Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 17, 2013

ခရီးသည်တင် ဟိုင်းလတ်ယာဉ်တိမ်းမှောက်၍ လူ(၈)ဦးဒဏ်ရာရရှိ - ကျောက်တန်းမြို့နယ်၊


  • ရန်ကုန်၊ အောက်တိုဘာ ၁၇

    ၁၇.၁၀.၂၀၁၃ရက်နေ့ ၀၇၀၀အချိန်တွင် ကျောက်တန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကျောက်တန်းမြို့နယ်၊ မြိုင်သာယာ(၃)ရပ်ကွက်၊ ဂိတ်ဟောင်းမှတ်တိုင်နှင့် ပဲလှော်ဖိုမှတ်တိုင်ကြား ယာဉ်တိမ်းမှောက်မှု
    ဖြစ်ပွားကြောင်းသတင်းအရသွားရောက်စစ်ဆေးရာကျောက်တန်း-သန်လျင်
    ကားလမ်းမအတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်းကျော်ဇေယျာထွန်း၊ (ဘ)ဦးစိန်ဌေး၊ ဆင်ကန်ရပ်ကွက်၊ ကျောက်တန်းမြို့နယ်နေသူ
    မောင်းနှင်လာသည့် မထသယာဉ်လိုင်းအမှတ်(၁၈၁)၊ ယာဉ်အမှတ် 
    လ/----၊ ဟိုင်းလတ်အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်းသို့ တိမ်းမှောက်သွားခဲ့ပါသည်။

    အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ကျောက်တန်းမြို့နယ်နေသူများ
    ဖြစ်သည့် ယာဉ်နောက်လိုက် အောင်မျိုးဆွေ၊ (ဘ)ဦးသောင်းရွှေတွင် ခါးနာကျင်ဒဏ်ရာ၊ ဒေါ်ဝင်းဆွေ၊ (ဘ)ဦးလှအောင်တွင် ဦးခေါင်းနာကျင်
    ဒဏ်ရာနှင့် သန်လျင်မြို့နယ်နေသူများဖြစ်သည့်ဒေါ်နန္ဒသိင်္ဂီ(ခ)
    ဒေါ်နိုင်နိုင်ဝင်း၊ (ဘ)ဦးစိုးမောင်တွင် ဦးခေါင်းဝဲဘက် သွေးထွက်ဒဏ်ရာ၊
    ဒေါ်ရှုပ၀တီ(ခ)ဒေါ်စောလှရီ၊ (ဘ)ဦးထွန်းတင်တွင် ဦးခေါင်းထိပ်
    သွေးစို့ဒဏ်ရာ၊ ယာလက်ခုံသွေးထွက်ဒဏ်ရာ၊ ယာလက်ဖျံ ဖူးယောင်ဒဏ်ရာနှင့် ၀မ်းဗိုက်နာကျင်ဒဏ်ရာ၊ ဒေါ်စန္ဒာစာရီ(ခ)
    ဒေါ်ကြည်ရွှေ၊ (ဘ)ဦးအောင်မြင့်တွင် ဦးခေါင်းနောက်စေ့
    ဖူးယောင်ဒဏ်ရာ၊ ဒေါ်ယုဝတီ(ခ)ဒေါ်ခင်ထွေးရီ၊ (ဘ)ဦးထွန်းတင်တွင် ယာလက် မောင်းနာကျင်ဒဏ်ရာ၊ ၀ဲတံတောင်ပွန်းဒဏ်ရာ၊ ဒေါ်ယုစာရီ(ခ)
    ဒေါ်ဌေး၊ (ဘ)ဦးသိန်းမောင်တွင် ဦးခေါင်နောက်စေ့နာကျင်ဒဏ်ရာ၊
    ဒေါ်ခင်ပြုံစီ၊ (ဘ)ဦးတင်မောင်တွင် ဦးခေါင်းနောက်စေ့သွေးထွက်
    ဒဏ်ရာသို့ အသီးသီးရရှိခဲ့သဖြင့် ကျောက်တန်းမြို့နယ်ဆေးရုံ
    တွင် ပြင်ပလူနာ (မစိုးရိမ်ရ)အဖြစ် ဆေးကုသမှုခံယူနေရသောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ကျော်ဇေယျာထွန်းအား ကျောက်တန်း
    မြို့မရဲစခန်းယာဉ်(ပ)၃၀/၂၀၁၃၊ ပုဒ်မ ၂၇၉/၃၃၇ဖြင့် အရေးယူ
    ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment