Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 7, 2013

Miss Universe Myanmar ကို လုပ်ပွဲလို့ ပြောနေကြတဲ့ အသံတွေကြားနေရတယ်....

 
Kalayar Pyi Wai Shan
Managing Director at Pyi Wai Shan Group of Companies 
 
Miss Universe Myanmar ကို လုပ်ပွဲလို့ ပြောနေကြတဲ့ အသံတွေကြားနေရတယ်....
တစ်ချို့ ပြော နေတဲ့ သူတွေက ပြိုင်ပွဲဝင်တွေ ကိုယ်တိုင်ဖြစ်နေတာကိုလည်း အံ့သြမိတယ်...
လုပ်ပွဲလို့ အစကတည်းက သိနေကြတယ်တဲ့....အစကတည်းက သိနေရင်...ဘာလို့များ...
ဝင်ပြိုင်နေကြတာလဲ...ကိုယ့်ရဲ့ အားနည်းချက်တွေကို ..သူများတွေပေါ်မှာ အပြစ်ပုံချတတ်တဲ့..
အကျင့်တွေကနေ...ကျွန်မတို့ ရုန်းထွက်သင့်နေပါပြီ...Miss Universe Myanmar Organization အနေနဲ့..
လုပ်ပွဲတစ်ခုကို လုပ်မယ်ဆိုရင်...ပိပိရိရိနဲ့ အလွယ်တကူ လုပ်ဆောင်နိုင်လိမ့်မယ်လို့...ထင်ပါတယ်...
ပြိုင်ပွဲဝင်တွေကို အပြသဘောပဲ ဖိတ်ခေါ်ပြီး...ကိုယ့်လူကိုထည့် ကိုယ့်ဖဲကို ချိုး လုပ်လို့ရတာပဲ...
အခုလိုမျိုး အချိန်တွေ လူစွမ်းအားနဲ့ ငွေတွေ...အကုန်ကျခံစရာ...လိုမယ်မထင်ပါဘူး...ဘာပဲဖြစ်ဖြစ်...
ဘယ်သူတွေ ဘာပဲပြောပြော...Miss Universe Myanmar ရွေးခြယ်ပွဲမှာ ဒိုင်အဖြစ် ပါဝင်ဖို့....Organization က ရွေးခြယ်ခဲ့တဲ့နေရာမှာ...ပညာအရည်အချင်း...တတ်ကျွမ်းနားလည်မှု... အဂတိ
တရားကင်းနိုင်တဲ့သူတွေကို..ခန့်အပ်ခဲ့တာဖြစ်ပါတယ်....Miss Universe တစ်ယောက်ရဲ့ အရည်အချင်းတွေကို
ကြည့်တတ်မြင်တတ်အောင်လည်း....ကျွမ်းကျင်တဲ့...အဖွဲ့အစည်းတွေက...သေချာ...သင်ကြားပြသထားတာလည်း
ဖြစ်ပါတယ်....ဒိုင်တစ်ယောက်ခြင်းစီဟာ....ဘက်စုံတော်တဲ့သူတွေ မဟုတ်ပါဘူး......ကိုယ်တတ်ကျွမ်းတဲ့
ပညာရပ်ပေါ်မှာ...ကျွမ်းကျင်စွာ...လုပ်ဆောင်နိုင်တယ်လို့ ထင်တဲ့သူတွေကို....ရွေးခြယ်ထားတာဖြစ်ပါတယ်...
ဒါကြောင့်မိုလို့ နယ်ပယ်အစုံက ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ ပါဝင်နေတာဖြစ်ပါတယ်....
ဒိုင်တွေနဲ့ ပတ်သက်လို့ ဒိုင်တွေရဲ့ ကိုယ်ကျင့်တရားတွေကို အမျိုးမျိုး စော်ကားနေတဲ့ ပုတ်ခတ်ဝေဖန်မှုတွေကို...
ကျွန်မ မြင်နေရ..ဖတ်နေရပါတယ်.....Miss Universe Myanmar ပြိုင်ပွဲမှာ ဒိုင်အဖြစ်ပါဝင်ခဲ့တဲ့...ကျွန်မကတော့.....
ကျွန်မရဲ့ သမာဓိ ကျွန်မတတ်ကျွမ်းတဲ့ ပညာရပ်အပေါ်မှာ စော်ကားနေတာတွေကို...ကြည့်ပြီး...အံ့သြနေမိပါတယ်...
ပြိုင်ပွဲဝင် မယ်တွေအားလုံးကို ခင်မင်ရင်းနှီးစွဲ ရှိဖို့ မပြောနဲ့ သိကျွမ်းဖူးတဲ့သူ တစ်ယောက်မှ မရှိပါဘူး......
ကျွန်မဆိုတဲ့ မိန်းမက ကိုယ်မတတ်ကျွမ်းတဲ့ အရာတစ်ခုအပေါ်မှာ ဘယ်တော့မှ နာမည်ကြီးလိုမှု တစ်ခုနဲ့.... ပါဝင်ပတ်သတ်မှာ
မဟုတ်ပါဘူး.....ကျွန်မလို မိန်းမမျိုးကို ဘယ်လိုလူမျိုးကမှလည်း ကြိုးကိုင်လို့မရပါဘူး....... ကျွန်မရဲ့ လုပ်ပိုင်ခွင့်ဖြစ်တဲ့....ကျွန်မကို ယုံကြည်လို့
ခန့်အပ်ထားတဲ့ လုပ်ငန်းတာဝန် ၀တ္တရားအပေါ်မှာ ဘယ်လိုအရာကမှ... လွှမ်းမိုးလို့ မရပါဘူး....Miss Universe Myanmar Organization
အနေနဲ့လည်း..မှန်ကန်တဲ့ ရွှေးခြယ်မှုတစ်ခု ဖြစ်လာစေဖို့အတွက်....မအားလပ်တဲ့ ကျွန်မတို့တွေကို ယုံကြည်ပြီး....အကူအညီ
တောင်းခံခဲ့တာဖြစ်ပါတယ်... Miss Universe Myanmar မှာ ဒိုင်လုပ်ခဲ့တဲ့သူတွေတိုင်းဟာ..... ကိုယ့်နယ်ပယ်အသီးသီးမှာ...အောင်မြင်နေကြပြီး
ဘ၀အတွက် ခိုင်မာတဲ့ ပညာနဲ့ ဥစ္စာဓနတွေကို ပိုင်ဆိုင်ထားကြတဲ့.. သူတွေဖြစ်ပါတယ်...ကျွန်မ မဟုတ်တဲ့ အခြားသော ဒိုင်တွေလည်း....မိမိရဲ့
ပညာပေါ်မှာ သစ္စာဖောက်ပြီး.....အဂတိနောက် လိုက်မယ့်သူတွေ မဟုတ်ဘူးလို့ ကျွန်မ ယုံကြည်ပါတယ်.....
ကျွန်မက ပြိုင်ပွဲဝင်မယ်တွေကိုယ်တိုင် ကျွမ်းကျင်ပါတယ်လို့ ကိုယ်ရေးရာဇ၀င်မှာ....၀န်ခံထားတဲ့...သူတို့ ရဲ့ ပညာတွေကို ... အကဲဖြတ်ခြင်းနှင့်
ရဲရင့်ပြတ်သားမှုတွေကို....လေ့လာ သုံးသပ် အမှတ်ပေးရတဲ့သူပါ.....အဲဒီမှာ ကျွန်မ တွေ့ခဲ့ရတာတွေ.. ကတော့....မိမိ ကိုယ်တိုင် ကျွမ်းကျင်စွာ
တတ်မြောက်ပါတယ်လို့...၀န်ခံထားပြီး....ကျွမ်းကျင်မှုကို စစ်ဆေးတဲ့နေရာမှာ ဖြေဆိုနိုင်ခြင်းမရှိတဲ့သူတွေက အရမ်းများပါတယ်....အထူးသဖြင့်
ဘာသာစကားနဲ့ ပတ်သက်လို့ပေါ့....ကျွန်မတို့ ဒိုင်တွေအနေနဲ့ သူတို့ မသိမကျွမ်းကျင်တဲ့ ပညာရပ်...တွေကို မေးပိုင်ခွင့် မရှိပါဘူး...
သူတို့ကိုယ်တိုင်.....တတ်ကျွမ်းပါတယ်လို့....၀န်ခံထားတဲ့ အရာတွေကိုပဲ မေးခွင့် ရှိပါတယ်....ပြိုင်ပွဲဝင်မယ်တော်တော်များများက
ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ရဲ့ စံပြပုဂ္ဂိုလ် အဖြစ် ဖြေဆိုသွားတာ တွေ့ရတယ်.....အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သတ်တဲ့ သူတို့ရဲ့
လေ့လာမှုတွေကို ကျွန်မ ဒိုင်တစ်ယောက် အနေနဲ့ မေးဖို့ တာဝန်ရှိလာပါတယ်....ဒေါ်အောင်ဆန်းစုကြည်က Nobel ဆု ရခဲ့တာဖြစ်ပါတယ်....Nobel
ဆုက ပညာရပ် အမျိုးမျိုးအတွက်ရှိပါတယ်....ဒေါ်အောင်ဆန်းစုကြည်က ဘယ်ခေါင်းစဉ် အောက်မှာ Nobel ဆုကို ရရှိခဲ့တာလဲလို့ မေးတဲ့မေးခွန်းကို
ဖြေဆိုနိုင်တဲ့ သူမရှိခဲ့ပါဘူး....ဒေါ်အောင်ဆန်းစုကြည်က စာရေးပါတယ်....စာရေးတာကို သိပါသလား...လို့ မေးတဲ့မေးခွန်းကိုလည်း
မဖြေဆိုနိုင်ကြပါဘူး....ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ္ဘာကျော် Essay ရဲ့ နာမည်ကို ဆက်မေးဖို့ ကျွန်မ အခွင့် အရေး...
မရခဲ့ပါဘူး......ဒေါ်အောင်ဆန်းစုကြည် စာရေးတာမှ သူတို့ မသိကြပဲ.....ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ အမျိုးသမီးတွေရဲ့ပတ်သက်မှု မေးခွန်းတွေကိုလည်း
ဖြေဆိုနိုင်ခဲ့ သူ တစ်ယောက်ပဲ တွေ့ခဲ့ပါတယ်....ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းမှု အတွက် မေးတဲ့ မေးခွန်းတွေ အပေါ်မှာလည်း အရိုးရှင်းဆုံးဖြစ်တဲ့....
သစ်ပင်စိုက်ဖို့ကို ပြောဆိုနိုင်တဲ့သူ တစ်ယောက်မှ မရှိပါဘူး.....ကားတွေ လမ်းပေါ်မှာ မမောင်းဖို့ပဲ ပြောနေကြတယ်...
