Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 16, 2013

ဗန္ဓုလကြေးရုပ်ရွှေ့ပြောင်းမှုအပေါ် မြို့ခံလူထု မကျေနပ်ကြ

၁၈နှစ်နီးပါးမျှ ကလေးမြို့လမ်းဆုံမှာ ရှိနေခဲ့တဲ့ ဗန္ဓုလမြင်းစီးကြေးရုပ်တုကြီးဟာ ၁၉၉၅လောက်က စတင် သွန်းလုပ်ခဲ့ပြီး သွန်းလုပ်ခဲ့တဲ့သူဟာ နိုင်ငံခြားမှာ ရုပ်တု လုပ်တာတွေကို သီးသန့်သင်ယူခဲ့သူဖြစ်တယ်လို့သိရပါတယ်။

ကလေးမြို့ နာမည်ကြီးဗေဒင်ဆရာတစ်ဦးရဲ့ အစီအမံအရ ဗန္ဓုလကြေးရုပ်ကို သွန်းလုပ်ခဲ့ပြီး တိုင်းတစ်ပါးသားတို့ရဲ့ ကျူးကျော်ရန်စမှုတွေမရှိအောင်လို့ လို့သိရပါတယ်။ ”ကလေးမြို့မှာက ကသည်းရန်ကို အနဲအများတော့ကြောက်ရတာပေါ့။ဒါပေမဲ့ ဒီကြေးရုပ်ကို မြင်တာနဲ့
အလိုလို သတ္တိရှိလာတယ်။ခုတော့ဗျာ ဇာတိသွေးဇာတိမာန်ကို ဘယ်မှာ မြင်ရတော့မလဲ။”လို့ မြို့ခံလူတစ်ဦးကပြောပါတယ်။တချို့ကလည်း ည၂း၃၀လောက်ထိစောင့်ကြည့်ပြီး ကြေးရုပ်ကို မချီလိုက်တော့ အတော့်ကို ၀မ်းနည်း နှမြောသတဖြစ်ကြရတယ်လို့ဆိုပါတယ်။”ဒါကြီးရွှေ့ပြောင်းဖို့ကို လူကြီးလာတော့တင်ပြသူက ဦး………ဗျ။သူ့ကို အမျိုးသားရေးစိတ်ဓါတ် မရှိဘူးလား လို့မေးလိုက်ချင်တယ်။အာဇာနည်ကျောက်တိုင်တုန်းကလည်း တစ်ခါခံလိုက်ရပြီးပြီ”လို့လဲ သူ့အမြင်ကို ပြောပြပါတယ်။

ကလေးမြို့ကို ရပ်နီးရပ်ဝေးမှလာသော ဧည့်သည်တော်များဟာ အဆိုပါ ကြေးရုပ်ကြီးဖြင့် ကလေးမြို့ရောက် အမှတ်တရ ဓါတ်ပုံများရိုက်လေ့ရှိကြပါတယ်။နိုင်ငံခြားသာများလာရင်လည်း တလေးတစား မှတ်တမ်းတင်ကြပါတယ်။အထူးသဖြင့် အိန္ဒိယမှဧည့်သည်တော်များ စစ်သံမှူးများလာလျှင်”Genaral Bandu”ဟုပြောပြီး တစိမ့်စိမ့်ကြည့်ကာ အမှတ်တရ ဓါတ်ပုံရိုက်ကြပါတယ်။

ယခင်က အဝေးရောက် ကလေးမြို့သားများပြန်လာလျှင် ကလေးဝလမ်းအတိုင်း အဝေးမှနေပြီး မြင်နေရသည်။လှမ်းကြည့်ပြီး “သြော် ငါတို့မြို့ရောက်ပြီ”ဟု စိတ်ကျေနပ် ပင်ပန်းတာတွေပြေခဲ့ရသည်။ခုတော့
မြို့တော်ခန်းမရှေ့မှာ ကျဉ်းကျဉ်းကြုပ်ကြုပ်နှင့် လမ်းပြင်ကို နောက်ကျောပေးကာ ရာထူးချခံထားရသော အမှုထမ်းကဲ့သို့ ဂုဏ်သိမ်ငယ်ခဲ့လေပြီ။

အရင်က ကျနော်လည်း တစ်ခြားမြို့တွေမှာလို မီးပွိုင့်တတ်ဖို့ 0nlineမှာ ဆွေးနွေးခဲ့ဖူးတယ်။အဲတုန်းက တော်တော်များများ လက်မခံခဲ့ကြဘူး။ကြေးရုပ်မရွှေ့ဘဲ စိတ်ကူးကြည့်တာပေါ့။”တကယ်လို့သာ ကြေးရုပ်ရွှေ့ပြီး အ၀ိုင်းပတ်ထားရင် ဘာမှ မထူးတော့ပါဘူး။အ၀ိုင်းပတ်မထားဘဲ မီးပွိုင့်နဲ့ဆိုလည်း အကွေ့တွေ၊ဖြတ်တက်တာတွေမှာ တအုန်းအုန်းတိုက်ကြဦးမယ်။၁နှစ်၂နှစ်လောက်တော့ လမ်းစုံမှာ အရေးပေါ်ယာဉ်ထားကြပေတော့ဗျာ”လို့ မိတ်ဆွေတစ်ဦးကလည်း ကောက်ချက်ချပါတယ်။

မည်သို့ပင်ဆိုစေဗျာ တိုးတက်မှုတွေဆိုတာကတော့ နေ့စဉ်လုပ်နေရင်ပိုတောင်ကောင်းသေးတာပေါ့။အများလည်းလက်ခံနိုင်အောင် နည်းလမ်းတော့ရှာသင့်တယ်။ဒါလုပ် ဒါကိုင်ဆိုတဲ့ တစ်စုံတစ်ယောက်ရဲ့ အစီအမံကြောင့် အများသူငါ အတွက် စိတ်မသက်မသာ မဖြစ်သင့်တော့ဘူး။ကျနော့်အမြင်တော့ ပင်လုံလမ်းမတော်ထိပ် ဆွမ်းအုပ်နေရာလောက်ပြန်ရွှေ့ပေးနိုင်ရင်ကောင်းမယ်လို့ ထင်တယ်။ဒါမှမဟုတ်လည်း အများပြည်သူအလွယ်တကူ ရောက်နိုင်မဲ့နေရာမျိုးပေါ့။ Win Win system ပေါ့ဗျာ။

ကိုဇော်(ကလေး)

ကလေးမြို့ မီဒီယာ

No comments:

Post a Comment