အစ္စရေးရဲ့ ပထမဆုံးလူမည်း အလှမယ်ဖြစ်တဲ့ တီတီအေးနြူးဟာ မိဘမဲ့တစ်ယောက်ဖြစ်ခဲ့ပြီး အီသီအိုး ပီယားကနေ အစ္စရေးကိုပြောင်းရွှေ့ အခြေချခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
အစ္စရေးကိုရောက်တော့ ဟီဘရူးဘာသာစကားကိုသင်ကြားခဲ့ပြီး ဟီဘရူးဘာသာစကားကိုအောင်အောင်မြင်မြင်သင်ကြားလိုက်နိုင်ခြင်းဟာသူ့ ဘ၀ အတွက် ကြီးမားတဲ့ အပြောင်းအလဲတစ်ရပ်ဖြစ်စေခဲ့ပါတယ်။
အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့တီတီက "ကျမငယ်ငယ်က အရမ်းကြောက်တတ်တဲ့ကလေးတစ်ယောက်ပါ။ကျမ အနာဂတ်ဘာတွေဖြစ်လာမလဲကျမ မသိဘူး။ခုလိုလုပ်နေရလိမ့်မယ်လို့ အဲဒီတုန်း ကမသိခဲ့ ဘူး။ ဟီဘရူးဘာသာစကားအခက်အခဲကိုအောင်မြင်စွာ ကျော်ဖြတ်ပြီးတဲ့နောက် ကျမအတွင်း အဇ္ဈတ္တထဲက ပြောင်း လဲသွားတယ်။ အရာအားလုံးဖြစ်နိုင်တယ်။ အားလုံးကျမရဲ့ ထိန်းချုပ်မှုအောက်မှာရှိ တယ်။ ကျမဘ၀ လုံးလုံးလျားလျားပြောင်းလဲသွားခဲ့ပါတယ်။ အစ္စရေးရဲ့ အလှမယ် တစ်ယောက်ဖြစ်ရခြင်း ဟာ ကျမလေးလေးနက်နက်ထမ်းဆောင်တဲ့ တာဝန်တစ်ရပ်ပါ " လို့ သူကပြောပါတယ်။
၂၀၀၀ခုနှစ်မှာ သူရဲ့ အဘိုးအဘွားများဟာ အစ္စရေးကိုပြောင်းရွှေ့ အခြေချခဲ့ကြပါတယ်။
သူ့ မိဘတွေ လိုက်လာဖို့ စီစဉ်ခဲ့ပေမယ့် ရောက်မလာနိုင်ပဲသေဆုံးခဲ့ကြတယ်။မိဘမဲ့သွားတဲ့ အသက် ၁၀နှစ်အရွယ် တီတီနဲ့ သူ့ မောင် လေးကို အဒေါ်ဖြစ်သူကစောင့်ရှောက်ခဲ့ရပြီး အစ္စရေးကို ဂျူးအေဂျင်စီ ရဲ့ အကူအညီနဲ့  ရောက်ရှိခဲ့ပါတယ်။ အစ္စရေးမှာ အီသီအိုးပီးယားပြောင်းရွှေ့ အခြေချ သူအများစုနေ ထိုင်တဲ့နေတန်ယာမြို့ မှာအဘိုးအဘွားတွေနဲ့ အတူ နေ ထိုင်ခဲ့ပါတယ်။
"ကျမအစ္စရေးကိုရောက်တော့ ပထမဆုံးကျမလုပ်ချင်ခဲ့တာက ဟီဘရူးဘာသာစကားသင်ယူချင်တာပါ။ ဟီဘရူးဘာသာစကားသင်ယူခြင်း ဟာကျမနဲ့ တခြားသော ပြောင်းရွှေ့  လာတဲ့သူတွေ အတွက် ကျော်ဖြတ်ရတဲ့ စိန်ခေါ်မှုတခုပါ။ ကျမက အမ်ဟရစ်ဘာသာစကားကိုပြောခဲ့တဲ့သူဆိုတော့ ဟီဘရူးစကားကို မြန်မြန်တတ်သွားပါတယ် "
သူက အစ္စရေးကာကွယ်ရေးတပ်မှာ ဂျေရုဆလင်အပြင်ဖက်နယ်စပ်စစ်ဆေးရေးဂိတ် တပ်ဖွဲ့ တစ်ခုကို ကွပ်ကဲရပါတယ်။ သူ့ ရဲ့ တပ်သားတွေက ပါလက်စတိုင်းနဲ့ အစ္စရေးလူမျိုးတွေ နိုင်ငံထဲအ၀င်အထွက်ကို စစ်ဆေးရပါတယ်။
"ဒီအလုပ်က သိပ်ကိုတာဝန်ကြီးတဲ့အလုပ်ပါ။ အစ္စရေးနိုင်ငံရဲ့ လုံခြုံရေးဟာ ဒီစစ်ဆေးကြပ်မတ်မှုတွေ အပေါ်မူတည်နေ ပါ တယ်။ ပြဿနာဖြစ်နိုင်တဲ့ပစ္စည်းတေတွမှန်သမျှစစ်ဆေးဖို့  သင်ယူရပါ တယ်။သိပ်တော့မလွယ်လှပါဘူး။"
အစ္စရေးစစ်တပ်ကို သူက ခုလိုချီးမွမ်းခန်းထုတ်ပါတယ်။
"ရှင်တို့ အယောက်စီတိုင်း အစ္စရေးစစ်တပ်ထဲကို ၀င်သင့်တယ်။အစ္စရေးစစ်တပ်ဟာ လူတစ်ယောက်ရဲ့  ကိုယ်ရည် ကိုယ်သွေးကိုတိုးတက်လာစေ တဲ့နေရာတစ်ခုဖြစ်တယ်။တခြားနေရာမှာသင်ယူလို့ မရနိုင်တဲ့ အရာတွေ ကိုကျမ အစ္စရေးကာကွယ်ရေးတပ်ထဲကနေရခဲ့တယ်။ကျမ အသက် ၂၁နှစ်မှာ စိန်ခေါ်မှုတွေ အများကြီးကြုံတွေ့ ခဲ့ရပြီး ခု ဘာပဲလာလာ ရင်ဆိုင်ဖို့ အသင့်ပြင်ပြီးဖြစ်နေပြီ။ ခု ကျမ အင်္ဂလိပ်စာ ကိုလည်း သင်ယူရဦးမယ်။"
သူ့ ရဲ့ အစ္စရေးနိုင်ငံအပေါ်ထားရှိတဲ့ သစ္စာတရားနဲ့ ခံယူချက်ကတော့ လေးစားလောက်စရာပါ။
"ကျမအတွက်တော့ အစ္စရေးနိုင်ငံကကျမကိုလက်ခံခဲ့ တယ်။ပညာသင်ပေးခဲ့တယ်။ ကျမလုပ်ချင်တဲ့ အရာမှန်သမျှအခွင့်အလမ်းတွေ
ပေးခဲ့တယ်။ ကျမမှာအမေမရှိ ဘူး။မိဘတွေမရှိဘူး။ဘာမှမရှိဘူး။ အစ္စရေးနိုင်ငံက ကျမတို့  ကိုနွေးနွေးထွေးထွေးကြိုဆိုခဲ့တယ်။အောင်မြင်မှုတွေအိပ်မက်တွေအတွက်အခွင့်အလမ်းတွေပေး ခဲ့တယ်။အစ္စရေးနိုင်ငံသာမရှိခဲ့ရင် ကျမဟာ ရွာလေးတစ်ရွာမှာ ပညာမရှိ၊အိပ်မက်တွေမရှိ၊ခုလောက်ဆို ကလေးအမေတစ်ယောက်ဖြစ်နေလောက်ပြီ " လို့ ဆိုပါတယ်။
သူမွေးဇာတိကို နှစ်ခေါက်ပြန်ခဲ့ပါတယ်။ပထမအခေါက်ကတော့ မိသားစုအလည်သက်သက်ဖြစ်ပြီး ဒုတိယတစ်ခေါက်က အစ္စရေးမယ်အဖြစ်ရွေးချယ်ခံရအပြီးမှာသွားတာဖြစ်ပါတယ်။ သူ့ အိမ်ပြန်ခရီးကို သတင်းဌာနက လိုက်ပါပြီး မှတ်တမ်းဗီဒီယိုရိုက်ကူးခဲ့ပါတယ်။
အီသီအိုပီးယားမှာမွေးဖွားတဲ့ အစ္စရေးနိုင်ငံသား တီတီ( Yitayish “Titi” Ayenew) ရဲ့ မှတ်သား ဖွယ်စကားကတော့
"ကျမ ဂျူးတစ်ယောက်ဖြစ်ရတာဂုဏ်ယူပါတယ်" တဲ့။
the melting pot 4 U
(ကူးယူဖော်ပြပါက the melting pot 4 U မှကူးယူကြောင်း ခရက်ဒစ်ပေးပါရန်မေတ္တာရပ်ခံပါသည်)


Source


No comments:
Post a Comment