CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, October 17, 2013
လာအို ခရီးသည်တင်လေယာဉ် ပျက်ကျမှု လိုက်ပါလာသူအားလုံး သေဆုံး
ဗုဒ္ဓဟူးနေ့က ခရီးသည်နှင့် အမှုထမ်း စုစုပေါင်း (၄၉)ဦး လိုက်ပါလာသော လေယာဉ်သည် ဆင်းသက်ရန် ကြိုးစားစဉ် ပျက်ကျခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
လာအိုနိုင်ငံတွင် ခရီးသည်တင် လေယာဉ်တစ်စင်း ရာသီဥတု ဆိုးရွားမှုကြောင့် ပျက်ကျသွားပြီး လိုက်ပါလာသူအားလုံး သေဆုံးသွားပြီဟု ယူဆရကြောင်း သိရှိရသည်။ ဗုဒ္ဓဟူးနေ့က ခရီးသည်နှင့် အမှုထမ်း စုစုပေါင်း (၄၉)ဦး လိုက်ပါလာသော လေယာဉ်သည် ဆင်းသက်ရန် ကြိုးစားစဉ် ပျက်ကျခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ လာအိုလေကြောင်းပိုင် လေယာဉ်သည် မြို့တော် ဗီယန်တီအာနီမှ ပျံသန်းလာပြီးနောက် ပက်ခ်ဆီ အနီးတွင် ဆင်းသက်ရန် ချဉ်းကပ်လာစဉ် မဲခေါင်မြစ်ထဲ ပျက်ကျသွားခဲ့သည်။ ခရီးသည် (၄၄)ဦးနှင့် အမှုထမ်း (၅)ဦးတို့၏ ကံကြမ္မာသည် မျှော်လင့်ချက် မရှိနိုင်တော့ဟု ကယ်ဆယ်ရေးများက ဝန်ခံ ပြောကြားခဲ့သည်။
မဲခေါင်မြစ်ထဲတွင် လေယာဉ်ပျက်၏ အစိတ်အပိုင်းများကို ကြာသပတေးနေ့၌ စတင်ရှာဖွေ တွေ့ရှိခဲ့ပြီး ဆယ်ယူမှုများ ပြုလုပ်လျှက် ရှိသည်။ လေယာဉ်ပေါ်တွင် လိုက်ပါလာသူများမှာ ပြင်သစ်၊ ဩစတြေးလျ၊ ထိုင်း၊ ဗီယက်စ်နမ်၊ ကနေဒါ၊ တရုတ်၊ မလေးရှား၊ ထိုင်ဝမ်နှင့် အမေရိကန်တို့မှဖြစ်ပြီး လာအိုနိုင်ငံသား (၁၇)ဦးလည်း ပါဝင်ကြောင်း သိရှိရသည်။ "ပက်ခ်ဆီ လေဆိပ်မှာ ဆင်းမလို့ အပြင်မှာ ရာသီဥတု ဆိုးရွားလွန်းတာကြောင့် လေယာဉ်က မြစ်ထဲ ထိုးဆင်း ပျက်ကျသွားတာပါ။ ကြည့်ရတာ အရမ်းအားပြင်းတဲ့ လေတိုက်ခတ်မှု တစ်ခုနဲ့ ကြုံလိုက်ပုံပဲ။ ခေါင်းက စိုက်ဆင်းပြီး လေဆိပ်နဲ့ လွဲချော်သွားပါတယ်"ဟု လာအို ပြည်သူ့ လုပ်အားနှင့် ပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
အစိုးရပိုင် လာအိုသတင်းအေဂျင်စီက မျက်မြင်များ၏ အဆိုကို ကိုးကားပြီး လေတိုက်ခတ်မှု အရှိန်အဟုန် အလွန်ပြင်းထန်သဖြင့် လေယာဉ်အဆင်းတွင် လွဲချော်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် တိုင်ဖွန်းမုန်တိုင်း နာရ်အီသည်လည်း ယခုလေယာဉ် ပျက်ကျမှုနှင့် ဆက်နွယ်နိုင်ကြောင်း ခန့်မှန်းမှုများ ရှိနေသည်။ မြစ်ထဲတွင် အလောင်းအချို့ကို စတင်တွေ့ရှိနေပြီးနောက် ကယ်ဆယ်ရေးများက ယင်းတို့ကို ဒေသခံ ဆေးရုံတစ်ခုသို့ ပို့ဆောင်နေကြောင်းလည်း သတင်းများက ဆိုသည်။ ပျက်ကျသော လေယာဉ်သည် ATR 72-600 အင်ဂျင်နှစ်လုံးတပ် အမျိုးအစားဖြစ်ကြောင်းလည်း သိရှိရသည်။ လာအိုလေကြောင်းလိုင်းသည် သေးငယ်သော ကုမ္ပဏီလေး တစ်ခုဖြစ်ပြီး လေယာဉ် (၁၄)စင်းမျှသာ ပိုင်ဆိုင်ထားကာ ပြည်တွင်း ပို့ဆောင်ရေးကိုသာ အဓိက တာဝန်ယူပြီး ထိုင်းနှင့် တရုတ်တို့ကဲ့သို့ ဒေသတွင်း နိုင်ငံအချို့သို့လည်း ပြေးဆွဲ ပျံသန်းလျှက်ရှိသည်။
From: Planet Myanmar Network
လာအို ခရီးသည်တင်လေယာဉ် ပျက်ကျမှု လိုက်ပါလာသူအားလုံး သေဆုံး
Reviewed by VC
on
October 17, 2013
Rating: 5
Reviewed by VC
on
October 17, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment