Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 26, 2013

သမ္မတပြောခွင့်ရ ဦးရဲထွဋ်က Eleven မီဒီယာကိုစိန်ခေါ်

သမ္မတ ပြောခွင့်ရ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က Eleven မီဒီယာနဲ့ ပြည်သူကို စိန်ခေါ်လိုက်ပါတယ်။ Eleven မီဒီယာက ရေးလိုက်တဲ့ အများပြည်သူ ၀န်ဆောင်မှုလို့ ပြောလာတဲ့ နိုင်ငံပိုင်သတင်းစာတွေ အကြောင်း ရေးသားဖော်ပြချက်ကို တုံ့ပြန်ရင်း အခုလို စိန်ခေါ်စာကို သူ့ဖေ့စ်ဘုတ်ပေါ် ရေးပြထားပါတယ်။ 



အများပြည်သူ ၀န်ဆောင်မှု သတင်းစာ အဖြစ် ပြောင်းလဲမယ်လို့ ဆိုထားတဲ့ အစိုးရ သတင်းစာများဟာ အများပြည်သူ စိတ်ဝင်စားတဲ့ သတင်းများကို ဖော်ပြခြင်းမရှိဘူး၊ အရင်လိုပဲ  အစိုးရအာဘော် တခုတည်းကိုသာ ဖော်ပြနေတယ်လို့ စနေနေ့က  Eleven Daily ရဲ့ သတင်းဆောင်းပါးတပုဒ်မှာ ရေးထားပါ တယ်။



အနီးကပ်ဆုံး ဥပမာအနေဖြင့် အောက်တိုဘာ ၂၄ ရက်က နေပြည်တော်၌ ပြု လုပ် ခဲ့သော ပြည်ထာင်စု လွှတ်တော် နာယက သူရဦးရွှေမန်း၏ သတင်းစာ ရှင်းလင်းပွဲ သတင်းကို အစိုးရ သတင်းစာ သုံးစောင်စလုံးတွင် လုံးဝဖော်ပြခဲ့ခြင်း မရှိသည့်အပြင် သမ္မတ ဦးသိန်းစိန်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတ ရာထူးအတွက် ၀င်ရောက်အရွေး ခံတော့မည် မဟုတ်ကြောင်း သူရဦးရွှေမန်း ၏ ပြောကြားချက်ကိုလည်း တစ်စုံတစ်ရာ ဖော်ပြခြင်း မရှိခဲ့ချေ။ ထို့အတူ အောက်တိုဘာ ၂၄ ရက်မှာပင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး
ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဥရောပ ခရီးစဉ်အတွင်း ဘီဘီစီ သတင်းဌာနသို့ ပြောကြားခဲ့သည့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ များသည် လူမျိုးသုဉ်း သတ်ဖြတ်မှု မဟုတ်ကြောင်းနှင့် နိုင်ငံတကာ အနေဖြင့် မွတ်စလင် အသိုင်းအ၀ိုင်း ကြားတွင်သာ မကဘဲ ဗုဒ္ဓဘာသာဝင်များ အကြား တွင်ပါ ကြောက်ရွံ့မှုများ ရှိနေသည်ကို နားလည်ပေးဖို့ လိုကြောင်း အစရှိသာ ပြောကြားချက်များကိုလည်း အစိုးရ သတင်းစာများက ဖော်ပြခဲ့ခြင်း မရှိကြောင်း တွေ့ရှိရသည်
လို့ ထောက်ပြထားပါတယ်။ 

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဒုဝန်ကြီးဦးရဲထွဋ်က ချက်ချင်း တုံ့ပြန်ထားပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ တုံ့ပြန်ချက်ကို သူ့  ဖေ့စ်ဘုတ် ကနေ ကူးယူဖော်ပြလိုက်ပါတယ်။  

 
သတင်းထောက်တစ်ဦးက ဒီနေ့ Daily Eleven သတင်းစာမှာ အစိုးရသတင်းစာများ အများပြည်သူ စိတ်ဝင်စားသည့်သတင်းများကို ဖော်ပြခြင်းမရှိဘဲ အစိုးရ အာဘော်တစ်ခုတည်းကို သာဖော်ပြသည့် သတင်းစာအဖြစ် ဆက်လက်ရပ်တည် ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ၀န်ကြီးဌာန ရဲ့ သဘောထား မှတ်ချက်ကို မေးပါတယ်။
အားလုံးသိနိုင်အောင် ဒီကနေပဲ ဖြေကြားပေးလိုက်ပါတယ်။


ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ လက်ရှိ နိုင်ငံပိုင် သတင်းစာများကို ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီ တဲ့ အများပြည်သူဝန်ဆောင်မှုမီဒီယာများ အဖြစ် ပြောင်းလဲနိုင်ဖို့ ရည်ရွယ်ပြီး အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းကို လွှတ်တော်ကို တင်ပြထားပါတယ်။ 

ဒီ ဥပဒေ မပေါ်ပေါက်မီမှာ အများပြည်သူ ၀န်ဆောင်မှု မီဒီယာကို ရှေ့ရှုတဲ့ လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်သလောက်လုပ်ဆောင်နေပါတယ်။ 

ဒီလုပ်ဆောင်ချက်များကိုလက်ခံတယ်၊ လက်မခံဘူး ဆုံးဖြတ်မှာက သတင်းစာဖတ်ပရိသတ်ပဲ ဖြစ်ပါတယ်။ 
Eleven က ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ သူရေးတာဟာ သူ့အမြင်ပဲ ဖြစ်ပါတယ်။ မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်း စာနှစ်စောင်ရဲ့ စောင်ရေဟာ လျော့နည်းသွားခြင်းမရှိဘဲ ဆက်လက် တိုးတက်နေတာကို ကြည့်ရင် ပရိသတ်အနေနဲ့ အများပြည်သူဝန်ဆောင်မှုမီဒီယာ ဘက်ကိုရှေ့ရှုတဲ့ ပြုပြင်ပြောင်းလဲမှုများကို ကြိုဆို လက်ခံနေတယ်ဆိုတာ သိသာပါတယ်။ 

အများပြည်သူဝန်ဆောင်မှုမီဒီယာဥပဒေကိုသာ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ရင် ဒီသတင်းစာနှစ်စောင် ဟာ အယ်ဒီတာ လွတ်လပ်ခွင့်နဲ့ ဘဏ္ဍာရေးလွတ်လပ်ခွင့်ရှိတဲ့ စံမှီ အများပြည်သူဝန်ဆောင်မှု မီဒီယာ အဖြစ် ပြည်သူ့ အကျိုးကို ပိုမိုဆောင်ရွက်နိုင်မှာသေချာပါတယ်။ 

Eleven ရဲ့ သတင်းဆောင်းပါးအဆုံးမှာ ပြည်သူ့ ၀န်ဆောင်မှုဆိုတာ လုံးဝ မယုံကြည်ဘူး၊ နောက်ပြီး အစိုးရ သတင်းစာဆိုတာလည်း လုံးဝ မရှိသင့်တော့ဘူး ဆိုတဲ့ မန္တလေးမြို့က ဦးသိန်းသန်းဦးရဲ့ စကားကို ကိုးကား ညွှန်းထားပါတယ်။ 

အများ ပြည်သူဝန်ဆောင်မှုမီဒီယာ မရှိသင့်ဘူးလို့ ထင်ရင် ပြည်သူတွေက သတင်းစာတစ်စောင်မှ မ၀ယ် ပဲ နေပါလိမ့်မယ်။ အဲဒီအခါကျရင် ဦးသိန်းသန်းဦးလည်း ပြောစရာမလို၊ Eleven လည်း ရေးစရာမလိုပဲ အဲဒီသတင်းစာတွေရပ်သွားပါလိမ့်မယ်။ 

ပြည်သူတွေက ၀ယ်ယူ ဖတ်ရှု အားပေးနေသမျှတော့ ဦးသိန်းသန်းဦး ဘာပြောပြော၊ Eleven ဘာရေးရေး အများပြည်သူ ၀န်ဆောင်မှု မီဒီယာတွေ ဆက်လက်ရှင်သန်ရပ်တည်နေမှာပါပဲ။ 

အများပြည်သူဝန်ဆောင်မှု မီဒီယာမှ မဟုတ် ပြည်သူတွေလက်မခံဘူးဆိုရင် ကိုယ့်ဘာသာကိုယ် ဘယ်လို ဆိုင်းဘုတ်တပ်ပြီး ကြွေးကျော်နေပါစေ၊ ပုဂ္ဂလိသတင်းစာတွေလည်း ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ 
ပြည်သူတွေရဲ့ အဆုံးအဖြတ်ကသာ အဓိကဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး မမေ့ဖို့ လိုပါတယ်။ 
http://mmplayboys.blogspot.jp/2013/10/eleven.html

No comments:

Post a Comment