CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, October 7, 2013
စက်ရုပ်စားသောက်ဆိုင်
တရုတ်ပြည်က စားသောက်ဆိုင်တခုရဲ့ ထူးထူးခြားခြားဧည့်သည်ကိုဆွဲဆောင်မှုကတော့ ချက်ပြုတ်တဲ့နေရာ၊စားပွဲထိုး၊ဧည့်ကြိုအားလုံးကို စက်ရုပ်တွေနဲ့ လုပ်ဆောင်ထားခိုင်းတာပါပဲ။ အဲဒီစက်ရုပ်စားသောက်ဆိုင်မှာ လုပ်ငန်းဆောင်တာအမျိုးမျိုးလုပ်ဆောင်ဖို့  စက်ရုပ်အမျိုးကွဲ ၁၈မျိုးရှိပါတယ်။
စက်ရုပ်စားသောက်ဆိုင်မှာညစာသွားစားမယ်ဆိုရင် တံခါးဝမှာ ဧည့်ကြိုစက်ရုပ်ရဲ့  "ဟယ်လို၊စက်ရုပ် စားသောက်ဆိုင်ကကြိုဆိုပါတယ်"ဆိုတဲ့ စက်ရုပ်လေယူလေသိမ်းနဲ့ နုတ် ဆက်ခြင်းကို ခံရမှာပါ။ လူသားစားပွဲထိုးက မှာတဲ့ဟင်းပွဲတွေကိုလက်ခံပြီးနောက်မှာ မီးဖိုချောင်ထဲက စက်ရုပ်တွေ ချက်ပြုတ်ကြပါတော့တယ်။ ပေါက်စီကျွမ်းကျင်တဲ့စက်ရုပ် ၊ခေါက်ဆွဲကြော်ကျွမ်းကျင်တဲ့စက်ရုပ် စသဖြင့်ရှိပြီး မှာ တဲ့ဟင်းအမျိုးအမည်တွေအချိန်မှီရဖို့ စက်ရုပ်စားဖို မှူးတယောက်လည်းရှိ တယ်လို့ ဆိုပါတယ်။
ချက်ပြုတ်ပြီးတာနဲ့ တပြိုင်နက် စက်ရုပ်စားပွဲထိုးတယောက်က ဟင်းတွေကို ဧည့်သည်တွေဆီ သယ်သွားပါတယ်။ဧည့်သည်တွေကိုဖျော်ဖြေဖို့ သီချင်းဆိုတဲ့စက်ရုပ်လည်းရှိတယ်လို့ သိရပါတယ်။
ဒီစက်ရုပ်စားသောက်ဆိုင်ဖွင့်ဖို့ အတွက် ယွမ်ငါးသန်း(ဒေါ်လာ ၈သိန်း)လောက်ကုန်ကျတယ်လို့ ဆိုပါတယ်။
အဲဒီစားသောက်ဆိုင်မှာ ညစာအတွက်ယူတဲ့ဈေးနှုန်းက ၆ဒေါ်လာကနေ ၁၀ဒေါ်လာလောက်ကျတာ မို့ မကိုက်ပါဘူး။ဒါပေမယ့်စက်ရုပ်ကုမဏီအတွက်ကတော့ သူတို့ ဘာလုပ်နိုင်တယ် ဆိုတာလူတွေ ကိုကြေငြာပြီး သားဖြစ်သွားတာပါပဲ။
the melting pot 4 u
စက်ရုပ်စားသောက်ဆိုင်
Reviewed by VC
on
October 07, 2013
Rating: 5
Reviewed by VC
on
October 07, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment