CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, October 31, 2013
ကျောင်းသူကလေးငယ်တစ်ဦးကို သားမယားအဖြစ် ဆက်ဆံပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေသူများအား အမှုဖွင့်စစ်ဆေးနေ
၁၃ နှစ်အရွယ်ကလေးငယ်ကို အမျိုးသားတစ်ဦးက အကြိမ်ကြိမ်ကာမဆက်ဆံပြီးနောက် ပြည့်တန်ဆာ အိမ်သို့ ရောင်းချစေခိုင်းခဲ့မှုကြောင့် ပါဝင်ပတ်သက်သူများကို ဖမ်းဆီးစစ်ဆေးနေကြောင်း အခင်းဖြစ် မြို့နယ်ဖြစ်သည့် လှိုင်သာယာမြို့နယ်ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဌေးဝင်းက အောက်တိုဘာ ၃၁ ရက်တွင် မဇ္ဈိမသို့ ပြောသည်။
“ အမှုကို ကလေးမိခင်ကတိုင်တန်းထားတဲ့အတွက် အမှုဖွင့် စစ်ဆေးပေးရတယ်၊ ဒီအမှုမှာ ကောင်မလေး က အလိုတူလို့ ဖြစ်ခဲ့ပေမယ့် ၁၄ နှစ်အောက်ဖြစ်နေတဲ့အတွက် အဓမ္မပြုကျင့်မှုနဲ့ အမှုဖွင့်ရတာပါ” ဟု ရဲအုပ်ဌေးဝင်းက ရှင်းပြသည်။
အဆိုပါ အမှုကို လှိုင်သာယာ၊ ---ရပ်ကွက်နေ မ----(၃၂)နှစ် ၊( ဈေး ရောင်း) က အမှုဖွင့် တိုင်တန်း ထားခြင်းလည်းဖြစ်သည်။
သူမသည် အောက်တိုဘာ ၂၄ ရက်က သီရိမင်္ဂလာဈေးတွင် ဈေးရောင်းနေစဉ် သမီးဖြစ်သူ မ----(၁၃နှစ် ရှစ်လ) အား နေအိမ်သို့ ပြန်လွှတ်ခဲ့သည်။ ထို့နောက် ၂၅ ရက်နေ့တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိပြီး ခဏအိပ်၍ နိုးစဉ်သမီးငယ်၏ ကျောင်းလွယ်အိတ်အားတွေ့၍ ကျောင်းမတက်ကြောင်း သိရှိသဖြင့် စုံစမ်းရှာဖွေခဲ့သော်လည်း တွေ့ရှိခြင်းမရှိခဲ့ဟု ရဲထံတွင် ပြောပြထားသည်။
၎င်းနောက်လေးရက်အကြာ အောက်တိုဘာ ၂၉ ရက် နေ့လယ် ၁၂ နာရီတွင် သမီးဖြစ်သူအား အမှတ် (၆)ရပ်ကွက်၊ သုခ(၁)လမ်းရှိ မအေးအေးအောင်၏ နေအိမ်တွင် တွေ့ရှိခဲ့သဖြင့် နေအိမ်သို့ ပြန်လည်ခေါ် ယူမေးမြန်းခဲ့သည်ဟုလည်း ဆက်လက်ပြောပြထားသည်။
ထို့ကြောင့် သမီးဖြစ်သူအား စကားလိုက်ပြောဖူးသူ အမည်မသိ၊ အသက် (၂၈)နှစ်အရွယ် ၊ အမျိုးသား (စုံစမ်းဆဲ) က န၀ဒေးအိမ်ရာအနီးရှိ အမည်မသိတည်းခိုခန်းတစ်ခုသို့ ခေါ်ဆောင်သွားပြီး သားမယား အဖြစ် ပြုကျင့်ခဲ့သည်ဟု ဆိုသည်။
ထို့ပြင် လှိုင်မြို့နယ်ချောင်းဝကား မှတ်တိုင်ဘက်သို့ ထပ်မံခေါ်ဆောင်ပြီး မဟာတည်ခိုခန်းတွင် တစ်ပတ် ခန့် သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ဆက်ဆံခဲ့သည်ဟုလည်း တရားလိုက အမှုဖွင့်ရာတွင် ထည့် သွင်းပြောပြထားသည်။
“ဒီအမှုမှာ သားမယားပြုကျင့်ခဲ့တယ်ဆိုတဲ့လူကို ကောင်မလေးက နာမည်မသိဘူး၊ လူမမှတ်မိဘူးလို့ ထွက်ဆိုထားတယ်၊ အဲဒီတော့ သူ့ကိုစခေါ်သွားတဲ့ နေရာတွေနဲ့ သွားခဲ့တဲ့နေရာတွေကို အတည်ပြုပြီး ဖော်ထုတ်ဖို့ လုပ်နေပါတယ်” ဟု ရဲအုပ်ဌေးဝင်းက ပြောပြသည်။
ထို့နောက် ၎င်းသားမယားအဖြစ် ဆက်ဆံခဲ့သူက မိန်းကလေးအား အခြားအမျိုးသားတစ်ယောက်ထံ လွှဲပြောင်းပေးခဲ့ပြီး ထိုမှတစ်ဆင့် ပြည့်တန်ဆာခေါင်းလုပ်သူ တစ်ဦးထံ ရောက်ရှိသွားခဲ့သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။
“ ဒီအမှုကို မုဒိမ်းမှု (၃၇၆)အပြင်၊ ပြည့်တန်ဆာ ရောင်းချမှု (၃၇၂)၊ ၀ယ်ယူလက်ခံမှု ပုဒ်မ (၃၇၃)နဲ့ စစ်ဆေးနေတာပါ၊ ဖော်ထုတ်ချက်အရ နောက်ထပ်တစ်ဦး ပါဝင်ပတ်သက်နေတယ်လို့ သိရှိရတဲ့အတွက် အားပေးကူမှု ပုဒ်မ ၁၁၄ ပါထည့်ပြီး စစ်ဆေးနေပါတယ်။ ဒီအမှုက စစ်ဆေးဆဲဆိုတော့ တိတိကျကျကြီး တော့ မပြောနိုင်သေးပါဘူး” ဟု ရဲအုပ်ဌေးဝင်း က မဇ္ဈိမသို့ ပြောသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese
ကျောင်းသူကလေးငယ်တစ်ဦးကို သားမယားအဖြစ် ဆက်ဆံပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေသူများအား အမှုဖွင့်စစ်ဆေးနေ
Reviewed by VC
on
October 31, 2013
Rating: 5
Reviewed by VC
on
October 31, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment