Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 22, 2013

ဝက်ခေါက်ကင်ထမင်းပေါင်း

ဝက်ခေါက်ကင်ထမင်းပေါင်း အတွက် ဝက်သားသုံးထပ်သားကို အမြှောင်းလိုက်လှီး၍ ရေစင်အောင်ဆေးပြီးလျှင် ဆား လက်ဘက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်း လက်ဘက်ရည်ဇွန်း ၁ ဇွန်း သုံးပုံ ၁ပုံခန့် ထည့်ပြီးနယ်ပါ။ပြီးလျှင် ရေမြုတ်ရုံထည့်ပြီး ရေကုန်သည်အထိပြုတ်ပါ။ထို့နောက် ဝက်သားသုံးထပ်သားများကို မီးအပူချိန် Oven ၁၈၀ ဒီဂရီထားပြီ ၂၀ မိနစ် (သို့) ၃၀ မိနစ်ခန့်ကင်ပေးပါ။ကင်နေစဉ်အတွင်း Oven ကိုမကြာခဏဖွင့်ကြည့်ပါ။ ဝက်ခေါက်များ ရွှေရောင်သန်းလာပြီး ပွ၍ကြွပ်တက်လာလျှင် ဝက်ခေါက်ကင်ရပါပြီ။ဝက်ခေါက်ကင်ကို ခဏအအေးခံပြီးမှ ထမင်းပေါင်းအတွက် ကြိုက်နှစ်သက်သလို ပါးပါးလှီးထားပါ။

ထမင်းပေါင်းလုပ်ရန်အတွက် ထမင်းကို ပေါင်းအိုးဖြင့် ပုံမှန်ထမင်းချက်သည့် အတိုင်းတည်ထားပါ။ ထမင်းပေါင်းအတွက် ကြိုက်နှစ်သက်ရာ အသီးအရွက်များကို အနေတော်အရွယ်လေးများလှီးကာ ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ။ ဒေါ်ပုကတော့ အသီးအရွက်တွေ အများကြီးမကြိုက်လို့ မှို၊ပန်းဂေါ်ဖီပွင့်၊ဂေါ်ဖီနှင့်ပဲသီး လေးမျိုးပဲထည့်ထားပါတယ်။ ကော်မှုန့် ထမင်းစားဇွန်း ၂ (သို့) ၃ ဇွန်းလောက်ကို အရေဖျော်ထားပါ။ ကြက်သွန်ဖြူနှင့်အနီကို ပါးပါးလှီးပြီး ဆီအနည်းငယ်ဖြင့် ဆီသတ်ပါ။ ကြက်သွန်များနွမ်းလာလျှင် ရေစစ်ထားသောအသီးအရွက်များကို ထည့်ပြီးမွှေပေးပါ။ ပြီးနောက် ဆား၊သကြား၊ခရုဆီ၊ပဲငံပြာအကြည်၊ငရုတ်ဆီ တို့ကို အနည်းငယ်ဆီ ထည့်ပြီးမွှေပေးပါ။ ကော်မှုန့်ကို အရည်ဖျော်ထားသော ကော်ရည်ကို လောင်းထည့်ပါ။ ကော်ရည်အပျစ်၊ အကျဲ ကို လိုအပ်သလို ပြန်ပြင်ယူပါ။ ထမင်းပေါင်းအတွက် အသီးအရွက်ကြော်ကို အပေါ့အငံမြည်းကြည့်၍ ပန်းကန်တခုထဲသို့ ထမင်းထည့်ပြီး အပေါ်မှ အသီးအရွက်ကြော်နှင့်ဝက်ခေါက်ကင်ထည့် ကာ ချိုမွှေးပြီး အရသာရှိသော ဝက်ခေါက်ကင်ထမင်းပေါင်းကို သခွါးသီး၊ဂေါ်ဖီ၊ကြက်သွန်နီ၊ငရုတ်သီးစိမ်း၊ငရုတ်ဆီ တို့ဖြင့် ရောနယ်ထားသောအချဉ်နှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်ရှင်။

No comments:

Post a Comment