- 02 October 2013 |
- By ရိုးရာလေး
Lamborghini ပြိုင်ကားတွေကို ထုတ်လုပ်တာ သမိုင်းနဲ့ ရှိပါတယ်။ တည်ထောင်သူက Ferrucio Lamborghini ဖြစ်ပါတယ်။စတင်တည်ထောင်ချိန်က လယ်ထွန်စက်ထုတ်လုပ်ဖို့ပါ။ လည်ထွန် စက်တွေ နိုင်သလောက်ထုတ်လုပ်ပြီး ကားစက်ရုံလေး သဖွယ် ဖြစ် လာပါတယ်။ အဲ့ဒီအချိန်မှာ အီတလီတစ်နိုင်ငံ တည်းက ဖြစ်တဲ့ Ferrari ဟာ ပြိုင်ကား လောကမှာ အင်မတန် အောင်မြင်နေပါပြီ။ ကမ္ဘာကျော် ပြိုင်ကားများ ထုတ်လုပ်နိုင်နေပြီ ဖြစ်ပါတယ်။
တစ်ရက်တော့ Ferrucio Lamborghini ဟာ Ferrari ဆီသွားပြီး ၎င်းတို့ လိုအပ် တဲ့ Clutch ကို ထုတ်လုပ်ပေးဖို့ တောင်းဆိုပါတယ်။ သို့ပေမယ့် Ferrari ကုမ္မဏီက သူ့ကို အထင်သေးတဲ့ စကားလုံးများနဲ့ ဆက်ဆံ ခဲ့ပါ တယ်။ လယ်ထွန်စက်ထုတ်နေသူက ပြိုင်ကားအကြောင်း နားလည်မည့်သူ မဟုတ်ဆိုပြီး ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။
ဒါနဲ့ မခံချင်စိတ်ပြင်းတဲ့ Ferrucio Lamborghini ဟာ အဲ့နေ့ကစ လို့ ပြိုင်ကား ထုတ်လုပ်ဖို့ စိတ်ကူးအကြံဥာဏ်ပေါ်ပေါက်လာပြီး သူ့ဆီမှာ ရှိတဲ့အိုင်ဒီယာနဲ့ သူ့ခေတ်သူ့ခါမှာ အကောင်းဆုံး ပြိုင်ကာများ တီထွင် ဖန်တီးလာနိုင်ခဲ့ ပါတယ်။ ဒါကြောင့် တစ်ချိန်က လယ်ထွန်စက် ထုတ်တဲ့ ကုမ္မဏီဟာ ယနေ့မှာ ကမ္ဘာ့အအောင်မြင်ဆုံး ပြိုင်ကား ထုတ်လုပ်တဲ့ ကုမ္မဏီတစ်ခု ဖြစ်လာရခြင်း ဖြစ်ကြောင်း သိရပါတယ်။
.
Ref: dyknow
Aung Kham (ရိုးရာလေး)

No comments:
Post a Comment