Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 30, 2013

ခေတ်သစ်ကျွန်သဘောက် အမည်ရှိ အလုပ်သမားများ အခြေအနေ အစီရင်ခံစာ ထုတ်ဝေ


ရန်ကုန်၊ အောက်တိုဘာ ၃၀။

Labour Rights Clinic (L.R.C) နှင့် အလုပ်သမားအဖွဲ့အစည်းများ ပူးပေါင်း၍ ရန်ကုန်မြို့ရှိ စက်မှုဇုံ (၁၃)ခုမှ လုပ်ငန်းခွင်များသို့ စစ်တမ်းကောက်ယူထားသော ခေတ်သစ် ကျွန်သဘောက် အမည်ရှိ ရန်ကုန်စက်မှုဇုန် အတွင်းရှိ အလုပ်သမားများ အခြေအနေ (၂၀၁၂ – ၂၀၁၃ ) ကို Labour Rights Clinic (L.R.C) မှ ထုတ်ဝေ လိုက်သည်။

“ ဒီအစီရင်ခံစာကို ဘာလို့ထုတ်ဝေရတာလဲဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကို အသစ်ဝင်ရောက်လာမယ့် ရင်းနှီးမြှပ်နှံမှုတွေ၊ စီးပွါးရေး လုပ်ငန်းတွေ ရောက်လာပြီ ဆိုတာနဲ့ စက်မှုဇုံတွေ၊ စက်ရုံအလုပ်ရုံတွေမှာ စိန်ခေါ်မှု အသစ်တွေ ရှိလာပါတယ်။ အဲလိုဝင်ရောက်လာတာနဲ့အမျှ မြန်မာအလုပ်သမားတွေမှာ နဂိုရှိပြီးသား ပြဿနာတွေဟာ နောက်ထပ် အလုံးအရင်းနဲ့ ထပ်ပြီးဖြစ်လာဖို့ ရှိသလို အလုပ်သမားတွေရဲ့ ဘဝနဲ့အခွင့်အရေးတွေကို မီးမောင်းထိုးပြဖို့ လိုအပ်နေပါတယ်။ ဒီလိုအရေးကိစ္စတွေကို အများပြည်သူတွေ အာရုံစိုက်မှု အားနည်းနေပါတယ်။ ဒီအစီရင်ခံစာကနေ သတင်းပြတ်တောက်မှုတွေကို ဖာထေးပေးပြီး အများပြည်သူတွေ အာရုံစိုက်လာအောင် ရည်ရွယ်ပါတယ်။ ဒီအစီရင်ခံစာကို အလုပ်သမားအရေး တက်ကြွ လှုပ်ရှားသူတွေ၊ အဖွဲ့အစည်းတွေ၊ အလုပ်သမား သမဂ္ဂတွေနဲ့ ဘယ်လိုအကြောင်း အရာတွေ၊ ဘယ်လို အခြေအနေတွေကို အဓိကထားပြီး တင်ပြကြမယ် ဆိုတာကို ဆွေးနွေးပြီးမှ အဆင့်ဆင့်ပြုစုခဲ့တာပါ။ အဓိကအခြေတည်တဲ့ အချက်အလက်တွေကတော့ လှိုင်သာယာ စက်မှုဇုံတွေမှာ ဖြစ်ပျက်နေတာတွေကို စစ်တမ်း ကောက်ယူ ထားပါတယ်။ ရရှိလာတဲ့ အချက်အလက်တွေကိုမှ စုစည်းပြီးတော့ သက်ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ ရေးဆွဲခဲ့တာ ဖြစ်ပါတယ် ”ဟု လုပ်သားနှင့် အလုပ်သမားရေးရာ အတိုင်ပင်ခံစင်တာမှ ဦးချစ်ဦးမောင်က ပြောသည်။

ယခုထုတ်ဝေလိုက်သော အစီရင်ခံစာတွင် အလုပ်သမားအခွင့်အရေး ချိုးဖေါက်ခံရမှုများ၊ လုပ်အားခ လစာ နည်းပါးမှုများ၊ လုပ်ငန်းခွင် လုံခြုံရေး အားနည်းမှုများ၊ အလုပ်သမား အသင်းအပင်းများ လွတ်လပ်စွာ ဖွဲ့စည်းခွင့် မရမှုများ၊ လုပ်ငန်းခွင် ကျန်းမာရေး စောင့်ရှောက်မှု အားနည်းမှုများကို လေ့လာစစ်တမ်း ကောက်ယူထားပြီး ယင်းအစီရင်ခံစာအား အလုပ်သမား ဝန်ကြီးဌာန၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ အလုပ်သမားဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့သွားမည်ဟုလည်း ၎င်းက ဆက်လက်၍ ပြောခဲ့သည်။

ဓါတ်ပုံ သီဟသစ်
မြန်မာ့ခေတ်

No comments:

Post a Comment