Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 5, 2013

ပျားရည်ညှစ်စက် အသုံးပြုရာမှ ဓာတုဗေဒ ကျောင်းသားတစ်ဦး သေဆုံး



သတင်း၊ ကိုတိုးကြီး
ကနီ၊ အောက်တိုဘာ ၅

ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သမင်ခြံကျေးရွာတွင် အောက်တိုဘာ ၃ ရက်နေ့ မနက် ၆ နာရီခွဲအချိန်ခန့်က ပျားရည်ညှစ် စက် အသုံးပြုရာမှ ထိခိုက်၍ ဓာတုဗေဒကျောင်းသားတစ်ဦး သေဆုံးခဲ့ရကြောင်း
ချောင်းမကြီးကျေးရွာနေ ဒေသခံပြည်သူ တစ်ဦးမှ ပြောကြားသဖြင့် သိရှိရသည်။

အဆိုပါ ဒေသသည် ဇီးပျားရည်များထုတ်လုပ်သည့် ကုမ္မဏီအများအပြားရှိရာ ပျားမွေးမြူရေး သေတ္တာများအတွင်းရှိ ပျားရည် များညှစ်ထုတ်သည့်အခါ စက်ယန္တရားအား အသုံးပြု၍ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

ထိုကဲသို့ ပျားညှစ်စက်ဖြင့် ပျားရည်ထုတ်လုပ်နေသူ ဓာတုဗေဒ ဒုတိယနှစ် တက္ကသိုလ် ကျောင်းသားတစ်ဦးသည် ပျားရည် ညှစ်စက်ကို စက်ရပ်သတ်ရန်ပြုလုပ်စဉ် စက်ရပ်၍မရသဖြင့် အနီးရှိ တုတ်တစ်ချောင်ဖြင့် ကန့်လန့်ခဲ့ရာ အဆိုပါ တုတ်သည် စက်အရှိန်ဖြင့် ပြန်လည်ရိုက်ခတ်ခဲ့သဖြင့် ၎င်း၏ လည်ချောင်းအား ရိုက်ခတ်ခဲ့မိခြင်းဖြစ်သည်။

ထိုသူအား ကျေးရွာရှိဒေသ ခံပြည်သူများမှ အချိန်မီ မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူ ရန်သွားရောက်ခဲ့သော်လည်း လမ်းခုလတ် နေရာ၌ သေဆုံး ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

၎င်း သေဆုံးသူမှာ အင်းတော်မြို့၊ မဲဇာ အမှတ်(၆) ရပ်ကွက်နေ မောင်ကျော်မင်းဦး အသက်(၁၉)နှစ်၊ ဓာတုဗေဒ ဒုတိယနှစ် ကျောင်းသား ဆိုသူဖြစ်ကြောင်း သိရသည်။

အဆိုပါ လူသေဆုံးခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ကနီမြို့မရဲစခန်း၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဒုရဲအုပ် ကျော် သက် နှင့်အဖွဲ့မှ လာရောက်၍ စစ်ဆေးခဲ့သည်ဟု ဒေသခံ ပြည်သူတစ်ဦးမှ ပြောပြသည်။

သီးခြား သတင်းအတည်ပြုချက် ရရှိနိုင်ရန် ကနီမြို့မ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျရဲအရာရှိတစ်ဦးမှ အဆိုပါ လူသေဆုံးခဲ့ရမှုအား သေမှုသေခင်းအမှတ်စဉ် ၁၀/၂၀၁၃ အရ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တုန့်ပြန်ပြောကြားခဲ့ သဖြင့် သိရှိရသည်။

Posted From ကိုတိုး ချင်းတွင်း

No comments:

Post a Comment