CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
နောက်ကြည့်မှန်တစ်ခါတည်းပါသည့် ဆိုင်ကယ်ဦးထုပ်
- 10 October 2013 |
- By ရိုးရာလေး
ဆိုင်ကယ်မောင်းသူများအတွက်
သတင်းကောင်းလေးပါ။ ဆိုင်ကယ်ဦးထုပ် ဆောင်းရုံ နဲ့ နောက်ဘက်က
မြင်ကွင်းအားလုံး ကို မြင်တွေ့ နိုင်ပါပြီ။ ဒီတော့ ဆိုင်ကယ်မှာ
နောက်ကြည့်မှန် တပ်ထားစရာ မလိုတော့ပါဘူး။
ဆိုင်ကယ်မှာတင်မဟုတ်တော့ဘူး။ စစ်ဘက်ဆိုင်ရာမှာလည်း အသုံးပြု မှာ
ဖြစ်ပါတယ်။ ကွန်မက်ဒို စစ်သားများ အသုံးပြုဖို့အတွက် လည်း နောက် ဘက်ကို
မြင်ရမယ့် ဦးထုပ်မျိုး ဖန်တီးမှာ ဖြစ်ပါတယ်။ ဒီအတွက် ဘာနည်းပညာ
ပစ္စည်းမှထွေထွေထူးထူးတပ်ဆင်ထားခြင်း မရှိပါဘူး။ ပိုလီကာဗွန်နိုက်
သားနဲ့လုပ်တဲ့ အကြမ်းခံ၊ ပေါ့ပေါ့ပါးပါး ဦးထုပ်ဖြစ်ပြီး အနောက်ကို
မြင်ရအောင်ကျ မှန်ပဲထည့်ထားတာပါ။
သို့ပေမယ့် အတွင်းက မှန်ထည့်သွင်းတပ်ဆင်ပုံက အင်မတန် ထူးခြားပါ တယ်။
ဒါကြောင့်လည်း အနောက်ကို ယခုလို ရှင်းရှင်းလင်းလင်း မြင် ရတာ ဖြစ်ပါတယ်။
အကြမ်းလည်း အတော်ခံတယ်လို့ ဆိုပါတယ်။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ
၄၈၀ ဝန်းကျင်နဲ့ သတ်မှတ် ရောင်းချနေတော့ နည်းတဲ့ဈေးလည်း မဟုတ်ပါဘူး။
အောက်ပါ လခ့်မှာ ဝင်ရောက် လေ့လာ၊မှာယူ နိုင်ပါတယ်။
http://amzn.to/11oxczg
--
အောင်ခမ်း ( ရိုးရာလေး )
နောက်ကြည့်မှန်တစ်ခါတည်းပါသည့် ဆိုင်ကယ်ဦးထုပ်
Reviewed by
VC
on
October 10, 2013
Rating:
5
No comments:
Post a Comment