CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, October 5, 2013
ကျောင်းထိုင်ဘုန်းကြီးအား နှုတ်ပိတ်ကာ ငွေကျပ်သိန်းငါးဆယ်ဖြင့် ထွက်ပြေးတိမ်းရှောင်နေသူအား သတင်းပေးနိုင်
မန္တလေး ၈၂လမ်း ၃၂X၃၃လမ်းရှိ ပိတောက်ရိပ်တရားတော်ပြန့် ပွားရေးဆိုင်မှ မြန်မာကျပ်ငွေ သိန်းငါးဆယ် လိမ်လည်သွားသည့်အတွက် အောင်မြေသာစံမြို့ နယ် ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားထားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ စာရင်းကိုင်ဝန်ထမ်းတစ်ဦးဖြစ်သူ မောင်ပြည့်ဖြိုးအောင်သည် တစ်ပတ်လျှင်နှစ်ကြိမ် ဆိုင်မှ ၀ယ်ယူထားသည့် ဈေးဝယ်များထံမှ အကြွေးသိမ်းယူရပြီး ဗုဒ္ဓဟူးနေ့ ညနေက ငွေကျပ်သိန်း ၅၀ အကြွေးကောက်ခံပြီးနောက် ဆိုင်သို့ အပ်နှံခြင်းမရှိသည့်အပြင် ကြာသာပတေးနေ့ တွင်လည်း အလုပ်ဆင်းခြင်း လည်းမရှိသည့်အတွက် ၄င်းနေထိုင်ရာအိမ်သို့ သွားရောက်မေးမြန်းရာ ဇာတိ ကျောက်ပန်းတောင်းသို့ ပြန်သွားသည်ဟု မိခင်ဖြစ်သူက ပြန်လည်ဖြေကြားခဲ့သည်။
ဆိုင်ရှင်ဖြစ်သူ ဦးခိုင်ဝင်းဦးက ကျောက်ပန်းတောင်း လိပ်စာအတိအကျမေးမြန်း၍ အဆိုပါ စခန်းမှ ရဲတပ်သားတစ်ဦးနှင့်အတူ လိုက်သွားရာ မတွေ့ ရှိပဲ ဓါတ်ပုံပြပြီးစုံစမ်းမှသာ လွန်ခဲ့သည်ညက မြို့ ပြင် ဘုန်းကြီးကျောင်းဖက်တွင် တွေ့ ရှိရကြောင်း သတင်းရရှိခဲ့သဖြင့် ကျောက်ပန်းတောင်းမြို့ နယ်ရဲစခန်းကို အကျိုးသင့်အကြောင်းသင့်ပြောပြကာ ၀င်ရောက်ဖမ်းဆီးခဲ့သည်။
ကျောင်းထိုင်ဘုန်းကြီး ဦးပညာမာလ ဘိဝံသအား ဓါတ်ပုံပြ၍မေးမြန်းရာ မတွေ့ ကြောင်း ငြင်းဆိုသဖြင့် မြို့ နယ်မှုးမှ ရာဇ၀တ်သားလက်ခံထားပါက ဘုန်းကြီးကျောင်း ချိတ်ပိတ်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် ညက လာရောက်အိပ်စက်သွားကာ ဦးပညာမာလ ဘိဝံသအား ငွေကျပ်နှစ်သိန်း ကန်တော့၍ ဘယ်သူလာမေးမေး မသိဘူးဟုဖြေကြားရန် လျှောက်တင်သွားကြောင်း သိခဲ့ရသည်။
ယခုအခါ မောင်ပြည့်ဖြိုးအောင်အား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၂၀ဖြင့် အမှုဖွင့်အရေးယူထားပြီး တာဝန်သိပြည်သူများ အနေဖြင့် ၄င်း၏ ဓါတ်ပုံကို တွေ့ ရှိပါက ဖုန်းနံပါတ် ၀၉၄၄၄၀၁၉၇၅၁ သို့ ဆက်သွယ်သတင်းပေးနိုင်ကြောင်း ကျောက်ပန်းတောင်းမြို့ နယ်ရဲစခန်းက သတင်းထုတ်ပြန်ထားသည်။
Credit : သစ်ထူးလွင်
ကျောင်းထိုင်ဘုန်းကြီးအား နှုတ်ပိတ်ကာ ငွေကျပ်သိန်းငါးဆယ်ဖြင့် ထွက်ပြေးတိမ်းရှောင်နေသူအား သတင်းပေးနိုင်
Reviewed by VC
on
October 05, 2013
Rating: 5
Reviewed by VC
on
October 05, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment