Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 7, 2013

မိုးစက်ဝိုင်နှင့် နေရွှေသွေးအောင် ပတ်သက်မှု လုံးဝမရှိဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၇။

Miss Universe Myanmar 2013 ဆုရရှိခဲ့သော မိုးစက်ဝိုင်နှင့် မီဒီယာများ
တွေ့ဆုံမှုကို ရန်ကုန်မြို့၊ Park Royal Hotel တွင် ယနေ့ ပြုလုပ်ခဲ့ပြီး
အင်တာနက် စာမျက်နှာများတွင် ပြန့်နှံ့လျက်ရှိသော နေရွှေသွေးအောင်နှင့်
အတူ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် တွေ့ရခြင်းနှင့် ပတ်သက်၍ ကျောင်းသူတစ်ယောက် ဖြစ်ခဲ့ဖူး၍ အားပေးခဲ့ခြင်းသြာ
ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အင်တာနက် စာမျက်နှာများပေါ်တွင် လူပြောများနေသော နေရွှေသွေးအောင်နှင့် ပက်သက်၍ “ပက်သက်မှု လုံးဝမရှိပါဘူး။ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပွဲမှာ ကျွန်မကိုဖိတ်တော့ ဒဂုံတက္ကသိုလ်မှာ အဝေးသင် တက္ကသိုလ် တက်ခဲ့ဖူးလို့ တက္ကသိုလ်ကျောင်းသူ တစ်ယောက်အနေနဲ့ သွားခဲ့တာပါ။ ဒီလိုမျိုး ကောလဟလတွေ ကြားလိုက်ရတော့ တော်တော်စိတ်မကောင်း ဖြစ်ရပါတယ်” ဟု မိုးစက်ဝိုင်က
ပြောသည်။

အဆိုပါတွေ့ဆုံပွဲကို Miss Universe Myanmar 2013 ဆုရှင် မိုးစက်ဝိုင်နှင့်အတူ First Runner Up ရရှိခဲ့သော အေးချမ်းမိုး၊ Miss Universe Myanmar 2013 ဖြစ်မြောက်ရေး အဖွဲ့အစည်း၊ စပွန်ဆာ ပေးခဲ့ကြသော ကုမ္ပဏီများ တက်ရောက်ခဲ့ကြသည်။

ဓါတ်ပုံ - သီဟသစ်

The Myanma Age







No comments:

Post a Comment