ဘာဖြစ်လို့လဲလို့ မေးတော့ ကားတွေက မီးခိုးထွက်လို့တဲ့ ....ဘာသာစကားတွေနဲ့ ပတ်သတ်လို့ မေးမြန်းတဲ့ အခါမှာ..... သူတို့ကိုယ်တိုင်
ကျွမ်းကျင်ပါတယ်လို့ ၀န်ခံထားတဲ့ ဘာသာစကားကို ဖြေဆိုနိုင်ခြင်းမရှိလို့....ဘာလို့ ကိုယ်ရေးရာဇ၀င်ထဲမှာ ရေးထားတာလဲလို့ မေးတော့...အခုမှ
Level 1 စတက်နေတုန်းပါတဲ့....မော်ဒယ် အလုပ်တွေနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့သူတွေ...ခေါင်းစဉ်အမျိုးမျိုးနဲ့ Miss ရထားတဲ့သူတွေကို
မေးမြန်းတဲ့ အခါမှာလည်း မိမိရဲ့အသက်မွေးဝမ်းကျောင်းပြုတဲ့ ပညာရပ်အပေါ်မှာ ကျွမ်းကျင်မှု မရှိတာကို တွေ့ရပါတယ်....ဒီအကြောင်းအရာတွေ
အပေါ်မှာ အခြေခံပြီး ကျွန်မတို့က ဆုံးဖြတ်ရတာဖြစ်ပါတယ်....နောက်တစ်ခုကတော့ ပြိုင်ပွဲဝင် မယ်တွေကို... အိမ်ထောင်ပြုဖူးခြင်း ရှိမရှိ
...ကလေးမွေးဖူးခြင်း ရှိမရှိ..စစ်ဆေးရပါတယ်.....အိမ်ထောင်ပြုဖူးခြင်း ရှိမရှိ စစ်ဆေးတဲ့ အရာဟာ ကျွန်မတို့ ဒိုင်တွေ အရမ်းကို
ခက်ခဲခဲ့ပါတယ်...မြန်မာမှု ထုံးတမ်းစဉ်လာ လက်ထပ်ထိမ်းမြား ခြင်းဥပဒေဟာ.. အခြားနိုင်ငံတွေနဲ့ အတော်ကွဲလွဲပါတယ်....စာချုပ်တစ်ခုပေါ်မှာ
နှစ်ဦးသဘောတူ လက်ထပ်ထားရုံနဲ့လည်း အကြင်လင်မယား အရာ မရောက်ပါဘူး...အသိသက်သေရှိဖို့လိုပါတယ်....ကျွန်မ တို့ရဲ့ မြန်မာ့
ထုံးတမ်းအစဉ်အလာက ပုဆိုးတန်းတင် ရင်တောင် အကြင်လင်မယားအဖြစ် အသိအမှတ်ပြုပါတယ်.....သွေးသားမတော်စပ်သော ယောကျာ်း တစ်ဦးနှင့်
မိန်းမ တစ်ဦးက တစ်မိုးအောက်ထဲမှာ အတူ တစ်ကွ နေထိုင်ပြီး...အရှေ့ ခုနှစ်အိမ် အနောက် ခုနှစ်အိမ်က ကာမပိုင် လင်မယား နှစ်ဦးပါလို့
သတ်မှတ်ပေးလိုက်ရင်လည်း အကြင် လင်မယား အရာ ရောက်ပါတယ်....အနောက်နိုင်ငံတွေမှာ သူတို့ ရဲ့ ဘာသာရေးအရ သူတို့ ရဲ့
ဘုန်းတော်ကြီးတွေရှေ့မှာ....နှစ်ဦးနှစ်ဖက် လက်ထပ်ကြောင်း ကတိသစ္စာပြုမှ သာလျှင် လက်ထပ်ခြင်းက ပြီးမြောက်ပါတယ်....တစ်မိုးအောက်မှာ
အတူတစ်ကွ နေထိုင်ပြီး....ကလေး များမွေးထားပေမယ့်....အိမ်ထောင်သည် အဖြစ် အသိအမှတ် မပြုပါဘူး....ကျွန်မတို့ ဥပဒေမှာ အိမ်ထောင်ရှိ
ယောကျာ်း တစ်ယောက်မှ နောက်ထပ် အမျိုးသမီး တစ်ယောက် ကို သူ့ရဲ့ဇနီးမယားအဖြစ် အသိသက်သေနဲ့ တကွ သတ်မှတ်ရင်လည်း....အိမ်ထောင်
အရာမြောက်ပါတယ်....မယားကြီးမယားငယ် အမှု မရှိပါဘူး...အားလုံးဟာ မယားပြိုင်တွေပါပဲ....အခြားသောနိုင်ငံ တွေရဲ့ ဥပဒေတွေထဲမှာတော့
တစ်လင်တစ်မယား စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေ ရှိပါတယ်...သူတို့ ရဲ့ ဘာသာရေးအရ...ဇနီးမယား နှစ်ယောက် ထားခွင့်မရှိတာတွေ
ရှိပါတယ်.....ကျွန်မတို့ရဲ့ မြန်မာ့ ဥပဒေ အရ အိမ်ထောင်သည် ဖြစ်တည်မှုဟာ....တစ်ယောက်ယောက်က မိမိဟာ ထိုမိန်းမရဲ့ ကာမပိုင် လင်ယောကျာ်း
ဖြစ်တယ်လို့ အသိသက်သေ အထောက်အထားနဲ့ တကွ ပြောဆိုခဲ့ရင်...ဒါဟာ အိမ်ထောင်ရှိတဲ့ မိန်းမ အိမ်ထောင်ပြုဖူးသော မိန်းမလို့
သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်....ဒီလို ဖြစ်လာနိုင်ခြေရှိတဲ့.... အကြောင်း အရာတွေကိုလည်း ကျွန်မတို့ သေချာ လေ့လာ စုံစမ်း စစ်ဆေး သုံးသပ်
ဆုံးဖြတ်ခဲ့ရပါတယ်.......Miss ဖြစ်ပြီးတော့မှ အိမ်ထောင်သည်တစ်ယောက် အဖြစ် ဖြစ်ပေါ်လာနိုင်ခြေ ရှိတဲ့ အကြောင်းအရာတွေကို
ထည့်သွင်းစဉ်းစားခဲ့ရပါတယ်......
Miss Universe တစ်ယောက်ဟာ အပျိုစင် ဖြစ်ဖို့ မလိုပါဘူး....အိမ်ထောင် ပြုဖူးခြင်း မရှိသူပဲ ဖြစ်ဖို့ လိုပါတယ်....
ကလေး မွေးဖူးခြင်း မရှိ ဖြစ်ရပါတယ်....ဒီကိစ္စကတော့ ကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေက စစ်ဆေးခဲ့ပါတယ်....
Miss တစ်ယောက်ရဲ့ အရည်အချင်းဟာ Model တစ်ယောက်ရဲ့ အရည်အချင်းနဲ့ မတူပါဘူး......Miss တစ်ယောက်ဟာ အနုပညာသမားတစ်ယောက်
မဟုတ်ပါဘူး....ကျန်းမာသန်စွမ်း ဥာဏ်ရည်ထက်မြက်ပြီး...ကြင်နာတတ်တဲ့ နှလုံးသားပိုင်ရှင် ဖြစ်ဖို့က အဓိက ကျပါတယ်.....ကျွန်မတို့
မြန်မာမိန်းကလေးတွေ တော်တော်များများက အသားအရည် ထိန်းသိမ်းမှု ခန္ဓာကိုယ် ထိန်းသိမ်းမှု ရင်သားထိန်းသိမ်းမှု နဲ့ ကျန်းမာရေးလိုက်စားမှုမှာ
အရမ်းအားနည်းပါတယ်...Miss Universe ဖြစ်ဖို့ ကြိုတင် လေ့ကျင့်ထားတဲ့ သူ တစ်ယောက် မှမရှိပါဘူး....နဂိုပါအလှတွေနဲ့ ပြိုင်ပွဲဝင်ခဲ့ကြသူတွေချည်း
ပါပဲ...Two Piece Bikini နဲ့ စစ်ဆေးတဲ့ အခါမှာ အသားအရည်နဲ့ ခန္ဓာကိုယ်ထိန်းသိမ်းမှု အပိုင်းမှာ အားနည်းချက်တွေ
အများကြီးတွေ့ရှိခဲ့ရပါတယ်......ဒီလို အားနည်းချက်တွေ အမျိုးမျိုးရှိနေတဲ့....အထဲက အဖက်ဖက်မှ ပြည့်စုံနိုင်တဲ့ ပြစ်မျိုး မှဲ့မထင် တစ်ယောက်ကို
ရွေးထုတ်ဖို့ အတော် ခဲယဉ်းခဲ့ပါတယ်.....အဲဒီထဲမှာ မှ အသင့်တော်ဆုံးဖြစ်တယ်လို့ ထင်တဲ့သူတစ်ယောက် ကို ရွေးထုတ်နိုင်ခဲ့တယ်လို့
ကျွန်မကိုယ်ကျွန်မ ယုံကြည်ပါတယ်....ပြိုင်ပွဲဝင်ခဲ့တဲ့ မယ်တွေ အနေနဲ့ရော ပွဲကြည့် ပရိတ်သတ်တွေ အနေနဲ့ ပါ နှစ်ငါးဆယ်ကျော်မှ ကမ္ဘာကို
ပြန်လည်ပြသခွင့်ရတဲ့ မြန်မာကို မြန်မာဆိုတဲ့ စိတ်နဲ့ အားပေးထောက်ခံသင့်တယ်လို့ ထင်ပါတယ်....ကျွန်မကတော့ ကျွန်မကိုယ်ကျွန်မ အကောင်းဆုံး
လုပ်နိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်...ကျွန်မရဲ့ သမာဓိ ကျွန်မရဲ့ခံယူချက်တွေကို ဘယ်လို လူမျိုး ဘယ်လို အကြောင်းအရာတွေကမှ ပြောင်းလဲပစ်လို့
မရပါဘူး.....Miss Universe Myanmar သာ လုပ်ပွဲ အဖြစ်နဲ့ လုပ်ခဲ့မယ်ဆိုရင် ကျွန်မယုံကြည်တဲ့ ရပ်တည်မှုအရ ကျွန်မပါဝင်ပတ်သတ်ခဲ့မှာ
မဟုတ်ပါဘူး..... Miss Universe Myanmar Organization က သူတို့ရဲ့ အချိန်တွေကို အကုန်ခံပြီး သူတို့ကြိုးဆွဲတိုင်း ကခိုင်းလို့ မရနိုင်တဲ့ ကျွန်မကို
ဒိုင်လုပ်ဖို့ဆက်သွယ်ပြောဆိုလာမှာ မဟုတ်ပါဘူး.....ကျွန်မလို ပညာရပ်ပေါ် အခြေခံပြီး အလုပ် လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်အနေနဲ့
ကျွန်မရဲ့ ဂုဏ်သိက္ခာနဲ့ သမာဓိကို အဂတိတရား လေးပါးထဲက ဘယ်လို အဂတိတရားကမှ ကျွန်မကို ဖောက်ပြားအောင် မလုပ်နိုင်ပါဘူး....ကျွန်မကို
ဘယ်လို အကြောင်းတရားတွေကမှ ကြောက်အောင် ခြိမ်းခြောက်လို့ မရနိုင်သလို အမှန်တရားအတွက် ရပ်တည်ဖို့ ကြောက်တတ်တဲ့သူ
တွေဝေတတ်တဲ့သူလည်းမဟုတ်ပါဘူး....လူညီလို့ ဤကို ကျွဲဖတ်တဲ့ ထဲမှာ ကျွန်မ မပါပါဘူး....ကျွန်မရဲ့ ဂုဏ်သိက္ခာနဲ့ သမာဓိဟာ...ကျွန်မ
မွေးဖွားခဲ့တဲ့ကျွန်မ သားတွေနဲ့ နောင်လာမယ့် မျိုးဆက်တွေအတွက် စံထားရအောင် အမြဲတမ်းပဲ ကြိုးစားနေပါတယ်.....

No comments:

Post a Comment