Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 17, 2013

မြန်မာ ၃ သိန်းကျော် ခေတ်သစ်ကျေးကျွန် အဖြစ်ရောက်နေ

ဒီဗွီဘီ၊ အောက်တိုဘာ ၁၇၊ ၂၀၁၃
သြစတြေးလျ အခြေစိုက် လွတ်လပ်စွာ လျောက်လှမ်းခွင့် ဖောင်ဒေးရှင်း (Walk Free Foundation) က ထုတ်ပြန်တဲ့ ၂၀၁၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ကျေးကျွန်ဆိုင်ရာ အညွှန်းကိန်းမှာ မြန်မာနိုင်ငံက လူ ၃ သိန်း ၈ သောင်းကျော်ဟာ ခေတ်သစ်ကျေးကျွန်အဖြစ် ရောက်ရှိနေတယ်လို့ ရေးသားထားပါတယ်။
ကမ္ဘာတ၀န်းလုံးမှာ လူ ၂၉.၈ သန်းဟာ လိင်ကျွန်တွေအဖြစ် လူကုန်းကူးခံရတာ၊ အလုပ်ကြမ်းတွေ အတင်းအကြပ် စေခိုင်းခံရတာ၊ အကြွေးကြောင့် ကျွန်ဘ၀ကို ကျရောက်တာတွေ ရှိနေတယ်လို့ အောက်တိုဘာ ၁၇ ရက်နေ့ထုတ်ပြန်တဲ့ အစီရင်ခံစာက ရေးပါတယ်။
ဒီအထဲမှာ မြန်မာနိုင်ငံက လူ ၃ သိန်း ၈ သောင်း ကျော်ကလည်း ခေတ်သစ် ကျေးကျွန် အဖြစ် ကျွန်အပြုခံနေရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
http://burmese.dvb.no/archives/45046

No comments:

Post a Comment