Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 7, 2013

ဆရာကြီး ဦးဂိုအင်ကာရဲ့ အရိုးပြာအိုး ရန်ကုန် ရောက်ပြီ

ယနေ့နံနက် ၉း၃၀ နာရီတွင် ဆရာကြီး ဂိုအင်ကာရဲ့ အရိုးပြာအိုးကို သားမြေးများက  ရန်ကုန်လေဆိပ်သို့ သယ်ဆောင် ရောက်ရှိလာခဲ့ပါတယ်။



 ဓာတ်ပုံ- ဂျေပိုင် (ဧရာဝတီ)~
 ဆရာကြီးရဲ့ နောက်ဆုံးဆန္ဒအရ အရိုးပြာများကို ကမ္ဘာ့ဝိပဿနာစေတီတည်ရှိတဲ့ မွမ်ဘိုင်းမြို့ကနေ 
မြန်မာနိုင်ငံကို  ရန်ကုန်ကို ယနေ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ 

ဆရာကြီးရဲ့ အရိုးပြာ တချို့ကို ဗိုလ်တစ်ထောင် ဆိပ်ကမ်းကို ပင့်ဆောင်ပြီး ရန်ကုန်မြစ်အတွင်း  မျှောမှာ
ဖြစ်ပါတယ်။ 



ယနေ့ ညနေ ၃ နာရီမှ ၅ နာရီ အထိ အလံပြဘုရားလမ်းက (Park Royal Hotel ) မှာ ဆရာကြီး ဂိုအင်ကာ ရဲ့ မိသားစုနဲ့ ယောဂီတွေ၊ ဆွေမျိုးတွေ၊ ဓမ္မမိတ်ဆွေတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံကြမှာဖြစ် သလို  ဆရာကြီးကို ဂါရ၀ပြု လာရောက်တွေ့ဆုံလိုတဲ့ ဓမ္မမိတ်ဆွေယောဂီအပေါင်းတို့ကိုလည်း  ဖိတ်ကြား ထား ပါတယ်။ 

No comments:

Post a Comment