မန္တလေး၊ အောက်တိုဘာ ၇
ရွှေကြောတွေ့ရှိပြီး ရွှေထုတ်သော်လည်း မရရှိသည့် နေရာများတွင်
တူးဖော်လုပ်ကိုင်နိုင်ရန် ဂျပန်နှင့် တရုတ်နိုင်ငံမှ ပညာရှင်များကို
ခေါ်ယူကာ နည်းပညာ အကူအညီဖြင့် ရွှေထုတ်လုပ်သွားမည်ဖြစ် ကြောင်း
စဥ့်ကူးမြို့နယ်တွင် ရွှေတူးဖော်ရေး ဆောင်ရွက်မည့် လမ်းကျယ်ကုမ္ပဏီ လီမိတက်မှ
မန်နေဂျင်းဒါရိုက်တာ ဦးဝင်းလွင်က ပြောကြားသည်။
"ပေတစ်ရာအနက်မှာ ရွှေကြောတစ်ခု
တွေ့တယ်။ အဲဒီက ဗြုန်းတွေကို ပြဒါးနဲ့ဖမ်းပြီး ရွှေချက်တာ ရွှေထွက်မလာလို့
နည်းပညာ အကူအညီနဲ့ ထုတ်လုပ်ဖို့ စီစဉ်နေတာပါ" ဟု ၄င်းကဆိုသည်။
အဆိုပါ
ပညာရှင်များသည် အောက်တိုဘာလကုန်တွင် လာရောက် လေ့လာမည်ဖြစ်ပြီး
ရွှေထုတ်လုပ်မှုကို နည်းပညာ အကူအညီဖြင့် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း
၎င်းကဆက်လက်ပြော ကြားသည်။
"အခုအချိန်မှာ ရွှေထုတ်တာ
အဆင့်မြင့်နည်းပညာတွေ သုံးပြီး လုပ်လာကြတယ်" ဟု မန္တလေးမြို့တော် အခြေစိုက်
ရွှေပန်းထိမ်လုပ်ငန်းရှင် ဦးရွှေမိုးကဆိုသည်။
လက်ရှိ
သပိတ်ကျင်းနှင့် စဥ့်ကူးမြို့နယ် တို့ရှိ ရွှေတူးဖော်ရေး လုပ်ငန်းအချို့
ရွှေတူးဖော်ရေး လုပ်ငန်းများ ရာသီဥတုကြောင့် ရပ်နားထားရပြီး
မန္တလေးမြို့တော် ဈေးကွက်အတွင်းသို့ ရွှေဝင်ရောက်မှု လျော့နည်းနေကြောင်း
မန္တလေးမြို့တော် အခြေစိုက် ရွှေလုပ်ငန်းရှင်များ ထံမှ သိရသည်။
"ရွှေတူးဖို့တွင်းတွေမှာ ရေပြည့်နေလို့ ရပ်ထားရတာ သုံးလရှိပြီ။ တွင်း ၂၀
လောက် ပတ်ဝန်းကျင်မှာ ရေပြည့်နေတော့ ဘယ်လိုမှတူးမရဘူး" ဟု
စဥ့်ကူးမြို့နယ်တွင် ရွှေတူးဖော်နေသည့် ရွှေလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
ယင်းရေများ စုပ်ထုတ်တူးဖော်ရန်လည်း ခက်ခဲနေသဖြင့် နိုဝင်ဘာလ ရောက်မှသာလျှင် တူးဖော်နိုင်မည် ဖြစ်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, October 9, 2013
ဂျပန်နှင့် တရုတ် ပညာရှင်များထံမှ ရွှေတူးဖော်နည်းရယူမည်
ဂျပန်နှင့် တရုတ် ပညာရှင်များထံမှ ရွှေတူးဖော်နည်းရယူမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 09, 2013
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 09, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment