ရန်ကုန်၊ အောက်တိုဘာ ၁၄
ဆီးဂိမ်း လှုံ့ဆော်မှု ဘောလုံးပြိုင်ပွဲနှင့် ပတ်သက်၍ အစိုးရပိုင် ကြေးမုံ သတင်းစာတွင် သတင်းရေးသား ဖော်ပြခဲ့ရာ တက်ရောက်ခဲ့ခြင်း မရှိသူ နန်းခင်ဇေယျာကို သတင်းဓာတ်ပုံ ထည့်သွင်း ဖော်ပြခဲ့ပြီး ယင်းဓာတ်ပုံ မှာလည်း ပုံနှင့်အမည် လွဲမှား ဖော်ပြ ထားခဲ့သည်။အောက်တိုဘာ ၁၃ ရက်ထုတ် ကြေးမုံ သတင်းစာ နောက်ကျောဖုံးတွင် သတင်းဖော်ပြခဲ့ခြင်း ဖြစ်ပြီး သတင်း၏ အဆက်ကို စာမျက်နှာ ၅ ကော်လံ ၁ တွင် ဆက်လက် ဖော်ပြရာတွင် အဆိုပါပွဲသို့ တက်ရောက်ခဲ့ခြင်း မရှိသူ နန်းခင်ဇေယျာပုံကို စာရေးသား ထည့်သွင်းထားခြင်း ဖြစ်ပြီး ယင်းဓာတ်ပုံမှာ လည်း မော်ဒယ် ကေကေ မိုးမြင့်ပုံ ဖြစ်သည်။
ပြန်ကြားရေး ၀န်ကြီးဌာနမှ အနောက်ပိုင်းခရိုင် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်မော်ကို မြန်မာသံတော်ဆင့်က အောက်တိုဘာ ၁၆ ရက်တွင် ဆက်သွယ် မေးမြန်း ခဲ့ရာ““အန်တီတို့ အဲဒီနေ့ သတင်းစာကို မဖတ်ရသေးဘူး။ အဲဒီညီမ ပြောနေတာတွေနဲ့ ပတ်သက်ပြီး အထက်က ဘာမှ ညွှန်ကြားထားတာ မရှိသေးပါဘူး။ ပုံမှားနေတာ တော့ အန်တီတို့လည်း မသိဘူး”” ပြန်လည် ပြောကြားခဲ့သည်။ …
ယင်းနောက် အောက်တိုဘာ ၁၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ၏ စာမျက် နှာ ၅ တွင်မူ မော်ဒယ် ကေကေမိုးမြင့်၏ ပုံဖြင့်ပင် ရုပ်ရှင် သက်ကြီး ပူဇော်ပွဲနှင့် အနုပညာရှင်၏ ၀မ်းသာပီတိ ဟူသော သတင်း ခေါင်းစဉ်ဖြင့် ထည့်သွင်း ဖော်ပြထားခဲ့သည်။အဆိုပါ ဓာတ်ပုံနှင့် စာသား မှားယွင်း ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်ပြီး နန်းခင်ဇေယျာက ယင်းပွဲသို့ ဖိတ်ကြား ခံထားရခြင်း မရှိကြောင်းနှင့် ကြေးမုံတွင် ယင်းသတင်း ပါဝင်သည်ကို မသိသေးကြောင်း မြန်မာသံတော်ဆင့်မှ ဆက်သွယ် မေးမြန်းသည်ကို ပြန်လည် ဖြေကြားခဲ့သည်။
နန်းခင်ဇေယျာက ““ ညီမအနေနဲ့တော့ ဘာမှမဖြစ်ပါဘူး။ ညီမ ထင်တာတော့ ပုံနှိပ်တာ ရိုက်တဲ့လူ မှားသွားလို့ပါ။ လူတိုင်းက အလုပ်တွေ များတာနဲ့အမျှ အမှားလည်း ရှိနိုင်တယ်လေ။ လူတိုင်းက သဘောပေါက်မှာပါ။ အဲဒါ မှားယွင်းမှုလို့ နားလည်ကြမှာပါ”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။
အဆိုပါ အထိမ်းအမှတ် ပွဲစဉ်တွင် မြန်မာ့ လက်ရွေးစင်ဟောင်းများ ဘောလုံးအသင်းနှင့် မြန်မာ နိုင်ငံ ရုပ်ရှင် အစည်းအရုံး အမျိုးသား ဘောလုံးအသင်းတို့ ချစ်ကြည်ရေး ယှဉ်ပြိုင် ကစားခဲ့ကြရာ မြန်မာ့ လက်ရွေးစင်ဟောင်းများ အသင်းက ၂-၁ ဖြင့် အနိုင်ရခဲ့သည်။
အေမီ၊ ဧပြီ
မြန်မာသံတော်ဆင့်
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, October 18, 2013
နန်းခင်ဇေယျာကို နိုင်ငံပိုင်သတင်းစာ အလွဲသုံးစားလုပ် သတင်းစာ မဖတ်ရသေး၍ မဖြေနိုင်ဟု အကြောင်းပြန်
နန်းခင်ဇေယျာကို နိုင်ငံပိုင်သတင်းစာ အလွဲသုံးစားလုပ် သတင်းစာ မဖတ်ရသေး၍ မဖြေနိုင်ဟု အကြောင်းပြန်
Reviewed by VC
on
October 18, 2013
Rating: 5
Reviewed by VC
on
October 18, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment