Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 10, 2013

မော်ဒယ်ဆို ပိန်မှလို့ ပြောတဲ့လူတွေကို မုန်းတဲ့ မင်းသမီး

မော်ဒယ်လ် တစ်ဦးအတွက် အလွန်တရာ ပိန်လှီနေရန် လိုအပ်သည် ဆိုသည့် ခပ်ကြောင်ကြောင် အတွေး အခေါ်မျိုးကို သူမ ရွံမုန်းမိကြောင်း ရိုစီဟတ်တင်ဂမ် ဝှစ်တလီက ဖွင့်ဟ ပြောကြားခဲ့သည်။ Victoria's Secret၏ လက်ရွေးစင် နတ်မိမယ် စာရင်းဝင် တစ်ဦးအဖြစ် ရပ်တည်နေသည့် ဗြိတိန်သူ ကမ္ဘာကျော် မော်ဒယ်လ်က သူမ၏ ငယ်ဘဝက ကြုံတွေ့ခဲ့သည့် မော်ဒယ်လ် အေးဂျင့်များ၏ အကြံပေးမှုများ အကြောင်းကို Guardianသို့ ထုတ်ဖော် ပြောဆိုခဲ့သည်။ သူမအသက် (၁၅)နှစ် အရွယ်တွင် အေးဂျင့် တစ်ဦးထံမှ ကြားမိခဲ့သည့် ဆိုးရွားသော အကြံပေးမှု တစ်ခုအကြောင်း ရိုစီက အမှတ်တရ ဆိုသည်။ "ကျွန်မ ဝိတ်လျှော့ဖို့အတွက် တစ်နေ့ကို ဆူရှီ တစ်လိပ်ပဲစားပြီး အငတ်ခံနေရမယ်လို့ အဲဒီအေးဂျင့်က ပြောတယ်"ဟု အသက်(၂၆)နှစ် ရှိပြီဖြစ်သော ရိုစီက ပြောဆိုခဲ့သည်။
သူမက အဆိုပါ အေးဂျင့်အား "ကိုယ့်ဖာသာ သွားသေလိုက်"ဟု ခပ်ရင့်ရင့် တုံ့ပြန်ခဲ့ကြောင်းလည်း ရိုစီက ဆိုသည်။ ရိုစီက သူမအနေဖြင့် မော်ဒယ်လ်ဘဝတွင် ဆယ်စုနှစ် တစ်ခုကျော် မျှ ဖြတ်သန်းပြီးချိန်၌ ကောင်းမွန်သော အပြောင်းအလဲများကို တွေ့မြင်နေ ရခြင်းအတွက် ကျေနပ် မိကြောင်း လ ည်း ဝန်ခံခဲ့သည်။ "ခုချိန်မှာ မော်ဒယ်လ်တွေအတွက် ပိုပြီးစစ်မှန်တဲ့ လက်တွေ့ဘဝ ကို တောင်းဆိုမှုတွေ ရှိလာပြီ။ မော်ဒယ်လ်တွေ ဘာလုပ်နေတယ် ဆိုတာကို လူတိုင်းက သိချင်တယ်။ မီဒီယာတွေနဲ့ ပိုပြီးထိတွေ့ဖြစ် လာတယ်။ အရင်ကလို ရှုထောင့် တစ်ခုတည်းကနေ ကြည့်နေဖို့ မလိုတော့ဘူး။ စူပါမော်ဒယ်လ် တစ်ယောက်ဟာ ပိုပြီး စမတ်ကျဖို့တော့ လိုလာတယ်။ ဒါပေမဲ့ သူ့ရဲ့ ကိုယ်ပိုင် အမြင်၊ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကလည်း အရေးပါလာတယ်လေ"ဟု ရိုစီက သုံးသပ်သွားခဲ့သည်။

No comments:

Post a Comment