Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 17, 2013

“မြန်မာပြည်ကိုဝါးမြိုမည့် တရုတ်တစ်ရာအုပ်စု အမာခံ အဖွဲ့ဝင်လေးဦး”



“သူရိယအလင်း”ဂျာနယ်ပါ “မြန်မာပြည်ကိုဝါးမြိုမည့် တရုတ်တစ်ရာအုပ်စု
အမာခံ အဖွဲ့ဝင်လေးဦး”ဟု ရေးသားဖော်ပြခြင်းသည် မိမိ၏ဂုဏ်သိက္ခာကို ထိခိုက်စေသောကြောင့် ဂျာနယ်တွင် ပြန်မတောင်းပန်ပါက အသရေဖျက်မှုနှင့် တရားစွဲသွားမည်ဖြစ်ကြောင်း Loi Hein ကုမ္ပဏီဥက္ကဋ္ဌ Dr.စိုင်းစံထွန်းကပြောကြား

အောက်တိုဘာ ၁၅ ရက် နေ့ထုတ် အတွဲ ၁၊ အမှတ် ၁၁ ထုတ် သူရိယအလင်းသတင်း ဂျာနယ်ပါ “မြန်မာပြည်ကို ၀ါးမြို မည့်တရုတ်တစ်ရာ အုပ်စု အမာခံ အဖွဲ့ဝင်လေးဦး”ဟု ခေါင်းစီးဖြင့် ရေးသားဖော်ပြခြင်းသည် မိမိ၏ ဂုဏ်သိက်္ခာကို များစွာထိခိုက်စေ သောကြောင့် ဂျာနယ်စာမျက်နှာပေါ် တွင် ပြန်လည်တောင်းပန်ခြင်းမပြု လုပ်ပါက ဂုဏ်သရေဖျက်မှု ပုဒ်မ ၅၀၀ နှင့်တရားစွဲဆိုသွားမည်ဖြစ် ကြောင်းLoi Heinကုမ္ပဏီ ဥက္ကဋ္ဌ Dr.စိုင်းစံထွန်းက First Weekly အား ပြောကြားသည်။

“အန်ကယ်က တရုတ် လူမျိုးမဟုတ်ပါဘူး။ ရှမ်းလူမျိုး စစ်စစ်ပါ။ တရုတ်သွေးတစ်စက် ရောရင် အန်ကယ်ပိုင်ဆိုင်တဲ့ပစ်္စည်း မှန်သမျှ အကုန်လာယူသွားလို့ရ တယ်။အန်ကယ်တို့အခုဖွဲ့စည်းထား တဲ့ အဖွဲ့အစည်းက တရုတ်အဖွဲ့ အစည်းမဟုတ်ဘူး။ ဒီအဖွဲ့မှာ အိန်္ဒိယရော၊ ပါကစ်္စတန်ရော၊ ရှမ်း လူမျိုးတွေရောပါတယ်။ နောက်ပြီး အဲဒီဂျာနယ်မှာပါတဲ့ ရွှေတိဂုံဘုရား လမ်းပေါ်ရှိ တပ်မတော်စစ်သမိုင်း ပြတိုက်ကို ဟင်းရွက်ကန်စွန်း အောက်ဈေးနဲ့ရယူ သိမ်းပိုက်ထား သူဆိုပြီးရေးထားတယ်။

အန်ကယ် အဲနေရာကိုသိမ်းဖို့လည်း အန်ကယ် လျှောက်လွှာမတင်ခဲ့ဘူး။ အဲလိုတွေ ရေးထားလို့တော်တော်စိတ်မကောင်း ဖြစ်ခဲ့ရတယ်။ အန်ကယ်ကို စီးပွား ရေးလက်ဝါးကြီးအုပ်တဲ့သူဆိုပြီး ရေးတယ်။ အန်ကယ်လက်ဝါး ကြီး မအုပ်ဘူး။ အန်ကယ့်ဘာသာ အန်ကယ်ရေရောင်းတာ။ မြန်မာ ပြည်ကို လက်ဝါးကြီးအုပ်ဖို့မရှိဘူး။ အစိုးရက အခွန်မှန်မှန်ဆောင်တယ်။ အခွန်သိန်းပေါင်း ၆သောင်းလောက် အခွန်ဆောင်ရတယ်။

အန်ကယ် ကုမ်္ပဏီမှာအများအတွက် အလုပ် ခန့်ပေးထားတယ်။ အန်ကယ်က အခွန်မှန်မှန်ဆောင်တဲ့ တိုင်းရင်း သားလုပ်ငန်းရှင်ပါ။သူရိယအလင်း အနေနဲ့အမှန်တရားရေးတာမဟုတ် တဲ့အတွက် အမှန်တရားကိုရှာဖွေ ပြီး ပြန်ရေးပေးစေချင်ပါတယ်။ သူတို့ရေးထားတဲ့ ရှယ်ယာနဲ့ ပတ် သက်တယ်လို့ပြောထားရင် အန်ကယ် မှာ ရှယ်ယာရှိရင် အဲဒီရှယ်ယာကို ယူသွားလိုက်လို့ရတယ်။အန်ကယ် တို့ ကုမ်္ပဏီက အများအတွက် ဘယ်လိုလုပ်ပေးရမလဲဆိုတာပဲ ထာဝရစဉ်းစားတယ်။

ဂျာနယ်မှာ စစတွေ့တုန်းက ဘာလုပ်ရမလဲဆို တာ မသိဘူး။ ရှေ့နေနဲ့ တိုင်ပင်နေ တယ်။ ဂုဏ်သရေပျက်မှုနဲ့ရင်ဆိုင် မလား။ ဒါမှမဟုတ် မှားသွားတယ် ဆိုပြီး ပြန်တောင်းပန်မလား ဒါပဲ ရှိတယ်” ဟု ဒေါက်တာစိုင်းစံထွန်း ကဆိုသည်။ လက်ရှိ Loi Hein ကုမ္ပဏီတွင် ၀န်ထမ်းပေါင်း ၂၇၀၀ ခန့် အလုပ်လုပ်နေကြောင်းသိရ သည်။

၁၇.၁၀.၂၀၁၃ နေ့ထွက် First Weekly ဂျာနယ်မှ

No comments:

Post a Comment