Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 31, 2013

ပုပ်ရဟန်းမင်းကြီး၏ ချစ်စရာကောင်းသော ဒုက္ခ


Thursday, October 31, 2013

ငယ်ရွယ်သေးသည့် ကလေးငယ်သည် လူအများ ခန့်ညားလေးစားရသည့် သာသနာပိုင် ပုဂ္ဂိုလ်ကြီးကို တစ်စက်ကလေးမှ မကြောက်ရွံ့ဘဲ ရွှင်မြူးစွာ ပွေ့ဖက်ခဲ့ရာ ရဟန်းမင်းကြီးက ၎င်း၏ခေါင်းကို အသာပုတ်၍ နှုတ်ဆက်ခဲ့

ပုပ်ရဟန်းမင်းဆိုသော ပုဂ္ဂိုလ်ထူးအတွက် ၎င်းဟောပြောနေစဉ် နှောင့်ယှက်ဝံ့သူ တစ်ဦးဦးနှင့် ကြုံတွေ့ရန် ခက်ခဲလွန်းပေမည်။ သို့သော်လည်း ပုပ်ဖရန်ဆစ်ခမျာ လူပေါင်း ထောင်နှင့်သောင်းနှင့်ချီရှေ့ ဟောပြောနေစဉ် စင်ပေါ်တက်၍ အမှန်တကယ် နှောင့်ယှက်သူ တစ်ဦးကြောင့် မချိသွားဖြဲ အဖြစ်မျိုး ကြုံခဲ့ရသည်။ ဗာတီကန်တွင် လာရောက်ဝတ်ပြုသူ အများအပြားကို ရဟန်းမင်းကြီးက တည်ငြိမ်အေးချမ်းစွာ ဟောပြောနေစဉ် ချစ်စဖွယ် ကလေးငယ် တစ်ဦးက ရဟန်းမင်းကြီးကို စင်ပေါ်တွင် ပြေးဖက်ခဲ့သည်။ ငယ်ရွယ်သေးသည့် ကလေးငယ်သည် လူအများ ခန့်ညားလေးစားရသည့် သာသနာပိုင် ပုဂ္ဂိုလ်ကြီးကို တစ်စက်ကလေးမှ မကြောက်ရွံ့ဘဲ ရွှင်မြူးစွာ ပွေ့ဖက်ခဲ့ရာ ရဟန်းမင်းကြီးက ၎င်း၏ခေါင်းကို အသာပုတ်၍ နှုတ်ဆက်ခဲ့သည်။

အဝါရောင်အင်္ကျီ ဝတ်ထားသည့် လူငယ်လေးသည် တရားဟော စင်မြင့်ရှေ့တွင် ထိုင်နေသည့် အခြားကလေးငယ်များနှင့် မရောနှောဘဲ ရဟန်းမင်းကြီး နံဘေးတွင်သာ ရှိနေသည်။ ရဟန်းမင်းကြီးက ရှေ့ဆက်ပြီး ၎င်း၏ ဆုံးမဩဝါဒ ဟောပြောမှုများ ပြုလုပ်နေချိန်တွင်လည်း ကလေးငယ်သည် စင်မြင့်ရှေ့ရှိ အလွန်များပြားသော လူအုပ်ကြီးကို လုံးဝ ရှိန်မနေဘဲ စင်ပေါ်လှည့်လည် သွားလာနေခဲ့သည်။ ကလေးငယ်သည် ရဟန်းမင်းကြီး ၎င်း၏ ထိုင်ခုံပေါ် ရှိနေချိန်တွင်လည်း လည်ပင်း၌ ဆွဲထားသော ခရစ်ယာန် ဘာသာရေး အထိမ်းအမှတ် လက်ဝါးကပ်တိုင်ကို ဆွဲယူနမ်းရှုပ်ခဲ့သေးသည်။ ကလေးငယ်ကို ဗာတီကန် လုံခြုံရေး ဝန်ထမ်းများက စင်ပေါ်မှ ခေါ်ချရန် ပြင်ဆင်ရာတွင်လည်း ၎င်းက ငြင်းဆိုခဲ့သည်။

ထို့နောက် ပုပ်က ကလေးကို စိတ်တိုင်းကျ စင်ပေါ်တွင် နေခွင့်ပေးရာ ပျော်ရွှင်စွာဖြင့် လှည့်လည်နေခဲ့ခြင်း ဖြစ်သည်။ ပုပ်အနေဖြင့် ဟောပြောမှု ပြုလုပ်နေစဉ်တွင်လည်း ကလေးငယ်က နောက်ဘက်မှ သိုင်းဖက်ခဲ့သေးသည်။ အလွန်ရဲတင်းသော ကလေးငယ်သည် စင်ပေါ်တက်၍ ပုပ်ကို ဂါရဝပြုခွင့်ရသော မိသားစု တစ်ခုမှ မိန်းကလေးငယ် တစ်ဦးကိုပင် လက်ဆွဲကာ ပုပ်အနီးသို့ ခေါ်ဆောင်ကာ ရဟန်းမင်းကြီးနှင့် မိတ်ဆက်ပေးခဲ့သည်။ ပုပ်သည် ဟောပြောမှုအတွင်း ထိုကလေးငယ်ကြောင့် အတန်ငယ် အနှောင့်အယှက် ဖြစ်ခဲ့သော်လည်း သဘောတကျ ရှိနေခဲ့ကြောင်းလည်း တွေ့ရသည်။

Planet Myanmar Network

No comments:

Post a Comment