Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 17, 2013

မူဆယ်တွင် ငွေကျပ်သိန်း ထောင်ချီ လိမ်လည်မှု ဖြစ်ပွား


ဒီဗွီဘီ၊ ၁၄ အောက်တိုဘာ ၂၀၁၃

မြန်မာတရုတ်နယ်စပ် မူဆယ်မြို့နဲ့ ရန်ကုန်၊ မန္တလေးမြို့တွေကို ငွေလွှဲလုပ်ငန်း လုပ်ကိုင် နေတဲ့ ရွှေဇာမဏီ ငွေလွှဲလုပ်ငန်းဟာ ပြည်တွင်းကုန်သည် ၁၉ ဦးထံက ငွေကျပ် သိန်း ၅ ထောင်လောက် ပမာဏရှိတဲ့ လွှဲအပ်ငွေကို ပြန်ထုတ်မပေးပဲ လိမ်လည်သွားတယ်လို့ ငွေဆုံးရှုံးသွားခဲ့ကြတဲ့ ကုန်သည်တွေက ဒီဗွီဘီကို ပြောပါတယ်။
မူဆယ်မြို့ တဖက်ခြမ်းမှာရှိတဲ့ တရုတ်ပြည် ရွှေလီမြို့မှာ ကုန်တွေဝယ်ပြီး ပြည်တွင်းကို တင်သွင်းရောင်းချကြတဲ့ ရန်ကုန်၊ မန္တလေးနဲ့ မူဆယ်မြို့က ကုန်သည်တွေဟာ ခုလဆန်းပိုင်း ကတည်း အသီးသီး ငွေလွှဲခဲ့ကြရာမှာ ခုချိန်ထိ ပြန်မရသေးတာပါ။
ဒီကုန်သည်တွေအနေနဲ့ တရုတ်ပြည်က ပစ္စည်းဝယ်ယူဖို့အတွက် မြန်မာကျပ်ငွေပေးပြီး နယ်စပ်မှာ တရုတ်ယွမ်ငွေ ပြန်ထုတ်ယူဖို့ မူဆယ်အခြေစိုက် ရွှေဇာမဏီကုမ္ပဏီကနေပြီး တဆင့်ခံ ငွေလွှဲပေး တာလည်း ဖြစ်ပါတယ်။

http://burmese.dvb.no/archives/45056

 

No comments:

Post a Comment