ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ ဇာတ်ဝင်သီချင်းတွေကို
တေးသံရှင် ရိန်မိုးနဲ့အတူ နှစ်ယောက်တွဲ ပြန်လည် သီဆိုထာသော
ဖန်ဆင်းရှင်စီးရီးကို နိုဝင်ဘာလ အတွင်း ဖြန့်ချိမယ်လို့ သရုပ်ဆောင်နေတိုးက The Voice ကို ပြောပါတယ်။
ဖန်ဆင်းရှင် စီးရီးမှာက သီချင်း ၁၂ ပုဒ် ပါဝင်မှာ ဖြစ်ပြီး တစ်ဦးကို
ငါးပုဒ်စီနဲ့ စုံတွဲသီချင်း နှစ်ပုဒ်ပါဝင်ကြောင်း၊ သီချင်းများကို တေးရေး
ဖိုးတု၊ ကေလတ်မိုး၊ ညီမင်းခိုင်၊ မရမ်းသီးတို့က ရေးသားပေးထားပြီး Pop၊
Rocke နှင့် Slow Rock သီချင်းများ ဖြစ်ကြောင်း၊ လက်ရှိမှာ စီးရီးကို
Mixing ဆွဲနေပြီး အမြန်ဆုံး ထွက်ရှိနိုင်အောင် ကြိုးစားနေကြောင်း နေတိုးက
ထပ်လောင်း ပြောကြားပါတယ်။
“ဇာတ်ဝင်သီချင်းအဖြစ် အသုံးပြုဖို့
အတွက်ကျတော့ ဇာတ်လမ်းပုံစံနဲ့ ဇာတ်ကောင်ရဲ့ Mood ကို ကျွန်တော်က
တေးရေးဆရာတွေထက်ပိုပြီး နားလည်တဲ့အတွက် လိုချင်တဲ့ သီချင်းပုံစံကို
ပြောပြပြီး ရေးခိုင်းတဲ့အခါတွေ ရှိတယ်။ ဒါကလည်း ဇာတ်ကားတိုင်းတော့
မဟုတ်ပါဘူး။ ကျွန်တော့်စိတ်ထဲမှာ ဇာတ်ကားနဲ့ ပတ်သက်ပြီး Music ပုံစံတစ်ခုခု
စဉ်းစားမိတဲ့အခါမှ သာပြောပြတာပါ။ ကျွန်တော့်စိတ်ထဲမှာ ဘာမှစဉ်းစားလို့
မထွက်တဲ့အခါ ကျရင်တော့ တေးရေးဆရာတွေ စိတ်ကြိုက် ရေးခိုင်းပါတယ်” လို့
သူကပြောပါတယ်။
လတ်တလော အနုပညာ လှုပ်ရှားမှု အနေနဲ့ကတော့ ဒါရိုက်တာ
ညီညီထွန်းလွင်၊ သရုပ်ဆောင် အိချောပိုတို့နဲ့ ဗီဒီယိုတစ်ကား ရိုက်ဖို့
ရှိသလို၊ ဒါရိုက်တာဝိုင်း ရိုက်ကူးပြီး စိုင်းစိုင်းခမ်းလှိုင်၊ ဖွေးဖွေး
တို့လည်း ပါဝင်မယ့် ကျူးပစ်ရဲ့ကျေးကျွန်များ ရုပ်ရှင်ဇာတ်ကားမှာ
အချစ်ကြောင့် ဒုက္ခရောက် ရတဲ့သူနေရာက သရုပ်ဆောင်ဖို့ ရှိတယ်လို့ နေတိုးက
ပြောပါတယ်။
The Voice Weekly
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, October 24, 2013
ဖန်ဆင်းရှင်စီးရီး နိုဝင်ဘာလအတွင်း ထွက်မည်ဟု နေတိုးဆို
ဖန်ဆင်းရှင်စီးရီး နိုဝင်ဘာလအတွင်း ထွက်မည်ဟု နေတိုးဆို
Reviewed by VC
on
October 24, 2013
Rating: 5
Reviewed by VC
on
October 24, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment