Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 10, 2013

မိုးပျံပူပေါင်းအတွင်းထည့်သွင်းသောနိုက်ထရိုဂျင်ဓါတ်ငွေ့အိုးပွင့်ထွက်မှုဖြစ်

၉.၁၁.၂၀၁၃ရက်နေ့ ၀၈၄၅အချိန် ကမာရွတ်မြို့နယ်၊ (၇)ရပ်ကွက်ရှိ Junction Squareရှော့ပင်းစင်တာကားပါကင်တွင် မိုးပျံပူပေါင်းရောင်းချ သူ တင့်လွင်ဦး (ဘ)ဦးမောင်မောင်ကြည်၊ ကြည့်မြင်တိုင်မြို့နယ်နေသူသည် ၉.၁၁.၂၀၁၃ရက်နေ့မှ ၁၀.၁၁.၂၀၁၃ရက်နေ့အထိ ကျင်းပမည့် အင်ဒိုနီးရှားကုန်စည်ပြပွဲဖွင့်ပွဲအတွက် မိုးပျံပူပေါင်းများအား နိုက်ထရိုဂျင်ဓါတ်ငွေ့ထည့်သွင်းနေစဉ် နိုက်ထရိုဂျင်ဓါတ်ငွေ့အိုးအဖုံးမှာ ရုတ်တရက်ပွင့်ထွက်သဖြင့် အသံကျယ်လောင်စွာထွက်ပေါ်ပြီး ကားပါကင်အမိုးသွပ်ပြား (၃)လက်မပတ်လည်ခန့်ပေါက်ထွက်သွားသောကြောင့် ဓါတ်ငွေ့အိုးကိုပေါ့ဆစွာအသုံးပြုသူ တင့်လွင်ဦးအား ကမာရွတ်မြို့မရဲစခန်း(ပ)၄၈၂/၂၀၁၃၊ ပုဒ်မ ၂၈၆ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment