မန္တလေး၊ အောက်တိုဘာ ၁၉
မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင်
ယခုနှစ် ဇန်ဝါရီလမှ စက်တင်ဘာလအထိ ယာဉ်မောင်းလိုင်စင် လာရောက်
လျှောက်ထားသည့် နိုင်ငံခြားသား များတွင် တရုတ်နိုင်ငံသား အများဆုံး
ဖြစ်ကြောင်း အဆိုပါ ဌာန၏ မှတ်တမ်းများအရ သိရသည်။
ဒုတိယအများဆုံးမှာ တူရကီလူမျိုးများ ဖြစ်ပြီး ဟော်လန်နှင့် အမေရိကန် နိုင်ငံသား လျှောက်ထားမှုမှာ တစ်ဦးစီသာ ရှိကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူက ပြောကြားသည်။
မြန်မာနိုင်ငံတွင်းသို့ အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိနေထိုင်နေသည့်
နိုင်ငံခြားသားများအား ယာဉ်မောင်းလိုင်စင် ထုတ်ပေးရာတွင်
မြန်မာနိုင်ငံသားများ နည်းတူ လိုင်စင်သက်တမ်း သတ်မှတ်ထားပြီး စည်းကမ်းချက်
များမှာလည်း အတူတူဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။
"သတ်တမ်းရှိဗီဇာ ဖြစ်ရမယ်။ သူတို့နိုင်ငံ ယာဉ်မောင်းလိုင်စင် မှာလည်း
သက်တမ်း ရှိရမယ်။ ပြီးတော့ သက်ဆိုင်ရာ ကုမ္ပဏီ ဒါမှမဟုတ် ဌာနက တာဝန်ရှိသူ
တစ်ဦးက ထောက်ခံပေးရမယ်။ ကိုယ်ရေး အချက်အလက် အပြည့်အစုံနဲ့
အခွန်ဆောင်ပြီးပြီ ဆိုရင်တော့ လိုင်စင် ထုတ်ပေးပါတယ်။ စည်းကမ်း
မလိုက်နာရင်တော့ ပေးမယ့် ပြစ်ဒဏ်က နိုင်ငံသားတွေနဲ့ အတူတူပါပဲ။
ခုချိန်ထိတော့ စည်းကမ်း ဖောက်ဖျက်တဲ့သူ တစ်ယောက်မှ မရှိသေးပါဘူး" ဟု အဆိုပါ
ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လိုင်စင်လာလျှောက်သည့်
တရုတ်နိုင်ငံသား များတွင် စီးပွားရေး လုပ်ကိုင်နေသူများ၊ ကုမ္ပဏီဝန်ထမ်းများ
ပါဝင်ပြီး တူရကီနိုင်ငံသား များမှာမူ မန္တလေးရှိ ပညာရေး ကျောင်းများတွင်
သင်တန်းဆရာ အဖြစ် လာရောက်လုပ်ကိုင်သူ များကာ အများစုမှာ မန္တလေးမြို့လယ်
ဧရိယာတွင် နေထိုင်သူများ ဖြစ်ကြောင်း အဆိုပါ က.ည.န ရုံးရှိ လိုင်စင်ဌာနမှ
တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ
စက်တင်ဘာလထိ ယာဉ်မောင်းလိုင်စင် လာရောက်လျှောက်ထားသူ ၂၀၇ ဦး ရှိကြောင်း
က.ည.န လိုင်စင်ဌာန မှတ်တမ်းများအရ သိရသည်။
(ခန့်ခန့်)
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, October 20, 2013
မန္တလေးတိုင်း ယာဉ်မောင်းလိုင်စင် လျှောက်ထားမှု တရုတ်နိုင်ငံသား အများဆုံးဟုဆို
မန္တလေးတိုင်း ယာဉ်မောင်းလိုင်စင် လျှောက်ထားမှု တရုတ်နိုင်ငံသား အများဆုံးဟုဆို
Reviewed by VC
on
October 20, 2013
Rating: 5
Reviewed by VC
on
October 20, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment