အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ နိုင်ငံရေး နှင့်
ပတ်သက်မှုမရှိတော့ဘဲ လက်ရှိအခြေအနေတွင် ၎င်းပါဝင်ပတ်သက်လိုလျှင်လည်း
လုပ်ကိုင်၍မရနိုင်တော့ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက
ပြောသည်။
““နိုင်ငံရေးနဲ့ပတ်သက်လို့ ရှိပါသလားဆိုတာ
ဗိုလ်ချုပ်မှူးကြီးသည် နိုင်ငံရေးနဲ့ပတ်သက်လို့ သူမရှိပါဘူး။ တကယ်လို့
စိတ်ထဲမှာရှိရင်လည်း လက်တွေ့ သူ လုပ်ဆောင်လို့မရပါဘူး”” ဟု
ဗိုလ်ချုပ်မှူးကြီးနှင့် မြန်မာနိုင်ငံရေး ဆက်စပ်နေမှုကို သူရဦးရွှေမန်းက
ဆိုသည်။
““ပြီးခဲ့တဲ့ ရက်အတွင်းကပေါ့ မိမိတို့ရဲ့
လူကြီးဟောင်းဖြစ်တဲ့၊ အကြီးအကဲဟောင်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမိသားစုကို
မိမိတို့ရဲ့ မိသားစုက သွားရောက်ဂါရ၀ပြုခဲ့တယ်။
အဲဒီလိုပြုတဲ့အခါမှာလူကြီးအနေနဲ့ ခုနကမေးတဲ့မေးခွန်းလို့ ယူဆပါတယ်။
စိုးရိမ်မှုတွေပူပန်မှုတွေရှိသလား။ ဒီနေ့ဖြစ်ပေါ်နေတဲ့
နိုင်ငံရေးနဲ့ပတ်သက်လို့ လူကြီးတစ်ယောက်အနေနဲ့ မူလကတည်းက
နိုင်ငံတော်နဲ့နိုင်ငံသားများအပေါ်မှာ စေတနာနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
သို့သော် အကျိုးရလဒ်ကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။ မိမိတို့
လေးစားတန်ဖိုးထားရမယ်။ အကျိုးရလဒ်ကို မိမိတို့ ကြိုက်ချင်မှကြိုက်မယ်။
ဒီအပေါ်မူတည်ပြီးတော့ သင်ခန်းစာယူပြီးတော့ ဆက်လက်ဆောင်ရွက်တဲ့နေရာမှာ
လူကြီးအနေနဲ့ မြန်မာနိုင်ငံရဲ့တိုးတက်ဖြစ်ပေါ်မှုကို ဘေးနေပြီးတော့
စိတ်ဝင်စားစွာ စောင့်ကြည့်နေတဲ့သဘောရှိပါတယ်။ မဖြစ်သင့်တာတွေ
မဖြစ်ပေါ်ဖို့အတွက်လည်း သူ့ဆီမှာ စိုးရိမ်နေမှုတွေရှိပါတယ်”” ဟု
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်သော တပ်မတော်အစိုးရလက်ထက်တွင်
နံပါတ်သုံးခေါင်းဆောင် တာဝန်ယူခဲ့သည့် ပြည်ထောင်စုလွှတ်တော် နာယက
သူရဦးရွှေမန်းက ပြောသည်။
ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်နေ့တွင်
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၏ မိသားစုသည် အကြီးအကဲဟောင်းဖြစ်သော
ဗိုလ်ချုပ်မှူးကြီး မိသားစုအား သွားရောက်ဂါရ၀ပြုရာတွင်
ယင်းသို့ပြောကြားခဲ့သည်ဟု သူရဦးရွှေမန်းက အောက်တိုဘာ ၂၄ ရက်၌
မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
၁၉၈၈
ခုနှစ်နောက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င်
တပ်မတော်အရာရှိကြီးများသည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု
တည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းကာ နိုင်ငံရေးအာဏာ ရယူခဲ့ပြီးနောက်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအမည်သို့
ပြောင်းလဲပြီး နိုင်ငံကို အုပ်ချုပ်ခဲ့သည်။ ယင်းနောက် ၂၀၀၈ ခုနှစ်
ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုကာ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပြီး
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင်
ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်ကြီးသိန်းစိန်
ဦးဆောင်သည့်အစိုးရသစ်အား အာဏာလွှဲပြောင်းပေးခဲ့သည်။
7Day Daily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, October 27, 2013
အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ နိုင်ငံရေးတွင် ပါဝင်ပတ်သက်၍မရတော့ဟု ဦးရွှေမန်းပြော
အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ နိုင်ငံရေးတွင် ပါဝင်ပတ်သက်၍မရတော့ဟု ဦးရွှေမန်းပြော
Reviewed by VC
on
October 27, 2013
Rating: 5
Reviewed by VC
on
October 27, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment