Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 30, 2013

မန်ယူနည်းပြအဖြစ် ဖာဂူဆန် ပြန်လည်တာဝန်ယူမည်ဟု ၁၁လေး၊ ၂လေးဖြင့် Bwin ကြေးဖွင့်

မန်ယူအသင်းမှာ ၎င်းတို့၏လက်တွဲဖော် Bwin လောင်းကစား ကုမ္ပဏီကြောင့်
ဒေါသထွက်လျက်ရှိကြောင်း သိရသည်။
Bwin ကုမ္ပဏီက လာမည့်ရာသီတွင် မိုရက်စ်၏နေရာ၌ ဖာဂူဆန်
ပြန်လည်တာဝန်ယူလိမ့်မည်ဆိုသည့် ခန့်မှန်းမှုအတွက် ၁၁လေး၊ ၂လေးဖြင့် ကြေးဖွင့်ခဲ့ပြီး ယင်းကဲ့သို့ ကြေးဖွင့်မှုကြောင့် မန်ယူအသင်း အ၀တ်လဲခန်းအတွင်း ညီညွတ်မှု
ပျက်ပြားစေနိုင်သည့်အတွက် ဒေါသ
ထွက်နေကြခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ပရီးမီးယားလိဂ်ပွဲစဉ်(၉)ပွဲ ကစားပြီးရာတွင် (၃)အထိ ရှုံးနိမ့်ထားခဲ့ခြင်းကြောင့် မန်ယူအနေဖြင့် နည်းပြမိုရက်စ်ကို ထုတ်ပယ်တော့မည်ဟူသော သတင်းများထွက်ပေါ်နေပြီး Bwinမှ ကြေးဖွင့်ခဲ့ခြင်းနှင့် ပတ်သက်၍ မန်ယူအသင်း ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက “Bwin က ကျွန်တော်တို့ရဲ့ လက်တွဲဖော်ကုမ္ပဏီတစ်ခုဖြစ်လို့ အခုလိုမျိုးလုပ်တာ လက်သင့်မခံနိုင်သလို ဖြစ်လည်းမဖြစ်သင့်ပါဘူး”ဟု တုံ့ပြန်သွားခဲ့သည်။

zaw zaw tun

No comments:

Post a Comment