- 03 October 2013 |
- By 8 Days
မိန်းကလေးပဲ
ဗေဒင်ကို စိတ်ဝင်စားတာပေါ့။ လက်္ခဏာကြည့် ဖြစ်တယ်။ စပ်စုတာပေါ့နော်။ ဗေဒင်က
အတိုင်းအတာ တစ်ခုလောက်ထိ မှန်တာတွေလည်း ရှိတာပဲ။ ဒါပေမဲ့ ဘယ်သူမပြု
မိမိမှုပေါ့။ ကိုယ်လုပ် မှရတာတွေလည်း ရှိတယ်။ ဗေဒင် ဆိုတာကတော့ ကောင်းတာ၊
ဆိုးတာ၊ ညံ့တာတွေကိုပြောပြတော့ ကိုယ်က ရှောင်စရာရှိတာ ရှောင်လို့ ရတယ်။
ဘုရား၊ တရားလေးနဲ့ စောင့်ရှောက်တာတော့ ကောင်းပါတယ်။ အဓိကကတော့ ဗေဒင်ဆိုတာ
ဘုရား၊ တရားလုပ်ဖို့ပဲ ပြောတာ များပါတယ်။ ဘာသာရေးလုပ် ဖို့ပြောတာပေါ့။ဘာသာရေးကတော့ လုပ်ရမှာပဲ။ ဘာသာရေး များများလုပ်မှ ကိုယ့်အတွက် အကာ အကွယ်လည်း ဖြစ်မယ်။ အစောင့် အရှောက်လည်း ဖြစ်တယ်။ ဘာသာရေးကို ယုံယုံကြည်ကြည်နဲ့ လုပ်သင့်တယ်။ ဗေဒင်ကို အရမ်း ယုံကြည်တာမျိုးတော့ မဟုတ်ပါဘူး။ မယုံဘူးလည်း မဟုတ်ဘူး။ အားလုံးကို ကစ်က လက်ခံပါတယ်။ ဘယ်အရာမဆို သူ့ဟာနဲ့သူ ဟုတ်နေတာပါပဲ။ ဗေဒင်က မှန်တာတွေလည်း ရှိပါတယ်။
မဇ္ဈိမ ပဋိပဒါပေါ့။ အလယ် အလတ်ပါပဲ။ အစွန်းရောက်ကြီးလည်း မဟုတ်ပါဘူး။ ကစ်က အားလုံးကို လက်ခံပါတယ်။ ဥပါဒ်ဒဏ် ကြောင့် ဥပါဒ်ရောက်တာမျိုးလည်း ရှိပါတယ်။ ဗေဒင်ကို ယုံသင့်သလောက်လည်း ယုံတယ်။ အစွန်း ရောက်ကြီးတော့ မဟုတ်ပါဘူး။
တချို့ကျတော့လည်း ဗေဒင်ကို မယုံဘူး။ ကိုယ်လုပ်မှ ကိုယ်ရမယ် ဆိုတဲ့ သူမျိုးကိုရော ကစ်က ဘယ်လိုမြင် လဲဆိုတော့ အဲဒါကတော့ တစ်ယောက်နဲ့ တစ်ယောက် အယူအဆ ချင်းတော့ မတူပါဘူး။
ကျော်မျိုးနိုင်

No comments:
Post a Comment