Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 13, 2013

ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အမျိုးသား မော်ဒယ်လ် ဆင်းန်အိုပရီ


 

ကမ္ဘာကျော်မော်ဒယ်လ် ဆင်းန်အိုပရီ သည် ကမ္ဘာတွင် ဝင်ငွေ အကောင်းဆုံး အမျိုးသား မော်ဒယ်လ် အဖြစ် သတ်မှတ်ခံရကြောင်း သိရသည်။

အသက် ၂၄ နှစ်အရွယ်ရှိ အမေ ရိကန်မော်ဒယ်လ် ဆင်းန်အိုပရီသည် ကမ္ဘာကျော်ကုန်အမှတ်တံဆိပ်များဖြစ် ကြသော H & M, Zara နှင့် Cartier တို့၏ ပင်တိုင် မော်ဒယ်လ် ဖြစ်သည်။

ဆင်းန်အိုပရီသည် ပေါ့ပ်ဘုရင်မ မက်ဒေါနား၏ Girl Gone Wild ဂီတ ဗီဒီယိုတွင်လည်း ပါဝင် သရုပ်ဆောင် ထားပြီး ၎င်း၏ ပြီးခဲ့သည့်နှစ်က ရရှိသော ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းရှိသည်ဟု Forbes မဂ္ဂဇင်းမှ ခန့်မှန်း ထားသည်။

ဆင်းန်အိုပရီ၏ ဝင်ငွေ အများစုမှာ Jil Sander ၏ Ultrasense ကြော်ငြာနှင့် Viktor & Rolf ၏ Spiceboomb ရေမွှေးတို့မှ ရရှိသော ဝင်ငွေများ ဖြစ်ကြောင်း သိရ သည်။

မြ၀တီ

No comments:

Post a Comment