Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 15, 2013

စန္ဒီ ၁၅၀၀ ကွယ်လွန်ပြီ....


အဆိုတော် သြရသနဲ့ တွဲဖက်သီဆိုတဲ့´လက်ခုပ်နှစ်ဖက်´ သီချင်း၊´၁၅၀၀ ´သီချင်းတွေ သီဆိုအောင်မြင်ခဲ့တဲ့ အဆိုတော် စန္ဒီဟာ ဒီမနက် ၁ နာရီမှာ
ပဲကျွန်းတောလမ်း နေအိမ်မှာ ဆုံးသွားပြီလို့သိရပါတယ်။

စန္ဒီရဲ့မိခင်က´´ သမီးလေးက အစာအိမ်ဖြစ်နေတာကြာပြီ။ နည်းနည်းလေးကောင်းလိုက်ပြန် ထလိုက်ဖြစ်နေတာ။ အဲဒီအချိန်မှာအသားဝါ ၀င်တာနှစ်ပတ်လောက်ရှိသွာုးပြီ။ဒီမနက်တော့ ဆုံးသွားတာပါ´´လို့ ပြောပြပါတယ်။

စန္ဒီရဲ့ရုပ်အလောင်းကို သောကြာနေ့ ၄ နာရီ၊ ရေးဝေးသုဿန်မှာ သဂြိုဟ်မယ်လို့သိရပါတယ်။ သူမ ဟာ၂၀၁၁ ခုနစ်က ´၁၅၀၀´ VCD ထွက်ရှိခဲ့ပြီးဒုတိယအခွေအတွက်ပြင်ဆင်လျက်ရှိကာ သီချင်း ၈ ပုဒ်ခန့်ပြီးစီးသွားချိန်မှာပဲ ဆုံးပါးသွားတာဖြစ်ပါ
တယ်။ စန္ဒီရဲ့ မိသားစုနဲ့ထပ်တူ၊ပရိသတ်တွေနဲ့ထပ်တူ Sunday journal ကလည်းဝမ်းနည်းမိပါတယ်....။ ။

Sunday Journal
https://www.facebook.com/photo.php?fbid=572181609503922&set=a.370222093033209.98085.370211826367569&type=1&relevant_count=1

Myanma Light

No comments:

Post a Comment