CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, October 26, 2013
ကျင်ငယ်ရည်သောက်ကာ သက်ရှည်ကျန်းမာနေခြင်းမှာ အင်တာနက်မှ ရသောနည်းဟုဆိုသူ
အသက် ၉၁နှစ်အရွယ် မာ့ခ်အမ်ဘရော့စ်ဆိုသည့် အဘိုးအိုက သူ ယခုအချိန်အထိ သက်ရှည် ကျန်းမာနေခြင်းမှာ နေ့စဉ် သူ့ကျင်ငယ်ရေကို ပုံမှန်ပြန်သောက်ခြင်းကြောင့်ဖြစ်ကြောင်း Mail Online တွင် ဖွင့်ချပြောဆိုခဲ့သည်။
တစ်ချိန်က လူထုဆက်ဆံရေး ဒါရိုက်တာ တစ်ဦးဖြစ်ခဲ့သူ မာအမ်ဘရော့သည် သူ၏ ကြောရောနာ ကျင်သည့်ဝေဒနာ အတွက် ကျင်ငယ် ကုထုံးကို လွန်ခဲ့သည့် သုံးနှစ်က စတင် အသုံးပြုပြီးနောက်ပိုင်း လက်ရှိ အသက် အရွယ်ထက် ၁၀ နှစ်မျှ ပိုမိုနုပျိုလာပြီး ပေါ့ပါးသွက်လက် လာခဲ့ကြောင်း အတိအလင်း ဆိုသည်။ သူသည် တစ်ချိန်က အသက်အရွယ်အရ အခြားသော ရောဂါများကြောင့် ဗြိတိန်တွင် သုံးကြိမ်တိတိ ခွဲစိတ်ကုသမှုခံခဲ့သော်လည်း ကြောရောအောင့်သည့် ဝေဒနာအတွက်မူ
မည်သည့် ကုသမှုကမှ မအောင်မြင် နိုင်ခဲ့၍ ဆရာဝန်များကိုယ်တိုင် လက်မြှောက်ထားခဲ့ရသည်ဟု ဆိုသည်။
ထိုအခါ မာ့ခ်က အင်တာနက်တွင် ကြောရိုးအောင့်သက်သာ ပျောက်ကင်းစေသော နည်းလမ်းများကို ရှာဖွေလေ့ လာခဲ့ရာ နောက်ဆုံးတွင် ငယ်ရွယ်နုပျိုရေးဆိုင်ကာ ၀က်ဘ်ဆိုဒ်တစ်ခုတွင် ကျင်ငယ်ကုထုံးကို စတင်တွေ့ရှိခဲ့သည်။
စတင်ကျင့်သုံးစဉ်က တစ်နေ့ မည်မျှ သောက်ရမည်ကို ရှာဖွေမရသလို စက်ဆုပ်ရွံ့ရှာမှုလည်း ရှိခဲ့ကြောင်း၊ နောက်ပိုင်းတွင်ရှေးဟောင်း Bible တွင်သာမက တရုတ်နှင့် အိန္ဒိယတို့မှ သမိုင်းအထောက်အထားတွင် ကျင်ငယ်ရည်၏အကျိုးကျေးဇူးကြောင့် ရောဂါပျောက်ကင်းခဲ့သူများ အကြောင်း ဖက်ရသည့်အခါ တစ်နေ့လျှင် ခွက်ငယ် တစ်ခွက်စာသောက်ဖြစ်ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။
ကျင်ငယ်ရည်တွင် ရေ ၉၅ ရာခိုင်နှုန်း၊ ပရိုတင်း၊ ဗီတာမင်နှင့် သတ္ထုဓာတ် ကဲ့သို့သော အဟာရ ၅ ရာခိုင်နှုန်းနှင့် စတက်ရိုင်းလ်များစွာပါသည်ဟုရှေးဟောင်း Bible တွင် ပါရှိသည်ဟု သူက အခိုင်အမာ ညွှန်းထားသည်။
အထွေထွေရောဂါကု ဆရာဝန်တစ်ဦးဖြစ်သူ ရော့ဘ်ဟစ်က လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက အချို့သော သူများသည် ကိုယ့်ကျင်ရည်ငယ်ကိုပြန်သုံးခြင်းဖြင့် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ ရရှိသည်ဟု အခိုင်အမာ ယုံကြည်ထားသူ များစွာရှိကြောင်း၊ သို့သော်လည်း တိကျသော
သိပ္ပံနည်းကျ အထောက်အထားများ မရှိသဖြင့် သတိပြု ဆင်ခြင်သင့်ကြောင်း ပြောကြားထားသည်။
လက်ရှိ အချိန်တွင် မာ့ခ်သည် အသက် ၈၇ အရွယ် ဂျိုက်စ်ဟူသော အဘွားအိုနှင့် အတူနေ ပျော်ရွှင်ကျန်းမာသော ဘ၀ကို ဖြတ်သန်းလျှက်ရှိသည်။
Ref: Mail Online
The Myanma Age
ကျင်ငယ်ရည်သောက်ကာ သက်ရှည်ကျန်းမာနေခြင်းမှာ အင်တာနက်မှ ရသောနည်းဟုဆိုသူ
Reviewed by VC
on
October 26, 2013
Rating: 5
Reviewed by VC
on
October 26, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment