CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, October 23, 2013
ကမ္ဘာပေါ်မှာ ဘယ်ဘာသာစကားတွေကို လူတွေအများဆုံးပြောဆိုကြသလဲ။
၁ ။ တရုတ်(မန်ဒရင်) Mandarin --------------------------------- မန်ဒရင်ဘာသာစကားဟာ ကမ္ဘာပေါ်မှာ လူပေါင်း ၈၄၅သန်းပြောဆိုကြတဲ့ စကားဖြစ်ပါတယ်။ မန်ဒရင်စကားကို တရုတ်စကားအဖြစ်သာ ညွှန်းဆိုကြသော်လည်း မန်ဒရင်စကားဟာ တရုတ်ဘာသာစကားအများအပြားထဲက တစ်မျိုးသာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ရုံးသုံးဘာသာစကားဖြစ်တဲ့အပြင် စင်္ကပူနိုင်ငံမှာလည်း တရားဝင်ရုံးသုံးဘာသာစကားဖြစ်ပါတယ်။
၂ ။ စပိန် Spanish ---------------- စပိန်စကားဟာ ကမ္ဘာပေါ်မှာ လူပေါင်း ၃၂၉သန်းပြောဆိုကြတဲ့ စကားဖြစ်ပါတယ်။ စပိန်စကားကို ရုံးသုံးဘာသာစကားအဖြစ် သက်မှတ်ပြောဆိုကြတဲ့ နိုင်ငံပေါင်း ၂၀ကျော်ရှိပါတယ်။ လက်တင်အမေရိက နိုင်ငံအားလုံးနီးပါးဟာ စပိန်စကားကို ပြောဆိုကြပါတယ်။ ဒါ့အပြင် အမေရိကန်အပါအ၀င် ကမ္ဘာ့ အနောက်တောင်အရပ်မှာလည်း ကျယ်ပြန့် စွာပြောဆိုကြတဲ့ ဘာသာစကားဖြစ်ပါတယ်။
၃ ။ အင်္ဂလိပ် English ------------------ အင်္ဂလိပ်စကားကို ကမ္ဘာပေါ်မှာ လူပေါင်း ၃၂၈သန်းပြောဆိုကြပါတယ်။ အင်္ဂလိပ်စကားဟာ အနောက်ဂျာမန်နဲ့ အင်္ဂလိုဆက်စွန် ဘာသာစကားများအပါအ၀င် အခြားမြောက်များစွာသောဘာသာစကားများကနေ ပေါင်းစပ်ပြီးဖြစ်ပေါ်လာတာပါ။ အင်္ဂလိပ်ဘာသာစကားပြောဆိုမှုဟာ လက်တင်နဲ့ ပြင်သစ်တို့ မှာ အလျင်အမြန်ပဲလွှမ်းမိုးမှုရှိလာပါတယ်။ အင်္ဂလိပ်စကားကို ရုံးသုံးစကားအဖြစ် သက်မှတ်ပြောဆိုကြတဲ့ နိုင်ငံပေါင်း ၅၃နိုင်ငံထက်မနည်း ရှိပါတယ်။
၎ ။ ဟိန္ဒီ-အူရဒူ Hindi-Urdu -------------------------- ဟိန္ဒီ-အူရဒီဘာသာစကားကို ကမ္ဘာပေါ်မှာ လူပေါင်း ၂၄၂သန်းထက်မနည်း ပြောဆိုကြပါတယ်။ ဟိန္ဒီ-အူရဒူစကားဟာ ဘန်ဂါလီဘာသာစကားနဲ့ ခပ်ဆင်ဆင်တူတဲ့ အင်ဒို-အာရီယန်ဘာသာစကားအမျိုးအစားအပြားအပြားကနေ ပေါင်းစပ်ဖြစ်ပေါ်လာတာပါ။ ဟိန္ဒီနဲ့ အူရဒူစကားတို့ ဟာ အလွန်ဆင်တူယိုးမှားဖြစ်တဲ့အပြင် ခွဲခြားဖို့ လည်းခက်ခဲပြီး ဟိန္ဒီသီးသန့် နဲ့ အူရဒီသီးသန့် အဖြစ် သတ်သတ်မှတ်မှတ်လည်း ရှိပါတယ်။ ပါကစ္စတန်လိုနိုင်ငံမျိုးမှာ အူရဒီအဖြစ် တစ်သီးတစ်သန့် ပြောဆိုကြပြီး အိန္ဒိယမှာတော့ ဟိန္ဒီအဖြစ် သတ်မှတ်ပြောဆိုကြပါတယ်။
