Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 4, 2013

အရေးပေါ် လူနာတင်ယာဉ် ခေါ်ဆိုမှု နံပါတ်ပြောင်း

အရေးပေါ် လူနာတင်ယာဉ် ခေါ်ဆိုမှု နံပါတ်ပြောင်းအရေးပေါ် လူနာတင်ယာဉ် ဆက်သွယ် ခေါ်ယူနိုင်ရန် ဂဏန်းလေးလုံးပါ အရေးပေါ် ဖုန်းလိုင်းသို့ စတင်ပြောင်းလဲ လိုက်ပြီ ဖြစ်ကြောင်း အရေးပေါ်လူနာ အသက် ကယ်တင် ကုသ ပို့ဆောင်ရေး ဖောင်ဒေးရှင်းမှ သတင်း ရရှိသည်။ ပြည်တွင်းတွင် အသုံးပြုခဲ့သည့် နံပါတ်များသည် မှတ်သားရ ခက်ခဲပြီး လိုင်းကျပ်မှု များကြောင့် လူနာတင်ယာဉ် ခေါ်ဆိုမှုတွင် အ ခက်အခဲများ ရှိခဲ့သဖြင့် မြန်မာနိုင်ငံ ဆရာဝန် အသင်း၏ တောင်းဆို ချက်အရ ခေါ်ရ လွယ်ကူသည့် နံပါတ် အဖြစ်ပြောင်းလဲ သွားမည်ဟု ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆက်သွယ်ရေး သတင်းအချက်အလက် နည်းပညာဝန် ကြီးဌာန ဒုတိယ ၀န်ကြီးက ပြော ကြားခဲ့ခြင်းဖြစ်သည်။
အရေးပေါ် လူနာတင်ယာဉ် အတွက် Hotline တယ်လီဖုန်း နံပါတ် “၁၈၃၀” သို့ ခေါ်ဆိုနိုင်ပြီး ယခင်က နံပတ်ကိုးလုံးပါတယ် လီဖုန်းနံပါတ်ကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း အောက်တိုဘာ ၂ ရက်က ပြုလုပ်သည့် ကမ္ဘောဇဘဏ်၏ လူနာတင်ယာဉ်နှင့် စက် ပစ္စည်းများ လှူဒါန်းပွဲအခမ်းအနား၌ပြောသည်။ “မှတ်ရလွယ်ကူတဲ့ နံပါတ်တော့မဟုတ်ပေမယ့် အရင်ထက် စာရင်ဒီနံပါတ်က တော်တော်အဆင်ပြေသွားတယ်။ အရင်က ဖုန်း နံပါတ်က မှတ်ရခက်တဲ့အတွက် လူလည်းသိပ်မသိခဲ့ဘူး”ဟု မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌဒေါက်တာ ကျော်မြင့်နိုင်ကပြောသည်။
မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဦးဆောင်၍ ဧရာဝတီဖောင်ဒေးရှင်း၏ အလှူဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးသော အရေးပေါ် အသက်ကယ်နိုင်မည့် စက်ပစ္စည်းများ၊ ကျွမ်းကျင်ဆရာဝန်နှင့် ဆေးဘက်ဆိုင်ရာ ၀န်ထမ်းများပါဝင်သည့် အရေးပေါ် လူနာအသက်ကယ်တင်ကုသပို့ဆောင်ရေး ဖောင်ဒေးရှင်းကို ပြီးခဲ့သည့်နှစ်က စတင်တည်ထောင် ခဲ့သည်။ ၀န်ဆောင်မှု စတင်ခဲ့သည့် အချိန်အတွင်း ယာဉ်မတော်တဆမှုဖြင့် လူနာ ၇၀ ကျော် အပါအ၀င်အရေးပေါ် ကျန်းမာရေးပြဿနာ များဖြင့် လူနာ ၄၀၀ ကျော်ကို ဆေးရုံသို့ အချိန်မီပို့ဆောင် ခဲ့ပြီးဖြစ်ကြောင်း ထိုဖောင်ဒေးရှင်းမှ သိရသည်။
အရေးပေါ်အသက်ကယ်နိုင်မည့် စက်ပစ္စည်း ကိရိယာများနှင့် ၀န်ထမ်းများ ပါရှိသည့် လူနာတင်ယာဉ်ငါးစီးဖြင့် ရန်ကုန်စည် ပင်သာယာ နယ်နိမိတ်များတွင် စတင်ဆောင်ရွက်နေပြီး အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ တိုးချဲ့ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။ “အခုက တကယ်လိုအပ် ချက်နဲ့ ယှဉ်ရင် သိပ်မလုပ်နိုင်သေး ပါဘူး။ နေရာက မြို့နယ်ဖြစ် နေတဲ့အခါဝေးတဲ့ မြို့နယ်တွေက လှမ်းခေါ်ရ ခက်တော့ သိပ်မတွင် ကျယ်သေးဘူး။ နောက်ပိုင်းတော့ သက်ဆိုင်ရာ မြို့နယ်တွေအလိုက် အနီးဆုံးရောက်နိုင်အောင် ထပ် တိုးချဲ့ဖို့ရှိတယ်”ဟု ဖောင်ဒေးရှင်းဥက္ကဋ္ဌကပြောသည်။ ကျန်းမာရေး ၀န်ကြီးဌာနကလည်း ဆီးဂိမ်းမတိုင်မီ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရေးပေါ် အသက်ကယ်နိုင်သည့် လူနာ တင်ယာဉ် ၀န်ဆောင်မှု စတင်နိုင် ရန် စီစဉ်နေကြောင်း သိရသည်။

No comments:

Post a Comment