Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 1, 2013

မန္တလေးမြို့မှ ကျောင်းသားတစ်ဦး မြို့ပြအင်ဂျင်နီယာ ဘာသာရပ်ဖြင့် တစ်ကမ္ဘာလုံး၌ ပထမရွှေတံဆိပ်ဆုရရှိ


လှိုင်ထွေးအောင်
======================================
မန္တလေး ၊ စက်တင်ဘာ ၃၀။ ။ အင်္ဂလန် နိုင်ငံ City & Guilds International(UK) က တိုက်ရိုက်စစ်ဆေး သောစာမေးပွဲတွင် Naypyidaw Engineering Center(NEC) အင်ဂျင်နီယာ ဒီပလိုမာသင်တန်း ကျောင်းမှ ၂၀၁၁-၂၀၁၂ ပညာ သင်နှစ် ကျောင်းသားတစ်ဦးမှာ မြို့ပြအင်ဂျင်နီယာ ဘာသာရပ် တွင် တစ်ကမ္ဘာလုံး၌ ပထမဆုရ ရှိသွားသဖြင့် ရွှေတံဆိပ်ဆု ချီးမြှင့် ခြင်းခံခဲ့ရကြောင်း သိရသည်။

မန္တလေးမြို့ အင်ဂျင်နီယာ ဒီပလိုမာသင်တန်းကျောင်းကို City & Guilds International ၏ Approved Centre အဖြစ် ၁၉၉၉ ခုနှစ်က စတင်ဖွင့် လှစ်ခဲ့ပြီး ၁၄ နှစ် အတွင်း အင်ဂျင်နီယာ ဒီပလိုမာ အဆင့်ရရှိသွားသူ ၆၀၀ ကျော်၊ အဆင့်မြင့်ဒီပလိုမာ ရရှိသွားသူ ၃၀ ကျော်နှင့် အောင်လက်မှတ် အဆင့်ရရှိသူ ၁၀၀၀ ကျော်မွေး ထုတ်သင်ကြားခဲ့ပြီးဖြစ်သည်။

''NEC ကျောင်းက စာ မေးပွဲအောင်ဖို့ သင်တဲ့ကျူရှင် မဟုတ်ပါဘူး။ ဂုဏ်သိက္ခာရှိတဲ့ အတတ်ပညာတွေရဖို့ သင်ပေးတဲ့ ကျောင်းပါ။ စာမေးပွဲအောင်ဖို့ဆို တဲ့ဆန္ဒထက် တတ်မြောက်ကျွမ်း ကျင်တဲ့ အင်ဂျင်နီယာဖြစ်ရမယ် ဆိုတဲ့စိတ်နဲ့ ကြိုးစားပါ''ဟု တစ် ကမ္ဘာလုံး ပထမရွှေတံဆိပ်ဆုရှင် အား ဂုဏ်ပြုဆုချီးမြှင့်ပွဲတွင်NEC ကိုတည်ထောင်သူ ဆရာကြီးဦးလှ အောင်ကပြောသည်။

၂၀၁၁-၂၀၁၂ ပညာရည် ချွန်ဆုပေးပွဲကို စက်တင်ဘာ ၂၈ ရက်က ဟိုတယ်မန္တလေးခန်းမ တွင်ကျင်းပရာ မြန်မာနိုင်ငံအင် ဂျင်နီယာ အသင်း(မန္တလေးအသင်း ခွဲ)ဥက္ကဋ္ဌ၊ မန္တလေးမြို့တော်စည် ပင် သာယာရေးကော် မတီဝင် ဦးထွန်းကြည်က အမှာစကားပြော ကြားခဲ့ပြီး British Council ၏ Office Manager ဆရာဦးအေး ကြူက နိုင်ငံတကာအသိအမှတ်ပြု သင်တန်းများ၊ စာမေးပွဲများနှင့် ပတ်သက်၍ ပြောကြားကာ NEC ကျာင်းအုပ်ဆရာကြီး ဦးလှအောင် ကသင်တန်းနှင့် ပတ်သက်၍ရှင်း လင်းပြောကြားသည်။

တာဝန်ရှိသူများကသင်ကြား မှုထူးချွန်ရွှေတံဆိပ်ဆုရ ဆရာမ ဒေါ်အေးမြတ် မွန်၊ တစ်ကမ္ဘာလုံး တွင် ရွှေတံဆိပ်ဆုရ မောင်အာ ကာဟိန်း၊ အင်ဂျင်နီ ယာဒီပလိုမာ နှင့်အဆင့်မြင့် Advanced Diploma ထူးချွန်စွာအောင်မြင်သူ များကို ဆုများအသီးသီး ပေးအပ် ချီးမြှင့်ကြောင်း သိရသည်။

No comments:

Post a Comment