Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 29, 2013

သူရဦးရွှေမန်းသည် ကိုယ့်သိက္ခာကိုယ် အလွန်တန်ဖိုးထားသူဖြစ် မိမိအတွက် ဖြောင့်မတ်သောပြိုင်ဘက်ဖြစ်လာမည်ဟုယူဆကြောင်း ဘီဘီစီနှင့်အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြား



ဥရောပ (၅)နိုင်ငံ ခရီးစဉ်အတွင်း လန်ဒန်မြို့သို့ရောက်ရှိစဉ် ဘီဘီစီ သတင်းဌာနနှင့် ယခုလ ၂၅ ရက် တွေ့ဆုံမေးမြန်းခန်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုလွှတ်တော်နာယက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌသူရ ဦးရွှေမန်းသည် ကိုယ့်သိက္ခာကိုယ်အလွန် တန်ဖိုးထားသူဖြစ်ကြာင်း၊ ဖြောင့်မတ်သည့် ပြိုင်ဘက်တစ်ဦး ဖြစ်၍ ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

ဘီဘီစီသတင်းဌာနမှ ဒေါ်တင်ထားဆွေက ''၂ဝ၁၅ ခုနှစ်မှာ ပြည်ထောင်စုလွှတ်တော်နာယကကြီးသူရဦးရွှေမန်း ပါဝင်ယှဉ်ပြိုင်မယ်လို့ ကျွန်မတို့နားလည်ထားပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အဓိကယှဉ်ပြိုင်ဘက်ဖြစ်လာနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူရဦးရွှေမန်းနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ အဓိက စိန်ခေါ်မှုတွေက ဘာတွေဖြစ်လာနိုင်ပါသလဲ''ဟူ၍ မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ''ဘယ်သူနဲ့ပဲ ယှဉ်ပြိုင်ယှဉ်ပြိုင် နိုင်အောင်လုပ်ရမှာပဲ။ ဒါပေမယ့် သူရဦးရွှေမန်းဟာ အင်မတန်မှ မိမိရဲ့သိက္ခာကို မိမိတန်ဖိုးထားတဲ့လူဆိုတော့ ကျွန်မအတွက် ဖြောင့်မတ်တဲ့ယှဉ်ပြိုင် ဘက်တစ်ဦးဖြစ်လာမယ်လို့ ယူဆတဲ့အတွက် ကျွန်မကတော့ ကြိုဆိုပါတယ်''ဟု ဖြေကြားခဲ့သည်။ ဒေါ်တင်ထားဆွေက ဆက်လက်၍''အပေးအယူ ညှိထားတာမျိုးရှိပါသလား''ဟုမေးရာ ဒေါ်အောင်ဆန်းစုကြည်က ''ကျွန်မတို့ကတော့ နှစ်ယောက်စလုံးပြောထားပြီးသား။ ပြိုင်ရင်တော့ နိုင်အောင် လုပ်မှာပဲလို့''ဟူ၍ ပြောကြားခဲ့ကြောင်းသိရသည်။

သူရဦးရွှေမန်းက အမေရိကန်ပြည်ထောင်စု ခရီးစဉ်တွေ့ဆုံမေးမြန်းမှုတစ်ခု၌ သမ္မတလုပ်ရန် အဆင်သင့်ရှိနေကြောင်း ဖြေကြားခဲ့ခြင်းနှင့် စပ်လျဉ်း၍ ပြီးခဲ့သည့်ဇွန်လ ပြည်သူ့လွှတ်တော် တွင် ပြည်တွင်းမီဒီယာများကလည်း ဒေါ် အောင်ဆန်းစုကြည်၏ သဘောထားကို မေးမြန်း ခဲ့ကြသည်။

အဆိုပါမေးမြန်းချက်ကို ဒေါ် အောင်ဆန်းစုကြည်က ''အန်တီကတော့ကြိုက် တယ်။ အဲဒီလို ပွင့်ပွင့်လင်းလင်းပြောတာ ကောင်းတယ်။ နိုင်ငံရေးဆိုတာ ဒီလိုလုပ်ရမှာပဲ။ နိုင်ငံရေးလုပ်နေပြီး ရှိုးတိုးရှန့်တန့်လုပ်နေလို့ မဖြစ်ဘူးလေ။ ဦးရွှေမန်းအနေနဲ့ သမ္မတအရွေး ခံချင်တယ်၊ ဖြစ်ချင်တယ်လို့ပြောတာ အန်တီ့ အနေနဲ့ ဖြောင့်မတ်တယ်၊ ပွင့်လင်းတယ်။ ဒါ ကြောင့်မို့ သဘောကျတယ်''ဟူ၍ ပြောခဲ့သည်။

The Union Daily
ရန်ကုန် အောက်တိုဘာ ၂၈

No comments:

Post a Comment