Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 11, 2013

ပြင်ဦးလွင်မှာမော်ဒယ်ရှိုးလျှောက်ရမည်ဆိုပြီး ကာမစပ်ယှက်ရန်အတွက်ရည်ရွယ် လိမ်ခေါ်သူ ရဲကဖမ်းဖို့ ဆောင်ရွက်နေ


ရန်ကုန်၊ အောက်တိုဘာ ၁၀
၎.၁၀.၂၀၁၃ရက်နေ့ ၁၀၀၀အချိန် ဒဂုံမြို့နယ်နေ မ-----နှင့် သူငယ်ချင်းဖြစ်သူ မ------- တို့သည် ရွှေတိဂုံစေတီတော်တောင်ဘက်စောင်းတန်းတွင် ရှိနေစဉ် မနီနီအောင်(ခ)မမိဖြူ၊ ဗဟန်းမြို့နယ်နေသူမှ ပြင်ဦးလွင်မြို့ရှိ စားသောက်ဆိုင်တွင်မော်ဒယ်ရှိုးလျှောက်ရမည်၊ ငွေများများရမည်၊ လုပ်မည်ဆိုလျှင် ဆက်သွယ်ပေးမည်ဟုပြောသဖြင့် လုပ်မည်ဟုပြောဆိုခဲ့ကြောင်း၊ ၅.၁၀.၂၀၁၃ရက်နေ့ ၁၃၀၀အချိန် မနီနီအောင်နှင့်အတူ မယုဇန၊ မသက်တို့ရောက်ရှိလာပြီး တွေ့ဆုံခဲ့ကြောင်း ၆.၁၀.၂၀၁၃ရက်နေ့ ၁၈၀၀ အချိန်တွင် မယုဇန၊ မသက်တို့နှင့်အတူ မ------နှင့် မ------တို့သည် ပြင်ဦးလွင်မြို့သို့ထွက်ခွါခဲ့ရာ ၇.၁၀.၂၀၁၃ ရက်နေ့ နံနက်တွင် ပြင်ဦးလွင်မြို့ရှိ နေအိမ်တစ်အိမ်သို့ရောက်ရှိခဲ့ကြကြောင်း
သိရှိရပါသည်။
မ------နှင့် မ------တို့သည် အဆိုပါနေအိမ်ရှိ အမျိုးသမီး (၇)ဦးခန့်အနက်မှ နှစ်ဦးနှင့်အလုပ်အကြောင်း ပြောဆိုစဉ်မော်ဒယ်ရှိုးလျှောက်သည့် လုပ်ငန်းအပြင် မကောင်းသည့် လုပ်ငန်းများကိုလည်း လုပ်ကိုင် ရကြောင်း ပြောပြသိရှိရသဖြင့် မ-----နှင့် မ-----တို့ (၂)ဦးမှာ ၇.၁၀.၂၀၁၃ရက်နေ့တွင်ပင် ရန်ကုန်မြို့သို့
ပြန်လည်ထွက်ပြေးလာခဲ့ပြီး ကာမစပ်ယှက်ရန် ရည်ရွယ်၍ အကျင့်ဖျက်ဆီးခြင်းခံရမည်ကိုသိလျက်နှင့် သွေးဆောင်စည်းရုံး ပို့ဆောင်ပေးခဲ့သူ မနီနီအောင်ပါ (၃)ဦးအား အရေးယူပေးပါရန် တိုင်တန်းသဖြင့် ဒဂုံမြို့မရဲစခန်း(ပ)၂၂၂/၂၀၁၃၊ ပုဒ်မ ၃၆၆/၁၁၄ဖြင့် အမှုဖွင့်ကာ မနီနီအောင်အား ဖမ်းဆီးစစ်ဆေးလျက် ရှိပြီး မယုဇနနှင့် မသက်တို့အား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
By Yangon Police

No comments:

Post a Comment