စတက်စီဝစ်သာဆိုတဲ့ဗြိတိသျှအမျိုးသမီးတဦးဟာ အားလပ်ရက်အတွက် တူရကီကို ခရီးထွက်စဉ် မှာနေ မကောင်းတဲ့ သူ့ သားလေးကိုချော့မော့ဖို့ ဖုန်းနဲ့  ရုပ်ရှင်တကားကို ဒေါင်းလုတ် လုပ်ခဲ့ပါတယ်။
နာမည်ကျော်ကာတွန်းကာ မဒါဂါစကား ၃ ကိုကူးယူခဲ့ပြီး နေမကောင်းဖြစ်နေတဲ့သားဖြစ်သူ ကို ချော့မော့နိုင်ခဲ့ပေမယ့် ငါးမိနစ်စာရုပ်ရှင်ကို ဒေါင်းလုတ် လုပ်ခဲ့တဲ့အတွက် အကြွေးတောင်းစာ ရောက်လာတဲ့အခါ မပျော်နိုင်တော့ပါဘူး။ ငါးမိနစ်စာရုပ်ရှင်အတွက် ပေါင် ၁၁၁၈ ပေါင်ပေးရမယ်လို့ orange ကုမဏီက အကြွေးတောင်းလာပါတယ်။ တမိနစ်ကို ၂၂၃ ပေါင် လောက်ကျသင့်နေပါတယ်။
ဒီကိစ္စက ကျမတို့ ရဲ့ အားလပ်ရက်ခရီးကို ဖျက်ဆီးပစ်တာပါပဲ။ ဒီငွေကကျမ ရဲ့ တလစာဝင်ငွေ ထက်တောင်ပိုတယ်။ ဒီအားလပ်ရက်ခရီးထွက်ဖို့  ပေါင်၁၁၀၀လောက်
ကုန်ခဲ့ပြီး အဲဒီ အတွက် နှစ်နှစ်လောက်စုခဲ့ရတာပါ။ ကျမအရမ်းဒေါသထွက်တယ်။ ဒီအကြွေးကို လည်းမပေးနိုင်ဘူးလို့ သူကပြောပါတယ်။
တပေါင်ကို မြန်မာငွေ ၁၅၀၀ကျပ်လောက်ဈေးပေါက်တော့ ငါးမိနစ်ဒေါင်းလုတ်အတွက် မြန်မာငွေ ၁၇သိန်းလောက်ကျသွားတာပေါ့။ ဒေါင်းလုတ်များရမ်းရမ်းပြီးမလုပ်ဖို့ သတိထားနိုင်ကြစေရန်ပါ။
the melting pot 4 u

Source
No comments:
Post a Comment