Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 10, 2013

မယ်စကြ်ာဝဠာတွေ အမှုပွေတဲ့နှစ်


ဒီနှစ်ကတော့မယ်စကြာဝဠာတွေအမှုပွေတဲ့နှစ်လို့ ပြောရမယ်ထင်ပါရဲ့ ။မြန်မာပြည်က
မယ်စကြ်ာ ၀ဠာမိုးစက်ဝိုင် က မယ်ဘွဲ့ ရလို့ ပူပူနွေးနွေးရှိသေး၊ ပြဿနာတွေ နဲ့ ကြုံနေရသလို မနှစ်က ၂၀၁၂မယ်စကြ်ာဝဠာအဖြစ်ရွေးချယ်ခံရတဲ့  အမေရိကန်သူ အိုလီဗီယာကာလ်ပို လည်း တရားစွဲ ခံနေရပါတယ်။

မယ်စကြ်ာဝဠာအိုလီဗီယာကာလ်ပို ဟာ အိန္ဒိယက နာမည်ကျော်တာ့ဂ်ျမဟာ မှာခွင့်ပြုချက်မရပဲ ဖက်ရှင် ဓာတ်ပုံရိုက်ကူးမှုနဲ့ အမှုဖွင့်ခံထားရပါတယ်။သူနဲ့ သူ့ အဖွဲ့ ဟာအိန္ဒိယရဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဥပဒေကိုဖောက်ဖျက်မှုနဲ့ အမှုဖွင့်ထားခြင်းခံရ တာဖြစ်ပါတယ်။ အိန္ဒိယရှေးဟောင်းယဉ်ကျေးမှုစောင့်ကြည့်လေ့လာရေးဌာနရဲ့ ခွင့်ပြုချက်မရပဲ ဖိနပ်ကြေငြာကို တာဂ်ျ မဟာရှေ့ ကြေငြာရိုက်ကူးခဲ့ တာဖြစ်ပါတယ်။
အပြစ်ရှိကြောင်းတွေ့ ရှိရရင် ထောင်ဒဏ်၂ နှစ်၊ငွေဒဏ်ဒေါ်လာ ၁၆၀၀ပေးဆောင်ရပါမယ်။
မယ်စကြ်ာဝဠာကတော့ပြီးခဲ့တဲ့တနင်္ဂနွေနေ့ ကအိန္ဒိယကပြန်သွားတယ်လို့ သိရပါတယ်။
တာဂ်ျမဟာ ကို ၁၆၀၀ခုနှစ်ပတ်ဝန်းကျင်လောက် ဘုရင်ရှားဂျဟန်က သေဆုံးသွားတဲ့ သူ့ ရဲ့ တတိယမြောက် ဇနီးအတွက်အမှတ်တရဆောက်ခဲ့တာဖြစ်ပါတယ်။
the melting pot 4 u

(ကူးယူဖော်ပြပါက the melting pot 4 u မှကူးယူကြောင်းခရက်ဒစ်ပေးပါရန်မေတ္တာရပ်ခံပါသည်။)
Source
Photo :http://en.wikipedia.org/wiki/File:Taj_Mahal_2012.jpg

No comments:

Post a Comment