Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 20, 2013

အခြေခံဥပဒေပြင်ဖို့ ဒေါ်စုထပ်မံတိုက်တွန်း

ဖွဲ့စည်းပုံအခြေခံဥပဒေကို ​မပြင်ဆင်ရင် ​လာမယ့် ​၂၀၁၅ ​ရွေးကောက်ပွဲဟာ ​ဒီမိုကရေစီ ​နည်းလမ်းမကျဘူးလို့ ​ဥရောပကို ​၂ ​ပတ်ကြာ ​ခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ ​အမျိုးသား ​ဒီမိုကရေစီ ​အဖွဲ့ချုပ်ဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်က  ​ပြောကြားလိုက်ပါတယ်။

ဥရောပ ​၅ ​နိုင်ငံကို ​သွားရောက်ခိုက် ​ဥရောပ ​ကော်မရှင်နာ ​မင်းကြီး ​Jose ​Barroso ​နဲ့ ​ဘရာဆဲလ်မြို့မှာ ​စနေနေ့က ​တွေ့ဆုံတုန်းမှာ ​အခုလို ​ပြောကြားလိုက်တာ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ​ပြုပြင်ပြောင်းလဲမှုတွေကို ​ဥရောပသမဂ္ဂအနေနဲ့ ​သတိကြီးစွာနဲ့ ​စောင့်ကြည့် ​အကဲခတ်နေမယ်လို့ ​ပြောသွားခဲ့ပြီး ​၂၀၁၅ ​မြန်မာရွေးကောက်ပွဲဟာလည်း ​ပွင့်လင်းမြင်သာမှုရှိပြီး ​အများကယုံကြည်နိုင်မှုရှိသင့်သလို ​လူတိုင်းပါဝင်နိုင်ဖို့လိုအပ်ကြောင်း ​ဥရောပ ​ကော်မရှင်နာ ​မင်းကြီး ​Jose ​Barroso ​က ​ပြောကြားခဲ့ပါတယ်။

၁၉၉၈ခုနှစ် ​တုန်းက ​ဒေါ်အောင်ဆန်းစုကြည် ​နေအိမ်အကျယ်ချုပ် ​ကျစဉ် ​အတွင်း ​ဘယ်လ်ဂျီယမ်နိုင်ငံ ​လူဗန်း ​ကက်သလစ် ​တက္ကသိုလ် ​က ​ချီးမြှင့်ထားခဲ့ဘူးတဲ့ ​ဂုဏ်ထူးဆောင် ​ဒေါက်တာဘွဲ့ကို ​လက်ခံ ​ရယူခဲ့ပြီး ​"Charity ​and ​compassion ​in ​politics" ​နိုင်ငံရေးဆိုင်ရာ ​ဒါနနဲ့ ​ကရုဏာ ​ဆိုတဲ့ ​ခေါင်းစဉ်နဲ့ ​ဟောပြောခဲ့ပါတယ်။

ဒီကနေ့ ​တနင်္လာနေ့မှာတော့ ​ဒေါ်အောင်ဆန်းစုကြည်ဟာ ​အီးယူအဖွဲ့က ​နိုင်ငံခြားရေးဝန်ကြီး ​၂၈ ​ဦးနဲ့ ​လူဇင်ဘတ်မှာတွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။

လွန်ခဲ့တဲ့ ​၂၃ ​နှစ်က ​ချီးမြှင့်ခံရတဲ့ ​အီးယူ- ​ဥရောပသမဂ္ဂရဲ့ ​အမြင့်ဆုံး ​Sakharov ​လူ့အခွင့်အရေးဆုကို ​Strasbourg ​မြို့မှာ ​ကျင်းပတဲ့ ​ဥရောပပါလီမန်မှာ ​ဒေါ်အောင်ဆန်းစုကြည်ဟာ ​မနက်ဖြန် ​အင်္ဂါနေ့ကျရင် ​လက်ခံရယူဖို့ ​ရှိကြောင်း ​သိရှိရပါတယ်။

ABC Radio Australia

No comments:

Post a Comment