၅ ။ အာရဗီ Arabic -------------------- ကမ္ဘာတစ်ဝှမ်းလုံးမှာ အာရဗီစကားပြောဆိုသူ ၂၂၁သန်းကျော်ရှိပါတယ်။ အာရဗီကိုအဓိကပြောဆိုကြတဲ့ဒေသတွေကတော့ အရှေ့ အလယ်ပိုင်းနဲ့ မြောက်အာဖရိကတို့ ဖြစ်ပါတယ်။ အာရဗီစကားဟာ နိုင်ငံပေါင်း ၂၆နိုင်ငံကျော်ရဲ့ ရုံးသုံးဘာသာစကားလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အစ္စလာမ်ဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ကျမ်းတော်မြတ်ကုရ်အာန်မူရင်းဟာလည်း အာရဗီဘာသာစကားနဲ့ ရေးသားထားတာဖြစ်ပါတယ်။ သို့ သော်လည်း ကုရ်အာန်ကျမ်းမြတ်မှာရေးထားတဲ့ အာရဗီဟာ အများသုံးအာရဗီစကားထက် ပိုမိုနက်နဲပြီး သာမန်လူတစ်ယောက်အတွက် အလွယ်တကူဘာသာပြန်ဆိုဖို့ မလွယ်ကူကြောင်းသိရှိရပါတယ်။ ဒါ့ကြောင့်လည်း ဘာသာစကားအများအပြားနဲ့ လူအများ နားလည်လွယ်အောင် ဘာသာပြန်ဆိုထုတ်ဝေထားကြောင်း မှတ်သားရပါတယ်။
၆ ။ ဘန်ဂါလီ Bengali ---------------------- ကမ္ဘာပေါ်မှာ ဘန်ဂါလီ(ဘင်္ဂလီ)စကားပြောဆိုသူ လူပေါင်း ၁၈၁သန်းရှိပါတယ်။ ဘင်္ဂလီစကားဟာ ဟိန္ဒီ၊ ပန်ဂျပ်နဲ့ အူရဒူတို့ နဲ့ ခပ်ဆင်ဆင်တူတဲ့ အင်ဒို-အာရီယန်ဘာသာစကားအမျိုးအစားအများအပြားကနေ ပေါင်းစပ်ဖြစ်ပေါ်လာတယ်လို့ သိရပါတယ်။ ဘန်ဂါလီစကားဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရုံးသုံးဘာသာစကားဖြစ်ပြီး အိန္ဒိယရဲ့ အနောက်ဘန်ဂေါ၊ ထရိပူရ၊ အာသံပြည်နယ်တို့ အပြင် အမေရိကန်၊ ဆော်ဒီအာရေးဗျနဲ့ ဥရောပနိုင်ငံအများအပြားမှာလည်း ဘန်ဂါလီစကားပြောဆိုသူ အများအပြားရှိကြောင်း သိရပါတယ်။
၇ ။ ပေါ်တူဂီ Portuguese --------------------------- ပေါ်တူဂီစကားကို ကမ္ဘာတစ်ဝှမ်းလူပေါင်း ၁၇၈သန်းပြောဆိုကြပါတယ်။ ပေါ်တူဂီစကားဟာ လက်တင်ဘာသာစကားကနေတိုက်ရိုက်ဆင်းသက်လာတဲ့ ဘာသာစကားအများအပြားထဲကတစ်ခုဖြစ်ပြီး ပေါ်တူဂီနိုင်ငံနဲ့ ဘရာဇီးနိုင်ငံတို့ ရဲ့ ရုံးသုံးဘာသာစကားဖြစ်ပါတယ်။ ဒါ့အပြင် အန်ဂိုလာ၊ ကိပ်ဗာဒီ၊ အရှေ့ တီမော၊ ဂီနီယာဘစ်ဆု၊ မိုဇမ်ဘစ် နဲ့ São Tomé and Príncipe နိုင်ငံတို့ မှာလည်း ရုံးသုံးဘာသာစကားအဖြစ် သက်မှတ်ပြောဆိုကြပါသေးတယ်။
၈ ။ ရုရှား Russian --------------------- ကမ္ဘာပေါ်မှာလူပေါင်း ၁၄၄သန်းထက်မနည်း ရုရှားစကားကိုပြောဆိုကြပြီး ရုရှားနိုင်ငံရဲ့ ရုံးသုံးစကားဖြစ်ပါတယ်။ ရုရှားစကားပြောဆိုသူအရေအတွက် အများစုကတော့ ရုရှားနိုင်ငံတွင်းမှဖြစ်ပြီး ဘီလာရုစ်၊ ယူကရိန်းနဲ့ ကာဇက်စတန်တို့ မှာလည်း ကျယ်ပြန့် စွာပြောဆိုကြပါတယ်။ ရုရှားစာ အက္ခရာတွေကို Cyrillic လို့ ခေါ်ဆိုကြောင်း မှတ်သားရပါတယ်။
၉ ။ ဂျပန် Japanese ----------------------- ဂျပန်စကားကို ကမ္ဘာပေါ်မှာလူပေါင်း ၁၃၂သန်းပြောဆိုကြပါတယ်။ ဂျပန်နိုင်ငံရဲ့ ရုံးသုံး
https://www.facebook.com/photo.php?fbid=660607553972910&set=a.602914413075558.1073741828.602908709742795&type=1&theater
ကမ္ဘာပေါ်မှာ ဘယ်ဘာသာစကားတွေကို လူတွေအများဆုံးပြောဆိုကြသလဲ။
Reviewed by VC
on
October 23, 2013
Rating: 5
Reviewed by VC
on
October 23, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment