Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 17, 2013

မိုးစက်ဝိုင် ထိုင်းနိုင်ငံမှာ ဘာတွေလှုပ်ရှားနေလဲ

Miss Universe Myanmar မိုးစက်ဝိုင်ဟာ အခုဆိုရင် ထိုင်းနိုင်ငံ ဘန်ကောက်မှာရောက်ရှိနေပါတယ်။ ဘန်ကောက်မှာ ၂ ၇က်တာနေထိုင်မှာဖြစ်ပြီး ထိုင်းနိုင်ငံမှာရှိတဲ့ သတင်းမီဒီယာတွေနဲ့လဲ  တွေ့ဆုံ မှုတွေ လည်းပြုလုပ်နေပါတယ်။ 



ထိုင်းမယ်နဲ့ မိုးစက်ဝိုင်တို့ အတူ၊ ဓာတ်ပုံ- မိုးစက်ဝိုင် face book စာမျက်နှာ
သူနဲ့ အတူ မယ်စင်္ကြာဝဠာ ၀င်ရောက်ယဉ်ပြိုင်မယ့် ထိုင်းနိုင်ငံကိုယ်စားပြု Miss Thailand နဲ့ အတူ တွေ့ဆုံပွဲတွေကိုလည်းပြုလုပ်နေပါတယ်တဲ့။

ရုရှားမှာနေထိုင်စဉ်အတွင်း Miss Thailand နဲ့အခန်းဖော် အဖြစ်နေထိုင်ရမှာလည်း ဖြစ်ပါတယ်တဲ့။ ဘန်ကောက်မှာ ရှိတဲ့ Central World က  အစီအစဉ်တခုကလည်း သူ့လှုပ်ရှားမှု တခုအဖြစ် ပါဝင်ပါတယ်။ 

လာမယ့် အောက်တိုဘာ ၁၈ ရက်နေ့မှာတော့ ရုရှားနိုင်ငံကို ထွက်ခွာမှာ ဖြစ်ပြီး ထိုင်းနိုင်ငံရှိနေစဉ် အခိုက် မိုးစက်ဝိုင်ကို လေ့ကျင့်သင်ကြားပေးမှုတချို့ကို ထိုင်းက Farung Yuthithum က လုပ်ဆောင်ပေးမှာဖြစ် တယ်လို့ သူ့ရဲ့ တွစ်တာက အသိပေးထားပါတယ်။ 

အခု မိုးစက်ဝိုင် ရဲ့ ထိုင်းနိုင်ငံရောက်နေခိုက်  လတ်တလော လှုပ်ရှားမှု ပုံရိပ်တွေကိုတင်ပြပေး လိုက်ပါတယ်။

အိမ့်သံစဉ် ~

No comments:

Post a Comment