရင်ဘေးနားကလူတွေအတွက်ရော၊ ကလေးတွေအတွက်ရော
ထိခိုက်မှုမရှိပါဘူး။အဲယားကွန်း ခန်းမှာလည်းသောက်လို့ရပါတယ်။ ဆေးလိပ်ပြာလည်း
ခြွေစရာမလိုပါဘူး။ နီကိုဒင်းလည်းမပါတော့ ထိခိုက်မှုမရှိပါဘူး၊ မီးခြစ်လည်း
မလိုပါဘူး”ဟု မင်းသမီး ဆုပန်ထွာက ပြောကြားသည်။
ယင်းဆေးလိပ်သည် အမျိုးသားရော၊ အမျိုးသမီးများပါအသုံးပြုနိုင်ပြီး ဘက်ထရီအားထည့်သွင်းကာ သုံးစွဲ ရမည့် စီးကရက်ဖြစ်သည်။
ယင်းအီလက်ထရောနစ်စီးကရက်ဆိုင်ကို မြရိပ်ညိုရှိsport bar
ဘေးတွင်ဖွင့်လှစ်ရန် ရည်ရွယ်ထားပြီး ယခုအခါတွင် C/112၊ ရွှေနှင်းဆီကန်လမ်း၊
ကိုးမိုင်၊ မရမ်းကုန်းတွင် ၎င်းထုတ်ကုန်ပစ္စည်းများကို ရောင်းချ လျက်ရှိသည်။
Mizzima - News in Burmese


No comments:
Post a Comment